Advertisement

မင်္ဂလာပွဲ တစ်ပွဲဖြစ်ဖို့ဆိုတာကလည်း အဆင့်တွေကအရမ်း များတော့ တစ်ဆင့်ချင်းစီ သေချာလေး လုပ်သွားမှ ပွဲတစ်ပွဲလုံး အဆင်ပြေချောမွေ့စေပါတယ်။

မင်္ဂလာပွဲဆီရောက်ဖို့ စတက်ရမယ့် လှေကားထစ်လေးတွေ

မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲတွေအတွက် ခမ်းခမ်းနားနား လှလှပပ မင်္ဂလာပွဲကြီး ဆီရောက်ဖို့ စတက်ရမယ့် လှေကား ဆယ်ထစ်အကြောင်း Marry က ပြောပြပေးမယ်နော်။ မင်္ဂလာဆိုတာ တစ်သက်ကို တစ်ခါပဲ ဆောင်ကြတာဆိုတော့ နှစ်ယောက်စလုံးအတွေ့အကြုံ ဘယ်ရှိပါ့မလဲ။ မင်္ဂလာပွဲ တစ်ပွဲဖြစ်ဖို့ဆိုတာကလည်း အဆင့်တွေက မတရား များတော့ တစဆင့်ချင်းစီ သေချာလေး လုပ်သွားမှ ပွဲတစ်ပွဲလုံး အဆင်ပြေချောမွေ့မှာလေ။ အခု Marry ပြောပြမယ့် လှေကားထစ် အဆင့်လေးတွေအတိုင်း အဆင့်မကျော်ဘဲ တစ်ထစ်ချင်း သွားကြည့်ရအောင်။

လှေကားထစ် နံပါတ်တစ်

ပထမဦးဆုံး မင်္ဂလာဆောင် အတွက် ပိုက်ဆံဘယ်လောက်သုံးမလဲ။ နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ကြည့်ပြီး သုံးမယ့်ငွေပမာဏကို အတိအကျ သတ်မှတ်ကြမယ်။

လှေကားထစ် နံပါတ်နှစ်

ပြက္ခဒိန်ကြည့်ပြီး ဗေဒင်မေးမယ်။ ပြီးရင် လိုချင်တဲ့ မင်္ဂလာပွဲ ကျင်းပရမယ့် နေ့ကောင်းရက်သာကို တစ်ခါတည်း ရွေးမယ်နော်။

ဧည့်သည်စာရင်းကို အိမ်မှာ တစ်ယောက်တည်း ရေးမနေနဲ့နော်

လှေကားထစ် နံပါတ်သုံး

သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံးက ဖိတ်ရမယ့် ဧည့်သည်တွေ စာရင်းရေးကြမယ်။ သူ့ ကိုလည်း သူ့အိမ်မှာရေးခိုင်း၊ ကိုယ်လည်း ကိုယ့်အိမ်မှာကိုယ်ရေး။ အဲ . . တစ်ခု သတိထားဖို့က ဧည့်သည်စာရင်းကို အိမ်မှာ တစ်ယောက်တည်း ရေးမနေနဲ့နော်။ အဖေ့ကိုရော၊ အမေ့ကိုရော၊ အဖိုးအဖွား၊ အဒေါ်တွေကိုပါ သူတို့ဖိတ်ချင်တဲ့ ဧည့်သည်တွေ စာရင်းရေးခိုင်းရမယ်နော်။

လှေကားထစ် နံပါတ်လေး

ဘယ်လို ပုံစံနဲ့ မင်္ဂလာဆောင်ကြမလဲ။ စုလျားရစ်ပတ်လား၊ မင်္ဂလာဆွမ်းကျွေးရုံတင်လား မင်္ဂလာ ဧည့်ခံပွဲလား၊ မင်္ဂလာ အလှူလား တစ်ခုခု ရွေးချယ် ဆုံးဖြတ်ကြ    ရအောင်။

 

လှေကားထစ် နံပါတ်ငါး

နေရာ ရွေးကြရတော့မယ်။ မင်္ဂလာပွဲ အမျိုးအစား သတ်မှတ်ပြီးပြီဆိုတော့ နောက်တစ်ဆင့်က မင်္ဂလာဆောင်မယ့်နေရာ ရွေးဖို့အချိန်ရောက်လာပါပြီ။

လှေကားထစ် နံပါတ်ခြောက်

နေရာရွေးပြီးရင် ထပ်သွားရမယ့် နောက်တစ်ဆင့်က ဝတ်စုံရှာဖို့ပါပဲ။ ဘယ်လိုဝတ်စုံမျိုးလေးဝတ်ချင်သလဲ ဒီဇိုင်းလေးတွေ ရှာထားဖို့ လိုပြီနော်။

လှေကားထစ် နံပါတ် ခုနှစ်

Pre-Wedding ဓာတ်ပုံရိုက်ဖို့ရယ် ပွဲနေ့မှာ မှတ်တမ်းတင်ဖို့ရယ်အတွက် ဘယ်ဓာတ်ပုံတိုက်၊ ဘယ်ဓာတ်ပုံဆရာက ကိုယ့်အတွက် အဆင်ပြေနိုင်မလဲ၊ ဈေးနှုန်းနဲ့ ၀န်ဆောင်မှုလေးတွေ မေးမြန်း စုံစမ်းကြည့်ဦးနော်။

လှေကားထစ် နံပါတ်ရှစ်

ငှားရမ်းသင့်တာတွေ ငှားထားကြမယ်။ အဓိကကတော့ ကားတို့ လက်ဝတ်ရတနာတို့ပေါ့။ ငှားရမယ်ဆိုရင် ဘယ်သူ့ဆီက ငှားရမလဲ၊ ဘယ်သူက ကိုယ့်ကို ငှားပေးမလဲ၊ ဒါမှမဟုတ် မိတ်ဆွေတွေဆီက အကူအညီ မတောင်းဘဲ အခြားဝန်ဆောင်မှု ပေးတဲ့ဆီတွေကပဲ ငှားကြမလားဆိုတာ စဉ်းစားပြီး ကိုယ့်စိတ်ကြိုက်ဖြစ်တာတွေ ရရှိဖို့ ကြိုးစားရပါတော့မယ်။

လှေကားထစ် နံပါတ်ကိုး

လှေကားထစ် နံပါတ်ခြောက်မှာ ရွေးချယ်ခဲ့တဲ့ ဝတ်စုံ ဒီဇိုင်းလေးကို စပြီး အသက်သွင်းရအောင်။ ဒီဇိုင်နာဆီမှာ အပ်ပြီး ချုပ်မလား၊ အပိုင်ဝယ်လိုက်မလား၊ ငှားမလား။ ကိုယ့်သဘောအတိုင်း ရွေးချယ်ပြီး ချုပ်သင့်တာချုပ်ပြီး ဌားသင့်တာဌားရပါမယ်။ ဒီအဆင့်က ဝတ်စုံ ဖန်တီင်္းရမယ့် အဆင့်တစ်ဆင့် ဖြစ်ပါတယ်။

သူများနဲ့မတူတဲ့ပုံစံမျိုးနဲ့ ဘယ်လို ပွဲထွက်ကြမလဲဆိုတာ ချစ်သူစုံတွဲ အတူတိုင်ပင်ပြီး လုပ်လိုက်ကြရအောင်နော်

နောက်ဆုံးလှေကားထစ်

ကဲ ဒီအဆင့် ရောက်ပြီဆိုရင်တော့ စီစဉ်စရာ တော်တော်များများ ပြီးသွားပြီပေါ့။ အခုလုပ်ရမှာက မင်္ဂလာပွဲမှာ ထူးထူးခြားခြားလုပ်ချင်တဲ့ စိတ်ကူလေးတွေ အကောင်အထည် ဖော်ဖို့ပါပဲ။ ဒီတော့ ဘယ်လိုစိတ်ကူး ဆန်းဆန်းလေးများ စိတ်ကူးထားတာရှိလဲ။သူများနဲ့မတူတဲ့ပုံစံမျိုးနဲ့ ဘယ်လို ပွဲထွက်ကြမလဲဆိုတာ ချစ်သူစုံတွဲ အတူတိုင်ပင်ပြီး လုပ်လိုက်ကြရအောင်နော်။

Tags: advicegroomwedding tips

Comments

0 comments
Advertisement