Advertisement

အချိန်အတိအကျ စီစဉ်တတ်ဖို့ လိုပါတယ်။ ဒီအချက်က မင်္ဂလာပွဲ တစ်ခုလုံး ကောင်းမွန် ချောချောမွေ့မွေ့ ပြီးမြောက်နိုင်ဖို့ အရေးကြီးတဲ့ အချက်ပါ။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ကိစ္စတွေ စီစဉ်ရတဲ့အခါ လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်ကြတာ လူတိုင်းပါပဲ။ စိတ်ဖိစီးမှုတွေလည်း အနည်းနဲ့အများ ကြုံရမှာ သေချာပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာပွဲမှာ ပြုံးပြုံးရွှင်ရွှင် ဖြစ်ဖို့ဆိုတာ စိတ်ဖိစီးမှုတွေ နည်းနေမှ ဖြစ်မှာပါ။ စိတ်ဖိစီးမှုတွေ နည်းအောင် လုပ်လို့ရမယ့် နည်းလမ်းတွေ ရှိပါတယ်။

စိတ်ဖိစီးမှု နည်းရအောင် (photo: www.wedamor.com/)

အချိန်

စိတ်ဖိစီးမှု သက်သာစေဖို့ဆိုတာ မင်္ဂလာပွဲ စီစဉ်စရာ ရှိတာတွေကို အချိန်အတိအကျ စီစဉ်တတ်ဖို့ လိုပါတယ်။ ဒီအချက်က မင်္ဂလာပွဲ တစ်ခုလုံး ကောင်းမွန် ချောချောမွေ့မွေ့ ပြီးမြောက်နိုင်ဖို့ အရေးကြီးတဲ့ အချက်ပါ။ ပန်းအပြင်အဆင်၊ ဝတ်စုံ စတာတွေ သတ်မှတ်ချိန်အတွင်း ရမှ စိတ်ဖိစီးမှု နည်းမှာပါ။ သေချာလေး စီစဉ်ပါ။ အကယ်လို့ အဆင်မပြေတာတွေ ရှိလာရင်လည်း ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတာ ကြိုတင်ပြီး စဉ်းစားထားပါနော်။

အနားယူပါ

အနားယူပါ (photo: /www.matrimonio.com/)

အထူးသဖြင့် သတို့သမီးလေးတွေက မင်္ဂလာပွဲ အတွက် အဆင်မပြေမှာ စိုးရိမ်သောက များတတ်ကြပါတယ်။ အဲ့တော့ မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်နေတဲ့ ကာလ တစ်လျှောက်လုံး  ခေါင်းထဲမှာ  အမြဲတမ်းပဲ မင်္ဂလာပွဲအကြောင်းကို တွေးတောနေတတ်ပါတယ်။ တစ်ခါတစ်ရံတော့ မင်္ဂလာပွဲအကြောင်း တွေးမနေဘဲ စိတ်ကို အနားပေးသင့်ပါတယ်။

စီစဉ်ပြီးသားတွေကြည့်ပါ

မင်္ဂလာပွဲတစ်ခု ကျင်းပတဲ့အခါ စီစဉ်ရတာတွေ အများကြီးပါ။ သတို့သမီးလေးတို့ တစ်ခုချင်း ဖြည်းဖြည်းချင်းစီ စီစဉ်ရမှာပါ။ စိတ်လောပြီး မပြီးသေးတာ၊ မစီစဉ်ရတာတွေကိုပဲ လိုက်ကြည့်နေမယ်ဆိုရင် စိတ်ညစ်ရမှာ အသေအချာပါပဲ။ ဒါကြောင့် စီစဉ်ထားပြီးသားလေးတွေကိုပဲ ကြည့်ပါ။

အတတ်နိုင်ဆုံး ပျော်အောင်နေပါ (photo: www.canva.com/photos)

အတတ်နိုင်ဆုံး ပျော်အောင်နေပါ

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ကိစ္စတွေ စီစဉ်နေတဲ့ အချိန်အတောအတွင်းမှာ အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ သတို့သမီးလေးတို့ရေ မျက်နှာ ပြုံးပြုံးရွှင်ရွှင်လေး နေမှ ကြွက်သားတွေ ကောင်းမွန်ပြီး အရေးအကြောင်း ဖြစ်တာ နည်းမှာပါ။ နောက်ပြီး စိတ်ခံစားချက် ကောင်းမွန်ဖို့ ပြုံးပျော်ဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ ကိစ္စကြောင့် စိတ်ဖိစီးမှု နည်းအောင် လုပ်ဖို့လိုတယ်နော်။

Comments

0 comments