သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ မလုပ်ရမယ့်အရာတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်မယ့်နေ့မှာ လုပ်ရမယ့် အချက်တွေရှိသလို မလုပ်ဆောင်ရမယ့် အချက်တွေလည်း ရှိပါတယ်။ မလုပ်ရမယ့် အချက်တွေကို သိပြီး ပြင်ဆင်ထားနော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနေ့မှာ ရင်ခုန်စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။ သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ မလုပ်ရမယ့်  အချက်လေးတွေလည်း ရှိပါတယ်။ ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာတွေ ဖြစ်ဖြစ် မလုပ်ရမယ့် အရာတွေ ရှိပါတယ်နော်။ မင်္ဂလာပွဲချိန်ဆိုတာ အကန့်အသတ်နဲ့မို့ အမှားအယွင်း နည်းအောင် လုပ်ရမှာပါ။ ဘယ်လိုအရာတွေ ရှောင်ရမယ်ဆိုတာ ပြောပြမယ်နော်။

အဆင်မပြေတာကို စိတ်ထဲထည့်ထားတာ (photo: Health Enews)

စကားနည်းလွန်းတာ

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့မှာ စကားနည်းလွန်းတာမျိုး မလုပ်မိပါစေနဲ့။ အရင်က ကိုယ်နဲ့ မရင်းနှီးတဲ့သူတွေကို စကားပြောတဲ့ အလေ့အကျင့်မရှိရင်တောင် မင်္ဂလာပွဲနေ့မှာတော့ ပွဲကိုလာတဲ့ ဧည့်သည်တိုင်းကို ရယ်ပြ၊ စကားပြောတာမျိုး လုပ်ရပါမယ်နော်။ ကိုယ်နဲ့ မသိတဲ့ဧည့်သည်တွေဆိုပြီး စကားနည်းတာမျိုး မလုပ်ပါနဲ့နော်။

အဆင်မပြေတာကို စိတ်ထဲထည့်ထားတာ

သတို့သမီးလေးရေ မင်္ဂလာပွဲမှာ မိတ်ကပ်စိတ်တိုင်းမကျတာ၊ ဝတ်စုံမပြေတာ စတဲ့ အဖုအထစ်တွေ ရှိလာခဲ့ရင်လည်း စိတ်ထဲ တစ်ချိန်လုံး မထည့်ထားပါနဲ့တော့။ အဆင်မပြေတာကိုပဲ ဆက်တိုက်တွေးနေမယ်ဆိုရင် ကျန်တာတွေပါ အဆင်မပြေတာတွေ ဖြစ်နေတတ်တာကြောင့်ပါ။ ဒါကြောင့် အချိန်မီ အဆင်ပြေအောင် လုပ်လို့ မရဘူးဆိုရင်တော့ မေ့ထားလိုက်ပါတော့နော်။

အစားမစားတာ

အစားမစားတာ

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့ မနက်မှာ အစားမစားတာကလည်း မလုပ်သင့်တဲ ကိစ္စတစ်ခုပါပဲနော်။ သတို့သမီးလေးတို့ မနက်စောစောမှာမို့ ဗိုက်မဆာ၊ မစားချင်တာမျိုး ဖြစ်တတ်ပေမယ့် အစားမစားလို့တော့ လုံးဝမရပါဘူးနော်။ ပွဲပြီးတဲ့အထိ ဘာမှမစားဘဲ နေနေရမှာမလို့ တစ်ခုခု စားထားဖို့ လိုအပ်ပါတယ်။

Camera ကို မေ့နေတာ

Camera ကို မေ့နေတာ

သတို့သမီးလေး တော်တော်များများက စိတ်လှုပ်ရှားပြီး ဧည့်ခံရေးကိုသာ ပိုပြီးအာရုံရောက်နေတတ်တာကြောင့် ဓါတ်ပုံရိုက်နေတာ၊ ကင်မရာတွေကို မေ့သွားတတ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ မင်္ဂလာဆောင်မှာ ပုံလှလှလေးတွေ ရချင်တယ်ဆိုရင် ကင်မရာသမားကိုလည်း ကြည့်ဖို့ လိုပါတယ်။ ကင်မရာဆီကို တည့်တည့်လေး ပြုံးပြီးကြည့်နေမှသာ ကိုယ့်ပုံလှလှလေးတွေ ရမှာပါ။ အာရုံတွေများပြီး Camera ကို မေ့မနေပါနဲ့။

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်မယ့်နေ့မှာ လုပ်ရမယ့် အချက်တွေရှိသလို မလုပ်ဆောင်ရမယ့် အချက်တွေလည်း ရှိပါတယ်။ မလုပ်ရမယ့် အချက်တွေကို သိပြီး ပြင်ဆင်ထားနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords