Advertisement

သူ့လည်း သူ့အိမ် သူနေ၊ ကိုယ်လည်း ကိုယ့်အိမ် ကိုယ်နေ ပြုလုပ်လို့ မရတော့ပါဘူး

ကိုယ်ပိုင် အိမ်လေးမှာ အချစ်ဆုံးနဲ့ အတူတူ နေမယ်(Photo:thehiveonline)

ချစ်သူတွေရဲ့ ပန်းတိုင်ဖြစ်တဲ့ မင်္ဂလာပွဲလေးအတွက် ပြင်ဆင်တဲ့အချိန်မှာ မင်္ဂလာပွဲ ပြီးရင် နေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ဖို့ မမေ့ရဘူးနော်။ မင်္ဂလာမောင်နှံလေးတို့ မင်္ဂလာပွဲပြီးရင် ဘယ်မှာ နေမလဲဆိုတာအတွက် Marry က ပြောပြပေးချင်ပါတယ်။

မိဘ အိမ်မှာ လိုက်နေမှာလား

မင်္ဂလာပွဲ ပြီးတဲ့အချိန်မှာ နှစ်ယောက်သား နေစရာက အရင်ကလို မဟုတ်တော့ပါဘူး။ သူ့လည်း သူ့အိမ် သူနေ၊ ကိုယ်လည်း ကိုယ့်အိမ် ကိုယ်နေ ပြုလုပ်လို့ မရတော့ပါဘူး။ နှစ်ယောက်သား အတူတူ နေလို့ ရမယ့်နေရာတစ်ခုကို အဆင်သင့် ပြုလုပ်ရတော့မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ မိဘအိမ်မှာ လိုက်နေမယ်ဆိုရင်လည်း ခါတိုင်း တစ်ယောက်တည်း နေတာကနေ နှစ်ယောက်စာ တိုးပြီး ပြန်ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ မိဘအိမ် လိုက်နေမယ်ဆိုရင်တော့ အိမ်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေအတွက် မပူရပေမယ့် အိမ်မှာ ရှိတဲ့သူတွေအတွက် လက်ဆောင်တစ်ခုခုကို ကြိုတင် ပြင်ဆင်ပါနော်။ ဒါမှ အိမ်အဝင်လှမှာဖြစ်ပြီး သိတတ်ရာလည်း ရောက်လို့ပါ။

မင်္ဂလာပွဲလေး ပြီးရင် အတူတူ နေဖို့ အိမ်ပြင်ဆင်မယ် (Photo:alla-avtal)

သပ်သပ်စီ နေမယ်ဆိုရင်တော့

မင်္ဂလာမောင်နှံ နှစ်ယောက်တည်း သပ်သပ်နေမယ်ဆိုရင်တော့ အိမ်သုံးပစ္စည်းလေးတွေအတွက် အသေးစိတ် ကြိုတင် ပြင်ဆင်ထားရမှာပဲ ဖြစ်ပါတယ်။ အိမ် တစ်အိမ်ရဲ့ လိုအပ်ချက်တွေဆိုတာကတော့ သေးသေးလေးနဲ့ အများကြီး ပြင်ဆင်ရတာဖြစ်လို့ အသေးစိတ်ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ သပ်သပ်စီနေမှာ ဖြစ်တဲ့အတွက် နေသားမကျတဲ့အိမ်မှာ နေရမှာလည်း ဖြစ်တာကြောင့်မို့ နေဖို့ အိမ်ပြင်ဆင်တဲ့အချိန်မှာ အိမ်အတွက်ချည်း ပြင်လို့ မရပါဘူး။ အိမ်တွင်း အရာလေးတွေအတွက်လည်း ပြင်ဆင်ရမှာပဲ ဖြစ်တာကို သတိပေးလိုက်ရပါတယ်နော်။

မင်္ဂလာပွဲလေး ပြီးဆုံးသွားတဲ့အချိန်မှာ အေးအေးဆေးဆေး အနားယူနိုင်ဖို့အတွက် နေမယ့်နေရာလေးအတွက်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားလိုက်ဖို့ အရေးကြီးတဲ့အကြောင်းကို Marry က ပြောပြလိုက်ရပါတယ်နော်။

Comments

0 comments