မင်္ဂလာပွဲမှာ မထင်မှတ်ဘဲ ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်များ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲမှာ အပိုကုန်ကျနိုင်မယ့် စရိတ်လေးတွေ သိရပြီဆိုတော့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မင်္ဂလာပွဲမှာ ငွေကြေးကြောင့် စိတ်ညစ်ရတာမျိုး မရှိလောက်တော့ပါဘူးနော်။

မင်္ဂလာပွဲရဲ့ ကုန်ကျစရိတ်ဆိုတာ ချဲ့လေ ကုန်လေ ဖြစ်တဲ့အပြင် တဖွဲဖွဲထွက်တဲ့ ကုန်ကျစရိတ်တွေကလည်း ရှိပါတယ်။ ကြီးကြီးမားမား မဟုတ်လို့ စာရင်းအထဲ ထည့်မမှတ်မိတဲ့ အသေးစား ကုန်ကျစရိတ်တွေလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့်လည်းစာရင်းချုပ်လိုက်ရင်တော့ ကုန်တာက ကုန်တာပါပဲနော်။ ဒီတော့ မထင်မှတ်ပဲ ကိုယ်သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထဲကနေ ဘယ်လိုနေရာတွေမှာ ကုန်ကျစရိတ်တွေ ထပ်ပြီး ရှိနေဦးမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။ သိထားမယ်ဆိုရင်တော့ စုံတွဲလေးတို့ ကုန်ကျစရိတ်ကြိုတင်တွက်ချက်ထားလို့ ရတာပေါ့။

နှစ်ဖက်မိဘနဲ့ ဆွေမျိုးများ

နှစ်ဖက်မိဘဆိုတာလည်း ကိုယ်နဲ့ အရောင်တူ ဒီဇိုင်အနီးစပ်ဆုံး တူတာမျိုးတွေ ဝတ်ကြမှာမလား၊ သတို့သားနဲ့ သတို့သမီးဝတ်စုံက အငှားစီစဉ်လို့ ရရင်တောင် နှစ်ဖက်မိဘနဲ့ ဆွေမျိုးတွေအတွက်က မရနိုင်ဘူးလေနော်။ အသစ်ချုပ်မှ အဆင်ပြေနိုင်မှာပါ။ ဒီတော့ သူတို့အတွက် ကုန်ကျစရိတ်တွေ ရှိလာနိုင်ပါတယ်။ စုံတွဲလေးတို့ ကိုယ့်ရဲ့ ဝတ်စုံကုန်ကျစရိတ်အပြင် အဲဒီကုန်ကျစရိတ်ကိုပါ ထည့်တွက်ပါ။

အစားအသောက်စရိတ်

စုံတွဲလေးတို့အနေနဲ့ အစားအသောက်တွေ မှာယူတဲ့အခါမှာ ဖိတ်စာအရေအတွက်ပေါ်ကြည့်ပြီး မှာယူကြတာ များပါတယ်။ တကယ်တော့ အပိုထပ်ဆောင်းမှာဖို့ လိုပါတယ်။ နောက်ပြီး ပွဲနေ့မှာ မလောက်ငှခဲ့ဘူးဆိုရင် ထပ်မှာရမယ့် စရိတ် ရှိပါတယ်။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်နော်။

မင်္ဂလာပွဲပြီးရင် (photo: Weddingbee)

သတို့သမီးလေးရဲ့ အလှအပ

မင်္ဂလာပွဲမှာ သတို့သမီးလေးရဲ့ မိတ်ကပ်နဲ့ ဆံထုံး ပြင်ဆင်စရိတ်ကိုပဲ တွက်ချက်မိတတ်ကြပါတယ်။ သူက သိန်းနဲ့ချီပြီး ပေးရတာမျိုးဆိုတော့ တော်တော်များများက ဒီစရိတ်ကိုပဲ တွက်ကြတာပါ။ တကယ်တော့ သတို့သမီးလေးတို့ မျက်နှာ treatment လုပ်တာတွေ၊ ဆံပင်ပေါင်းတင်တာတွေနဲ့ လက်သည်းခြေသည်း ပြင်ဆင်တာတွေကလည်း ကုန်ကျစရိတ်ထဲ ထည့်တွက်ရမယ့် အချက်တွေပါပဲနော်။

သတို့သမီးလေးရဲ့ အလှအပ (photo: SHEmazing!)

မင်္ဂလာပွဲပြီးရင်

ညစာစားပွဲ မလုပ်ဖြစ်ဘူးဆိုရင်တောင် ကိုယ့်ပွဲမှာ ကူညီခဲ့တဲ့သူတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို စားသောက်ဆိုင်မှာ လိုက်ပြီးကျွေးမွေးတာမျိုး ရှိကြမှာပါ။ ဒါကလည်း လူဦးရေ သိပ်ပြီးကြိုတွက်လို့ မရတာမို့ ကုန်ကျစရိတ်ကို အတိအကျ တွက်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကလည်း စုံတွဲလေးတို့ အပိုကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်တွေပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ အပိုကုန်ကျနိုင်မယ့် စရိတ်လေးတွေ သိရပြီဆိုတော့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မင်္ဂလာပွဲမှာ ငွေကြေးကြောင့် စိတ်ညစ်ရတာမျိုး မရှိလောက်တော့ပါဘူးနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords