မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်နေရင်း စိတ်ဖိစီးမှုတွေ ခံစားလာရရင်

by: Editor
 0 comments  0 love

စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေနဲ့ မကောင်းတဲ့ ခံစားချက်အတွေးတွေကို အပြီးသတ်မောင်းထုတ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းလေးတွေပါ

 

မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်နေရင်း စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ ခံစားနေရရင် စိတ်မပူဖို့နဲ့ ဒီလိုခံစားနေရတာဟာ သမရိုးကျ ခံစားမှုတွေဆိုတဲ့ အကြောင်း Marry ပြောပြဖူးပါတယ်။ ဒီလို မကောင်းတဲ့ စိတ်ခံစားချက်တွေကို စိတ်ပူဖို့ မလိုပေမယ့် ထိုင်ခံစားနေဖို့လည်း မလိုပါဘူး။ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေအားလုံး ပျော်စရာကောင်းနေဖို့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို အမြန်ဆုံး တိုက်ထုတ်ပစ်ကြရအောင်။

အသက်ဝဝရှူပါ

အသက်ဝဝရှူပါ

မင်္ဂလာပွဲအတွက် ဆောင်ရွက်စရာရှိတာတွေကို လုပ်နေရင်း စိတ်တွေထဲ အရမ်းရှုပ်ထွေးလာတဲ့အခါ အလွယ်ကူဆုံး ကုသနည်းက အသက်ဝဝ ရှုလိုက်ခြင်းပါ။ လေကောင်းလေသန့်ရတဲ့ နေရာမှာ အသက်ဝဝ ခပ်ပြင်းပြင်း ရှုထုတ် ရှုသွင်း အကြိမ် နှစ်ဆယ်လောက် လုပ်ရုံနဲ့ ခေါင်းထဲက သိသိသာသာ ကြည်လင်လာပါလိမ့်မယ်။

လမ်းအနည်းငယ် လျှောက်ပါ

လမ်းအနည်းငယ် လျှောက်ပါ

ညနေခင်း နေအေးတုန်းလေးမှာ လေညှင်းလေးခံပြီး လမ်းလျှောက်လိုက်တာကလည်း တနေ့တာအတွင်း ကြုံတွေ့ခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေနဲ့ ဖိစီးမှုတွေကို သက်သာစေပါတယ်။ သတိပြုရမှာ တစ်ခုက လမ်းလျှောက်တာကို အပန်းဖြေသလို အေးအေးဆေးဆေးလေး လျှောက်ဖို့ပါပဲ။

စိတ်ကို အနားပေးပါ

 

စိတ်ကို အနားပေးပါ

အထူးသဖြင့် သတို့သမီးလေးတွေက မင်္ဂလာပွဲ အတွက် အဆင်မပြေမှာ စိုးရိမ်သောက များတတ်ကြပါတယ်။ အဲ့တော့ မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်နေတဲ့ ကာလ တစ်လျှောက်လုံး  ခေါင်းထဲမှာ  အမြဲတမ်းပဲ မင်္ဂလာပွဲအကြောင်းကို တွေးတောနေတတ်ပါတယ်။ တစ်ခါတစ်ရံတော့ မင်္ဂလာပွဲအကြောင်း တွေးမနေဘဲ စိတ်ကို အနားပေးသင့်ပါတယ်။

အိပ်ရေးဝဝ အိပ်ပါ

အိပ်ရေးဝဝ အိပ်ပါ

အတွေးတွေ များနေရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ပါဘူး။ အိပ်ရေး မဝတာက ဦးနှောက်ကို ထိုင်းမှိုင်း လေးလံစေတဲ့အပြင် စိတ်ကိုလည်း မရွှင်မလန်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဒီကာလတစ်လျှောက်လုံးမှာ အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ အထူးဂရုပြုသင့်ပါတယ်။ မဟုတ်ရင် စိတ်ဖိစီး ပင်ပန်းမှုတွေကို ပိုပြီး ခံစားရနိုင်လို့ပါ။

မလုပ်ရသေးတာတွေ အစား လုပ်ပြီးသားတွေကို ကြည့်ပါ

လုပ်ပြီးသားတွေကို ကြည့်ပါ

အစိုးရိမ်လွန်တဲ့ သတို့သမီးလေးတွေက ဟိုဟာလည်း မလုပ်ရသေးဘူး၊ ဒီဟာလည်း မပြီးသေးဘူးဆိုပြီး စိုးရိမ်စိတ်တွေများပြီး စိတ်ဖိစီး တတ်ကြပါတယ်။ မင်္ဂလာပွဲ အတွက် စီစဉ်စရာတွေက အင်မတန်များလှသလို အဲ့ကိစ္စတွေတစ်ခုစီတိုင်းက တစ်ကြိမ်တည်း တစ်ရက်တည်းနဲ့ လုပ်ဆောင်လို့ ပြီးနိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။

ဒီတော့ ဘာတွေက အပြီးမသတ်သေးဘူးလို့ စိုးရိမ် ပူပန်နေမယ့်အစား၊ ဘာတွေကို ဘယ်လောက်ထိ လုပ်ပြီးသွားပြီဆိုတဲ့ စာရင်းကို ကြည့်ပြီး လိုအပ်တာတွေကို ခေါင်းအေးအေးနဲ့ တစ်ဆင့်ချင်း လုပ်ဆောင်သွားရမယ်ဆိုရင် စိတ်ဖိစီးမှုတွေနဲ့ ရင်မဆိုင်ရတော့ဘူးပေါ့။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with

Tag: ideaadvicehow to plan

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords