Advertisement

မင်္ဂလာပွဲ နီးမှ ကုသမှုတွေ စမ်းလုပ်တာမျိုး မလုပ်ဘဲ အခုလို အချိန် (၆)လလောက် အလိုကတည်းက ကုသမှုခံယူထားရင် ကိုယ်နဲ့ တည့်မတည့်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ မတိုင်ခင်  (၆)လ အလိုမှာတော့ ကျန်းမာရေးနဲ့ အသားအရေ ထိန်းသိမ်းမှု အတွက် စပြီး လုပ်ဆောင်ရပါတော့မယ်။

အသားအရေအတွက်

ကိုယ့်ရဲ့ မျက်နှာမှာ ထူးထူးခြားခြား ပြဿနာတွေ (ဥပမာ – ဝက်ခြံတွေ၊ တင်းတိပ်တွေ၊ အမဲကွက်တွေ) ရှိနေရင် အရေပြား ဆရာဝန်ဆီကို သွားပါ။ ကိုယ့်အသားအရေအတွက် ဘယ်လို ကုသမှုမျိုးနဲ့ ဘယ်လို ဆေးဝါးမျိုးက အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို တိုင်ပင်ဆွေးနွေးပါ။

မျက်နှာချေးချွတ် ပေါင်းတင်ခြင်း၊ ဆားဝက်ခြံ စုပ်ထုတ်ခြင်း လိုမျိုး ကုသမှုတွေကို ခံယူကြည့်ပါ။ ကုသမှု ခံယူရင်းနဲ့ ကိုယ့်မျက်နှာအသားအရေက အဲ့လို ကုသမှုတွေကို ဘယ်လို တုန့်ပြန်သလဲ ဆိုတာ သိသွားနိုင်ပါတယ်။

အသားအရေအတွက်

အသားအရေကို ပိုကောင်းအောင် ကုသမှု လုပ်တာ ဆိုပေမယ့် တချို့ အသားအရေတွေက ဓာတ်မတည့်မှု ဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် မင်္ဂလာပွဲ နီးမှ ကုသမှုတွေ စမ်းလုပ်တာမျိုး မလုပ်ဘဲ အခုလို အချိန် (၆)လလောက် အလိုကတည်းက ကုသမှုခံယူထားရင် ကိုယ်နဲ့ တည့်မတည့်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ တည့်ရင် ဆက်လက် လုပ်ဆောင်သွားနိုင်ပြီး မတည့်ရင်တော့ ကုသမှုတွေ ဆက်မလုပ်သင့်ပါဘူး။

ကိုယ့်အသားအရေအတွက် အကိုက်ညီဆုံး၊ အကောင်းဆုံး Skincare ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေကို ဝယ်ယူပါ။ ကိုယ့်အသားအရေ အမျိုးအစားနဲ့ သုံးစွဲသင့်တဲ့ Product တွေ အကြောင်းသိနိုင်ဖို့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ အလှအပရေးရာ ကျွမ်းကျင်သူတွေ ထံမှာ အကြံဉာဏ် ရယူနိုင်ပါတယ်။ နေ့စဉ်ပုံမှန် အသားအရေ ထိန်းသိမ်းခြင်းကို စတင်လုပ်ဆောင်ရပါတော့မယ်။

အပြုံးလေး အတွက်

အပြုံးလေး အတွက်

သတို့သမီးလေးရဲ့ အလှအပတွေထဲမှာ လင်းလက်တဲ့ အပြုံးလေးတွေလည်း ပါတယ်နော်။ ဒါကြောင့် မင်္ဂလာပွဲနေ့မှာ အပြုံးလေးတွေ တောက်ပနေဖို့ (၆)လအလိုကတည်းက သွားလေးတွေ ဖြူဖွေးအောင် ချေးချွတ်သန့်စင်တာတွေ၊ သွားတိုက်ဆေး ပြောင်းသုံးတာတို့ လုပ်သင့်ပါတယ်။

ကျန်းမာဖို့အတွက်

ကျန်းမာဖို့ အတွက်ရော အလှအပအတွက်ပါ အထောက်အကူ ပြုနိုင်တဲ့ ဗီတာမင်ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင် – အီး၊ ဗီတာမင် – စီ၊ ဗီတာမင် – ဘီ အစရှိတာတို့ပါ။

ကိုယ်အလေးချိန်တက်စေတဲ့၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို လျှော့ချရပါတယ်။ ဥပမာ – အဆီ၊ အချို၊ ကဖင်း၊ အရက် စသည်။

ကျန်းမာဖို့အတွက်

ပုံမှန် ကိုယ်လက် လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ပေးရပါမယ်။ ရေများများ သောက်ပေးရပါမယ်။

Marry အခုပြောပြသွားတဲ့ အချက်လေးတွေကို မင်္ဂလာမဆောင်ခင် (၆)လ အလိုကတည်းက ပုံမှန် လုပ်ပေးသွားမယ် ဆိုရင် မင်္ဂလာပွဲပြီးလို့ မိတ်ကပ် ဖျက်လိုက်တဲ့ အချိန်ထိတောင် အလှဆုံး သတို့သမီးလေး ဖြစ်နေမှာ မယုံမရှိနဲ့နော်။

 

Comments

0 comments