မင်္ဂလာပွဲ စီစဉ်နေချိန်မှာ သတို့သမီးလေးအနေနဲ့ ရှောင်ရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲ စီစဉ်နေချိန်မှာ စိတ်ရောကိုယ်ပါ မပင်ပန်းရလေအောင် သတို့သမီးတစ်ဦးအနေနဲ့ ရှောင်ရမှာတွေ ရှိပါတယ်နော်။ အခုပြောပြထားတဲ့ အချက်တွေကို သေချာ ရှောင်ပေးပါ။

မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ သတို့သမီးလေးတို့ စိတ်လှုပ်ရှား ပင်ပန်းရတာ ထုံးစံပါပဲ။ မင်္ဂလာပွဲ စီစဉ်နေချိန်မှာ သတို့သမီးတို့ မပင်ပန်းချင်ဘူးဆိုရင်တော့ ရှောင်ရမှာတွေ ရှိပါတယ်။ မင်္ဂလာပွဲ စီစဉ်နေချိန်မှာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံး ဖြစ်စေဖို့ ဘယ်လိုအချက်တွေကို ရှောင်ရမလဲ ပြောပြမယ်နော်။

ကိုယ့်အတွက် မေ့တာ

တချို့သတို့သမီးလေးတွေက နှစ်ဖက်မိဘ၊ အရံတွေနဲ့ ပွဲအတွက် စီစဉ်နေရင်း ကိုယ့်အတွက် မေ့နေတတ်ပါတယ်။ တကယ်တော့ ကိုယ့်အတွက်လည်း သေချာ စီစဉ်ထားဖို့ လိုပါတယ်။  မင်္ဂလာပွဲနီးဖို့ အချိန် (၁)လလောက်မှာတော့ အားလုံး အဆင်သင့်ဖြစ်နေပြီး ကိုယ့်ရဲ့ အလှအပအတွက် အချိန် ချန်ထားတာမျိုး လုပ်ပါ။ တချို့သတို့သမီးလေးတွေဆိုရင် မင်္ဂလာပွဲနေ့အထိ စီစဉ်စရာတွေ၊ ပူပန်စရာတွေ အပြည့်နဲ့ ကိုယ့်ရဲ့ အသားအရေ၊ ဆံပင်၊ လက်သည်းအလှ ဒါတွေကို အချိန်မပေး ဂရုမစိုက်မိတာ ဖြစ်တတ်ပြီး ပွဲနေ့ မလှတာတွေ ဖြစ်တတ်ပါတယ်။

သတို့သမီးအနေနဲ့ ရှောင်ရမှာတွေ (photo: https://www.trazy.com)

စောပြီးကြိုလုပ်တာ

မင်္ဂလာပွဲအတွက် စောပြီးကြိုပြင်ဆင်တာ ကောင်းပေမယ့် Update ဖြစ်နိုင်တာတွေကို အကြာကြီး ကြိုပြီး လုပ်ထားတာမျိုးဆိုရင်တော့ နောက်ပိုင်းမကြိုက်တော့တာတွေ ဖြစ်တတ်ပါတယ်။မင်္ဂလာဝတ်စုံနဲ့ ဖိတ်စာတွေကတော့ အရမ်းကြီး စောပြီး ကြိုမလုပ်ထားပါနဲ့နော်။ Update ဖြစ်လာနိုင်တာလေးတွေ စောင့်ပါ။

စောပြီးကြိုလုပ်တာ  (photo: drhodous.com)

စိတ်ပင်ပန်းမှာတွေ မတွေးပါနဲ့

မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ရှောင်ရမှာတွေကတော့ စိတ်ပင်ပန်းစရာတွေ တွေးမိတာပါပဲ။ ဘယ်လိုအရာတွေလည်းဆိုတော့  “သူတို့ကျတော့ ဒီလိုလှတာလေး လုပ်တယ်၊ ငါတော့ မလုပ်နိုင်ဘူး ငါ့ပွဲလေးက မလှဘူး” အစရှိသလို နှိုင်းယှဉ်တာမျိုးပါ။ နောက်ပြီး အဆင်ပြေမှ ပြေပါ့မလား။ တွေးပြီး စိတ်ပူနေတာမျိုး မလုပ်ပါနဲ့။ အဲဒါတွေ ရှောင်ပါနော်။

စိတ်လျှော့ပါ (photo: drhodous.com)

စိတ်လျှော့ပါ

မင်္ဂလာပွဲစီစဉ်နေချိန်မှာ စိတ်လျှော့ထားဖို့ လိုပါတယ်။ ကိုယ်နဲ့ ဆက်ဆံရတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက ကိုယ်ထင်သလောက် အဆင်မပြေတာ၊ အဆင်မချောတာတွေ ဖြစ်တတ်ပါတယ်။  ကိုယ်ချိန်းထားတဲ့ ရက်အတိအကျ မရနိုင်တာမျိုးပေါ့။ ဒါကြောင့်စေ့စပ်သေချာလွန်းတဲ့ စိတ်ကို နည်းနည်းလေး လျှော့ထားပါ။

မင်္ဂလာပွဲ စီစဉ်နေချိန်မှာ စိတ်ရောကိုယ်ပါ မပင်ပန်းရလေအောင် သတို့သမီးတစ်ဦးအနေနဲ့ ရှောင်ရမှာတွေ ရှိပါတယ်နော်။ အခုပြောပြထားတဲ့ အချက်တွေကို သေချာ ရှောင်ပေးပါ။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords