မဟာစည်သာသနာ့ရိပ်သာမှာ မင်္ဂလာဆောင်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

သတို့သား၊ သတို့သမီးတို့ မင်္ဂလာပွဲ ကျင်းပမယ်ဆိုရင် ပထမဆုံး စဉ်းစားရတာက ခန်းမ ပါပဲ။ ဘယ်နေရာမှာ ဆောင်မလဲဆိုတာ အရမ်းအရေးကြီးပါတယ်။

ရွေးချယ်လို့ ရမယ့်  ခန်းမနေရာတွေထဲမှာ မဟာစည် သာသနာ့ ရိပ်သာလည်း တစ်ခုအပါအဝင်ပါပဲ

သတို့သား၊ သတို့သမီးတို့ မင်္ဂလာပွဲ ကျင်းပမယ်ဆိုရင် ပထမဆုံး စဉ်းစားရတာက ခန်းမ ပါပဲ။ ဘယ်နေရာမှာ ဆောင်မလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ခန်းမတွေမှာပဲ ဆောင်ဆောင်၊ ဟိုတယ်မှာပဲ ဆောင်ဆောင် ကြိုပြီးချိတ်ဖို့တော့ လိုပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ အနေနဲ့ ရွေးရမယ့် နေရာတွေကလည်း များပါတယ်။ ကိုယ်ကျင်းပချင်တဲ့ မင်္ဂလာပွဲပုံစံလေးနဲ့ မှန်းထားတဲ့ ကုန်ကျစရိတ်ပေါ် မူတည်ပြီး ရွေးချယ်ရမှာပါ။ ရွေးချယ်လို့ ရမယ့်  ခန်းမနေရာတွေထဲမှာ မဟာစည် သာသနာ့ ရိပ်သာလည်း တစ်ခုအပါအဝင်ပါပဲ။ ခန်းမကြေး အသင့်အတင့်နဲ့ အကျွေးအမွေးပါ တစ်ပါတည်း စီစဉ်ပေးတာမို့ တော်တော်များများ ရွေးချယ်ကြပါတယ်။

ခန်းမကုန်ကျစရိတ်

မဟာစည် သာသနာ့ရိပ်သာမှာ ဆောင်မယ်ဆိုရင်တော့ ခန်းမ အလှူငွေကတော့ (၃) သိန်းပါ။ ဒီခန်းမမှာတော့ ဧည့်သည်အရေအတွက် (၅၀၀) လောက် ဧည့်ခံနိုင်ပြီး အယောက်(၃၅၀) လုံး တပြိုင်တည်း ကျွေးမွေးလို့ ရပါတယ်။ အကယ်လို့ ဧည့်သည်အရေအတွက်က (၅၀၀) ထက် များရင်တော့ ခန်းမအလှူတော်ငွေ (၁) သိန်းခွဲ ထပ်ပေးရမှာပါ။

မင်္ဂလာအချိန်

မင်္ဂလာအချိန်ကတော့ မနက်(၁၀) နာရီကနေ နေ့လည် (၁၂) နာရီအထိပါ။ တစ်ရက်မှာ ပွဲချိန် တစ်ချိန်ပဲ လက်ခံပါတယ်။ သတိထားရမယ့် တစ်ခုကတော့ ပွဲထွက်လို့ မရပါဘူး။ လက်မှတ်ထိုးပွဲ ကျင်းပလို့ မရပါဘူး။ သီချင်းလည်းဖွင့်လို့ မရပါဘူးနော်။

ကိုယ်ကျင်းပချင်တဲ့ မင်္ဂလာပွဲပုံစံလေးနဲ့ မှန်းထားတဲ့ ကုန်ကျစရိတ်ပေါ် မူတည်ပြီး ရွေးချယ်ရမှာပါ

အကျွေးအမွေး

ကျောင်းမှာ ခန့်မှန်းခြေ သံဃာအပါး (၁၅ဝ ကနေ ၂ဝဝ) ရှိတတ်ပြီး သံဃာ အကုန်လုံး ဆွမ်းကပ်ရမှာပါ။  ယောဂီတွေ သီလရှင်တွေကိုတော့ ကိုယ်တတ်နိုင်ရင် လှုဒါန်းနိုင်ပါတယ်။အကျွေးအမွေးအနေနဲ့ကတော့ ထောပတ်ထမင်းကို ကြက်သား ဒါမှမဟုတ် ဆိတ်သား၊ ချဉ်ပေါင်ဟင်းရည်၊ ငါးပိကြော်၊ ကျောက်ပွင့်သုတ်၊ ရေခဲမုန့်နဲ့ ရေသန့် အပါအဝင်ကို တစ်ယောက်နှုန်း (၃၅၀၀) ကျပ် ကျသင့်ပါတယ်။ ထမင်းဖြူ ကြက်သား၊ ငါး၊ ရေခဲမုန့်နဲ့ ရေသန့်ဆိုရင်တော့ တစ်ယောက်ကုန်ကျစရိတ်က (၃၂၀၀) ကျပ်ပါ။ လူဦးရေ အနည်းအများပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲပါတယ်။

ဝန်ဆောင်မှု

ဝန်ဆောင်မှုတွေမှာတော့ အကျွေးအမွေးနဲ့ ဧည့်ခံရေးကို ကျောင်းက အကုန်လုံး လုပ်ပေးပါတယ်။ ကျောင်းအဝင်ဝ ဆိုင်းဘုတ်နဲ့ ခန်းမအဝင် LED မီးဘုတ်လည်း ဆင်ပေးပါတယ်။ တခြားဝန်ဆောင်မှုတွေနဲ့ စင်မြင့်နောက်ခံစာသား ရေးခကတော့ (၆၀၀၀) ကျပ် ကျသင့်တာဖြစ်ပြီး ပန်းအိုးတစ်အိုးကို (၇၀၀၀) ကျသင့်ပါတယ်။ မင်္ဂလာရက်ချိန်း သေချာဖို့အတွက်တော့ စရံငွေ (၅သောင်း) အရင် သွင်းရမှာ ဖြစ်ပါတယ်။

သတို့သား သတို့သမီးလေးတို့အနေနဲ့ ပွဲမထွက်ဘူးဆိုရင်တော့ မဟာစည်သာသနာ့ရိပ်သာလေးကို ရွေးချယ်သင့်ပါတယ်။

From Marry with


Comments

0 comments
Latest video