စုံတွဲလေးတို့ ပန်းကြဲပေးမယ့်သူကို မှာထားရမယ့် အချက်လေးတွေ

by: Phyo Pyae Thu
 0 comments  1 love

စုံတွဲလေးတို့ ပန်းကြဲမယ့်သူကို မှာထားရမယ့် အချက်လေးတွေ သိထားပြီးပြီဆိုရင်တော့ ကြိုတင်လေ့ကျင့် ပြင်ဆင်ထားပေးဖို့ လိုပါတယ်နော်။

မင်္ဂလာပွဲထွက် ကျင်းပမယ့် စုံတွဲလေးတို့ရေ ပွဲထွက်မယ်ဆိုရင် မင်္ဂလာပန်းကြဲမယ့်သူက မပါမဖြစ်ပဲမလားနော်။ သူက အရှေ့ဆုံးကနေ ထွက်ရမှာမလား။ ဒီတော့ စုံတွဲလေးတို့အတွက် ပန်းကြဲပေးမယ့်သူက အရေးကြီးပါတယ်။ ပန်းကြဲမယ့်သူ အဆင်ပြေစေဖို့ ကြိုတင်ပြီး မှာထားရမယ့် အချက်လေးတွေ ရှိပါတယ်နော်။

ပန်းကြဲမယ့်သူ ရွေးတဲ့အခါ

စုံတွဲလေးတို့ ပန်းကြဲမယ့်သူ ရွေးတဲ့အခါ ပန်းကြဲပေးမယ့်သူက ကျက်သရေ မင်္ဂလာပြည့်စုံပြီး ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ကြောင်းကိုလည်း စုံတွဲလေးတို့က ယုံကြည်ထားသူ ဖြစ်ရပါမယ်နော်။ အဲဒီသူကို ရွေးဖို့ လိုပါတယ်။

မှာထားရမယ့် အချက်တွေ

မှာထားရမယ့် အချက်တွေ

စုံတွဲလေးတို့ရေ ပန်းကြဲပေးမယ့်သူကို ရွေးပြီးပြီဆိုရင်တော့ အခါတော်ပေးက ကြွရောက်ဖို့ ပြောကြားတဲ့အခါမှာ ဖြည်းဖြည်းချင်း လှမ်းဖို့ ပြောပါ။ တချို့တွေဆိုရင် ပန်းကြဲက စိတ်လှုပ်ရှားပြီး မြန်မြန်လျှောက်မိလို့ အခါတော်ပေး သီချင်းနဲ့ မကိုက်ညီတော့တာမျိုး၊ အနောက်ဘက်သူတွေပါ မြန်မြန်လိုက်လျှောက်ရပြီး မညီညာတော့မျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဖြည်းဖြည်းမှန်မှန် လျှောက်ဖို့ ပြောပါ။

ပန်းကြဲတာကို ခုမှစပြီး လုပ်မယ့်သူဆိုရင် နည်းနည်းလေး လန့်တာကြောက်တာ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဘေးဘီကို လုံးဝမကြည့်ဘဲ ခေါင်းငုံ့ပြီး လျှောက်တတ်ကြပါတယ်။ ခေါင်းငုံ့ပြီး မလျှောက်ဖို့ ကြိုတင်ပြောကြားထားပါနော်။

ပန်းကြဲမယ့်သူ ရွေးတဲ့အခါ

အဓိက လေ့ကျင့်ပေးထားရမယ့် အချက်ကတော့ ပြုံးဖို့ပါ။ မင်္ဂလာခန်းမထဲကို စပြီး ဝင်လိုက်ပြီဆိုတာနဲ့ စင်မြင့်ထက်မှာ ထိုင်နေတဲ့အချိန်ထိ ပြုံးပြုံးလေး နေဖို့ မှာထားပါနော်။

ပန်းကြဲလေးတွေအနေနဲ့ နောက်ထပ် လုပ်ဆောင်ရမယ့်အချက်ကတော့ လျှောက်လှမ်းဆီ လျှောက်လှမ်းနေစဉ်မှာ မင်္ဂလာမောင်နှံလေးတို့ ဘဝတစ်လျှောက်လုံး ဖြောင့်ဖြူးသာယာပြီး ကျန်းမာချမ်းသာစေပြီး သားကောင်းသမီးရတနာ ထွန်းကားနိုင်ဖို့ မေတ္တာဖို့ ဆုတောင်းတာမျိုး လုပ်ပေးဖို့ လိုပါတယ်။

စုံတွဲလေးတို့ ပန်းကြဲမယ့်သူကို မှာထားရမယ့် အချက်လေးတွေ သိထားပြီးပြီဆိုရင်တော့ ကြိုတင်လေ့ကျင့် ပြင်ဆင်ထားပေးဖို့ လိုပါတယ်နော်။ ဒီလိုမျိုး တစ်ယောက်ချင်း အဆင်ပြေမှ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးလည်း ကျက်သရေရှိရှိ လှလှပပ ပြီးဆုံးအောင်မြင်နိုင်မှာပါနော်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles