စိတ်ညစ်စရာကင်းတဲ့ မင်္ဂလာပွဲလေး ဖြစ်ဖို့ ဘယ်လိုအချိန်ယူပြင်ဆင်မလဲ

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ မင်္ဂလာပွဲလေး အောင်မြင်စွာ ကျင်းပချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ သေချာ လုပ်ပေးနော်။ ဒါဆို အဆင်ပြေမှာပါ။

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကို အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံး ဖြစ်ချင်တယ်ဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ စုံတွဲလေးတို့ သေချာ ဂရုစိုက်ရမယ့်အပြင် အချိန်ယူပြီး ပြင်ဆင်ဖို့လည်း လိုပါတယ်။ ဘယ်လိုမျိုး စနစ်တကျ စီစဉ်လို့ ရမလဲဆိုတာ ပြောပြမယ်နော်။

ခန်းမနေရာ

ပထမဆုံး အဆင့်အနေနဲ့ကတော့ သတို့သား၊ သတို့သမီးတို့ရဲ့ နှစ်ဖက်မိဘတွေ့ဆုံပြီး စေ့စပ်ကြောင်းလမ်းတာတွေ လုပ်ရမှာပါ။ မင်္ဂလာစကားပြောပြီးပြီိဆိုရင်တော့ နှစ်ဖက်မိတ်က ဘယ်လောက်အရေအတွက်ရှိတယ်ဆိုတာ မေးမြန်းပါ။ မင်္ဂလာနေ့ရက် သတ်မှတ်ပါ။ လူဦးရေအရေအတွက် သိပြီးပြီ၊ မင်္ဂလာရက် သတ်မှတ်ပြီးပြီိဆိုရင်တော့ မင်္ဂလာဆွမ်းကျွေး လုပ်မှာလား၊ မင်္ဂလာဧည့်ခံပွဲရော လုပ်မလားဆိုတာ ဆုံးဖြတ်ပါ။ ပြီးရင်တော့ ဆောင်မယ့် ခန်းမ၊ ဟိုတယ်နေရာ သေချာ စုံစမ်းပါ။ စရံချထားရင် ပိုကောင်းပါတယ်။ မင်္ဂလာဆောင်ရာသီဆိုရင် နေရာတွေပြည့်နေတတ်တာကြောင့်ပါ။

သေချာ စီစစ်ပါ (photo: BG Bridal Gallery)

မိတ်ကပ်

နောက်တဆင့်ကတော့ မိတ်ကပ်ပါ။ မိတ်ကပ်ပြင်ပေးတဲ့သူကက နာမည်ကြီးတဲ့သူဆိုရင် အချိန်စောစော စရံချဖို့ လိုပါတယ်။ အစမ်းပြင်ကြည့်မယ်ဆိုရင်လည်း ကြိုပြင်လို့ ရနိုင်အောင်ပါ။ မိတ်ကပ်ဆရာရွေးတဲ့အခါမှာလည်း နောက်ကျတတ်တဲ့သူလား၊ ကိုယ်ချိန်းထားတဲ့နေ့မှာ ပြင်ပေးရမယ့် ပွဲဆက်တွေ ရှိနေလားဆိုတာ သေချာလေး မေးမြန်းပါ။ ပွဲထွက်မယ်ဆိုရင် အခမ်းအနားမှူးကိုလည်း ကြိုချိတ်ပါနော်။ သူတို့ကလည်း အချိန်တွေ ပြည့်နေတတ်တာကြောင့်ပါ။

ပန်းအပြင်အဆင်နဲ့ ဝတ်စုံ (photo: BG Bridal Gallery)

ပန်းအပြင်အဆင်နဲ့ ဝတ်စုံ

မိတ်ကပ်ဆရာ ချိတ်ပြီးပြီဆိုရင်တော့ ပန်းအလှဆင်တာတွေနဲ့ ဝတ်စုံရွေးတာတွေ စတင်ပြီး လုပ်ပါ။ ပန်းကို ဘယ်လိုအရောင်ဆင်မယ်၊ ဘယ်သူနဲ့ အပ်မယ်ဆိုတာတွေ စုံစမ်းရှာဖွေတာတွေ လုပ်ပါ။ ဝတ်စုံလည်း ရွေးပါ။ ချုပ် မလား၊ ငှားမလားဆိုတာလည်း စဉ်းစားရမှာပါ။ ချုပ်မယ်ဆိုရင်လည်း ဒီဇိုင်နာနဲ့ တိုင်ပင်ပါ။ ပန်းကိုလည်း ကိုယ့်အင်္ကျီလေးနဲ့ လိုက်ဖက်မယ့်အရောင်၊ လက်ကိုင်ပန်းလေးကအစ စီစဉ်ပါ။ နှစ်ဖက်မိဘတွေအတွက်လည်း အဝတ်အစား စီစဉ်ဖို့ လိုပါတယ်နော်။ သတို့သမီးလေးတို့ ဝတ်စုံ စီစဉ်ချိန်မှာလည်း တစ်ခါတည်း ပန်းအစီအစဉ်ကို စီစဉ်ပါ။ ပန်းပြင်ပေးမယ့် ပညာရှင်ကိုလည်း သေချာ ရွေးချယ်ပါ။ ပန်းအပြင်အဆင်ဆိုတာ ကိုယ့်ပွဲတစ်ခုလုံးရဲ့ ပုံရိပ်တစ်ခုဆိုတာ မမေ့ပါနဲ့နော်။

ဖိတ်စာ

ဖိတ်စာသေချာ အပ်ပြီးနောက် မင်္ဂလာပွဲ မတိုင်ခင် (၁) လလောက် ကြို   ဖိတ်စာ စပြီးကမ်းပါ။ ပြန်ကမ်းအပ်ထားတာတွေ အဆင်ပြေမပြေ ဆိုင်ကို ဖုန်းဆက်ပါ။ ကိုယ့်လက်ထဲမှာ အားလုံးအဆင်သင့် ရှိနေအောင် စီစဉ်ပါ။ ဖိတ်စာကိုသူတို့ဘယ်နှစ်ဆောင်ဖိတ်ပေးမယ်ကိုယ်ဘယ်နှစ်ဆောင်ဖိတ်ရမယ်ဆိုတာညှိပါ။လူမကျန်ခဲ့အောင်သေချာစစ်ပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲလေး အောင်မြင်စွာ ကျင်းပချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ သေချာ လုပ်ပေးနော်။ ဒါဆို အဆင်ပြေမှာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords