Advertisement

သတို့သား တော်တော်များများက သတို့သမီးလေးတွေလောက် မင်္ဂလာပွဲကို စိတ်ကူးယဉ်ဆန်ဆန် မတွေးထားတတ်ကြပါဘူး။ ဒီတော့ သတို့သမီးလေးတွေဘက်က ပိုပြီးစီစဉ်ရတာ များပါတယ်။

မင်္ဂလာပွဲစီစဉ်တဲ့အခါမှာ လုပ်ရမယ့်ကိစ္စတွေ အရမ်းကို များပါတယ်။ ရွေးချယ်စရာတွေကလည်း များတာမို့ သတို့သားလေးရော သတို့သမီးလေးမှာ စဉ်းစားတိုင်ပင်ရတာတွေ ရှိလာမှာပါ။ တကယ်တော့ မင်္ဂလာပွဲ ကျင်းပတာကို planner နဲ့ မအပ်ဘူးဆိုရင် နှစ်ဖက်မိဘ၊ ဆွေမျိုးတွေပါ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။

သတို့သား တော်တော်များများက သတို့သမီးလေးတွေလောက် မင်္ဂလာပွဲကို စိတ်ကူးယဉ်ဆန်ဆန် မတွေးထားတတ်ကြပါဘူး။ ဒီတော့ ရွေးချယ်မှု တော်တော်များများမှာ သတို့သမီးလေးတွေဘက်က ပိုပြီးစီစဉ်ရတာ များပါတယ်။ သတို့သမီးလေးတွေ စီစဉ်ရတာတွေ များရင်လည်း စိတ်ညစ်စရာတွေ ကြုံလာရပြန်ပါတယ်။ ဒီအခါမှာ သတို့သမီးလေးတွေကို ပါဝင်ကူညီရမယ့် ကိစ္စတွေရှိပါတယ်။

ခန်းမ၊ ဝတ်စုံရွေးတဲ့အခါ

သတို့သမီးလေးတွေ ခန်းမ၊ ဝတ်စုံ ရွေးချယ်တဲ့အခါမှာ ဟိုဟာရွေးရမလား၊ ဒီဟာရွေးရမလားဆိုပြီး ဝေခွဲမရ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ သတို့သမီးလေးကို ကြိုက်တာလုပ်၊ ကြိုက်တာ ရွေးလို့ ပြောမယ့်အစား ပြတ်ပြတ်သားသား ဒါလေးပဲ လုပ်မယ် ဆိုပြီး ကူပြီး ဆုံးဖြတ်ပေးလိုက်ပါ။ ဒါက မင်္ဂလာပွဲကို စိတ်ဝင်စားတဲ့ပုံ ဖော်ပြထားပြီးသား ဖြစ်သလို သတို့သမီးလေးလဲ ပိုအားရှိစေပါတယ်။

ဝတ်စုံရွေးတဲ့အခါ (Image : entertain.v.daum.net)

ကူညီပါ

သတို့သားလေးတွေ မင်္ဂလာပွဲအတွက် ပြင်ဆင်တဲ့အခါမှာ review လေးတွေ တွေ့တဲ့အခါ ပြပေးတာ၊ ဝတ်စုံဒီဇိုင်းလေးတွေ ပြပေးတာမျိုး လုပ်ပါ။ ဒါက သတို့သမီးလေးတွကို ကူညီရာ ရောက်ပါတယ်။ သတို့သမီးလေးတွေက ဘယ်လိုလေး လုပ်ရင် ကောင်းမလဲလို့ တိုင်ပင်တဲ့အခါမှာလည်း အဆင်ပြေသလိုလုပ်လေလို့ ပြောမယ့်အစား နောက်မှ ကူစဉ်းစားပေးမယ်ဆိုတာမျိုးလေးသာ ပြောပါ။ မဟုတ်ရင် စိတ်ခံစားချက်တွေ အဆင်မပြေတာ ဖြစ်နိုင်ပါတယ်။

pre wedding ရိုက်ဖို့ စိတ်အားထက်သန်ပါ

သတို့သမီးလေးနဲ့ သတို့သားတို့ ကတောက်ကဆ ဖြစ်တဲ့ကိစ္စတော်တော်များကတော့ သတို့သားလေးက pre wedding ရိုက်ဖို့ စိတ်မရှည်တာပါပဲ။ pre wedding ရိုက်တဲ့အခါမှာလည်း အပြင်တွေ မသွားချင်ဘူး၊ Indoor ပဲ ရိုက်မယ်ဆိုတာမျိုး မငြင်းပါနဲ့။ pre wedding လှလှလေး ရိုက်ချင်တာက သတို့သမီးလေးတွေရဲ့ အိမ်မက်တစ်ခုဖြစ်တာကြောင့် သတို့သားတို့ဘက်က သေချာလေး လုပ်ဆောင်ပေးပါ။  pre wedding ကို အပိုအလုပ်လို့ မမြင်လိုက်ပါနဲ့နော်။

စီစဉ်ရတာ အဆင်ပြေလားမေးပါ Image : afamily.vn

စီစဉ်ရတာ အဆင်ပြေလားမေးပါ

နောက်တစ်ခုက သတို့သားနဲ့ သတို့သမီးလေးတို့ သတ်မှတ်ထားတဲ့ ငွေပမာဏနဲ့ စီစဉ်တာရော အဆင်ပြေရဲ့လားဆိုတာလည်း သတို့သားလေးက မေးမြန်းပါ။ မလောက်ဘူးဆိုရင်လည်း ဘယ်လိုအရာတွေ လျှော့ချမယ်ဆိုတာလည်း အတူတူ တိုင်ပင်ပါ။ ဒါက မင်္ဂလာပွဲကို စိတ်ရင်းနဲ့ စိတ်ပါဝင်စားတယ်ဆိုတာ ပြသခြင်းပါပဲ။

လိုအပ်တာတွေ အတူတူဝယ်ပါ

သတို့သမီးလေးနဲ့ အတူတူ လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စရှိပါသေးတယ်။ အဲဒါကတော့ ခန်းဝင်ပစ္စည်း ဝယ်ယူတာပါ။ သတို့သားရော သတို့သမီးလေးပါ အတူတူ အသုံးပြုမယ့် ပစ္စည်းတွေ ဝယ်တာဖြစ်တာမို့ အလုပ်အားတဲ့ရက်တွေမှာ အတူတူ ဈေးဝယ်ထွက်ပါ။ ဒါမှ နှစ်ယောက်သားတိုင်ပင်ပြီး ဝယ်ယူရ လွယ်ကူမှာပါ။

သတို့သားလေးတို့ မင်္ဂလာပွဲစီစဉ်တဲ့အခါမှာ သတို့သမီးလေးတွေ စိတ်မညစ်ရလေအောင် အပေါ်က အချက်လေးတွေ စီစဉ်ပေးပါနော်။

Comments

0 comments