မင်္ဂလာဆောင်အတွက် ကုန်ကျစရိတ် ပိုက်ဆံ ဆွေးနွေးပြီဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ မင်္ဂလာကုန်ကျစရိတ်အတွက် စတင်ပြီး ဆွေးနွေးတဲ့အခါမှာ အေးအေးဆေးဆေးနဲ့ အဆင်ပြေအောင် ညှိနှိုင်းပါနော်။ အကောင်းဆုံးတွေ ဖြစ်ဖို့ နားလည်မှုတွေ ထားပေးပါ။

စုံတွဲလေးတို့ အနေနဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်မယ်ဆိုရင် အရင်ဆုံး မင်္ဂလာစရိတ်ကို စဉ်းစားမိမှာပါ။ ငွေကြေးကို ကြည့်ပြီးမှသာ မင်္ဂလာဆောင်ကို ဘယ်လိုပုံစံ လုပ်မယ်၊ ဘယ်နှစ်ပွဲ လုပ်မယ်ဆိုတာ စဉ်းစားလို့ ရမှာပါ။ မင်္ဂလာဆောင်အတွက် ဆွေးနွေးပြီ ဆိုတာနဲ့ ပိုက်ဆံစုတာ၊ မင်္ဂလာပွဲအတွက် သုံးစွဲဖို့ တိုင်ပင်ရမှာပါ။

(၁) ငွေကို တစ်နေရာတည်းမှာ စုပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်အတွက် ပိုက်ဆံစုတော့မယ်ဆိုရင် တနေရာတည်းမှာ စုပါ။ နှစ်ယောက်အတူတူ စုမယ်ဆိုရင်လည်း တစ်နေရာတည်းမှာစုပါ။ ဘဏ်စာအုပ်ကို နှစ်ယောက်လုံးနာမည်နဲ့ လုပ်ထားတာမျိုးပေါ့။ မင်္ဂလာစရိတ်အတွက် ကုန်ကျစရိတ်အားလုံးကို တွက်ချက်ထားပြီး အဲဒီငွေထဲကနေ စာရင်းမှတ်ပြီး သုံးပါ။ နှစ်ယောက်အတူတူ စုထားတာဖြစ်တဲ့အတွက် နှစ်ယောက်ဆန္ဒတော့ လိုပါတယ်။ အရေးကြီးဆုံးက သတို့သားနဲ့ သတို့သမီးက ငွေကြေးအခြေအနေနဲ့ လျော်ညီတဲ့ မင်္ဂလာပွဲကို စီစဉ်နိုင်ဖို့ပါပဲ။ အဲဒီလိုဆိုရင် စုံတွဲလေးတို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေး ဖြစ်လာမှာပါ။

တစ်နေရာတည်းမှာ စုပါ (photo: blog.bridalspectacular.com)

(၂) သတို့သမီးလောင်းလေးဆီိ အပ်ပါ

သတို့သမီးလောင်းလေးကပဲ မင်္ဂလာပွဲကိစ္စ တော်တော်များများကို စိတ်တိုင်းကျ စီစဉ်ကြတယ်မလား၊ အဲဒီလို စီစဉ်မယ့် သတို့သမီးလေးဆိုရင်တော့ ပိုက်ဆံကို စပြီးစုကတည်းက သတို့သမီးလောင်းလေးဆီမှာ အပ်ထားလိုက်ပါ။ သတို့သမီးလောင်းလေးက ကုန်ကျစရိတ်တွေနဲ့ စုမိထားတဲ့ ငွေကို တွက်ချက်ပြီး သင့်တော်တဲ့ မင်္ဂလာပွဲလေး စီစဉ်နိုင်မှာပါ။ သတို့သားလောင်းလေးနဲ့ မိသားစုဝင်တွေကတော့ သတို့သမီးလေး လိုအပ်တာတွေကို ကူညီပေးဖို့ လိုပါတယ်။

(၃) မိဘတွေ စီစဉ်ပေးမလား

စုံတွဲလေးတို့ အလုပ်တဖက်နဲ့ မအားလပ်လို့ မိဘတွေ စီစဉ်ပေးမလားဆိုတာလည်း ဆွေးနွေးလို့ ရပါတယ်နော်။ ဒီလိုဆိုရင်တော့ မင်္ဂလာဆောင်အတွက် ကုန်ကျစရိတ်ကို မိဘတွေကို အပ်ထားလိုက်ပါ။ ကိုယ့်အကြိုက်ကို မိဘတွေက စီစဉ်ပေးတာမျိုးပေါ့။

ဆွေးနွေးကြပြီဆိုရင်  (photo: blog.bridalspectacular.com)

(၄) ကုန်ကျစရိတ်အတွက် ဆွေးနွေးကြပြီဆိုရင်

မင်္ဂလာဆောင်စရိတ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးကြတဲ့ စုံတွဲလေးတွေ ရှိပါတယ်။ ဒါတွေ ပြေလည်ဖို့ဆိုရင်တော့ စိတ်ကို ပေါ့ပေါ့ပါးပါး ထားပါ။ တစ်ယောက် စကား တစ်ယောက်က နားထောင်ပေးပါ။ အလွန်အကျွံတွေ မသုံးမိဖို့တော့ သတို့သားရော သတို့သမီးလေးရော သတိထားရမှာပါနော်။ နှစ်ယောက်တည်းနဲ့ ဆုံးဖြတ်ရ ခက်နေရင်လည်း စီနီယာတွေကို အကူအညီ တောင်းလို့ရပါတယ်နော်။

စုံတွဲလေးတို့ မင်္ဂလာကုန်ကျစရိတ်အတွက် စတင်ပြီး ဆွေးနွေးတဲ့အခါမှာ အေးအေးဆေးဆေးနဲ့ အဆင်ပြေအောင် ညှိနှိုင်းပါနော်။ အကောင်းဆုံးတွေ ဖြစ်ဖို့ နားလည်မှုတွေ ထားပေးပါ။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles