Package တွေနဲ့ မင်္ဂလာပွဲ စီစဉ်ကျင်းပမယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  2 love

သတို့သား သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် Packageအပ်မယ်ဆိုရင် သိရမယ့် အချက်တွေကို သိထားပြီးပြီဆိုရင်တော့ Review လေးတွေများများဖတ်ပါနော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ ကျင်းပဖို့အတွက် စီစဉ်ရမယ့် အချက်တွေနဲ့ စီစဉ်တဲ့ပုံစံတွေကတော့ များပါတယ်။ စီစဉ်ကြတဲ့ပုံစံမှာဆိုရင်တော့ ကိုယ်တိုင်အစအဆုံး တစ်ခုချင်းစီ လုပ်ဆောင်တာ၊ planner ကို အပ်တာ ဒါမှမဟုတ် အပြီးအစီးပါဝင်တဲ့ Package တွေယူပြီး စီစဉ်တာမျိုးပါ။ Package တွေကလည်း ဝန်ဆောင်မှု တစ်ခုချင်းဆီမှာ အမျိုးမျိုး ရှိနေမှာမို့ သေချာလေးတော့ ရွေးချယ်ဖို့ လိုပါတယ်။ ဒီတော့ Package အပ်ပြီး စီစဉ်မယ့် သတို့သား၊ သတို့သမီးလေးတို့အတွက် သိထားသင့်တာလေးတွေ ရှိပါတယ်။

ကုန်ကျစရိတ် ကြည့်ပါ (photo: Stack Overflow)

(၁) ကုန်ကျစရိတ်ကို ကြည့်ပါ

စုံတွဲလေးတို့ အဓိကထားပြီး ရွေးချယ်ရမှာက ကုန်ကျစရိတ်ဆိုတော့ Package တွေရဲ့ ကုန်ကျစရိတ်ကို အရင်တွက်ပါ။ ဟိုတယ်ခန်းမဆိုရင် အစားအသောက်၊ ဓါတ်ပုံ၊ ပန်းအပြင်အဆင် တော်တော်များများက Package တွေ ရှိပါတယ်။ အဲဒီလိုမျိုး ဝန်ဆောင်မှု တစ်ခုချင်းစီကို စုစည်းထားတဲ့ Package တွေလည်း ရှိပါတယ်။ မင်္ဂလာပွဲအတွက် (၁၅) သိန်းတန်မှာဆိုရင် ဘာတွေ ပါဝင်မယ်ဆိုတာမျိုးပေါ့။ ကိုယ်မှန်ထားတဲ့ ကုန်ကျစရိတ်ကိုကြည့်ပြီးတော့ Package ယူပြီး ဘယ်လောက်ထပ်ပြီး ကုန်ကျမလဲဆိုတာကို တွက်ပါ။ ဥပမာ package က (၁၅) သိန်းဆိုရင် အဲဒီ(၁၅) သိန်းအပြင် ဘယ်လောက်ကုန်ကျမလဲပေါ့။ Package အပ်ပြီး နောက်ထပ် စီစဉ်ရမယ့် စရိတ်ကလည်း များနေရင်တော့ အဆင်မပြေနိုင်ပါဘူးနော်။

သေချာရွေးပါ (photo: Squaw Valley Lodge)

(၂) Package ရွေးရင်

စုံတွဲလေးတို့ Package ရွေးတဲ့အခါ သူ့ဆီမှာ ဘာတွေ ပါဝင်မလဲဆိုတာကို အရင်ဆုံးမေးရမှာပါ။ Package မှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေက တကယ့်ကို အဆင်ပြေစေပြီး ညှိနှိုင်းတာတွေ လုပ်လို့ရမယ့် အရာတွေ ဖြစ်ဖို့ လိုပါတယ်။ အတတ်နိုင်ဆုံးတော့ သတို့သားနဲ့ သတို့သမီးလေးတို့ ကိုယ်တိုင်အသေးစိတ်တခုချင်း မဆောင်ရွက်နိုင်တာကို Package အပ်ပါ။ ဓါတ်ပုံမှာဆိုရင်လည်း ပုံအသေး၊ ပုံအကြီး ဘယ်လောက်ပါဝင်မယ်၊ အပိုဆောင်းထပ်ယူရင် ဘယ်လောက်ထပ်ပေးရမလဲ ဒါတွေမေးရမှာပါ။ အဓိကကတော့ လိုတိုးပိုလျှော့ လုပ်ပေးမလား၊ မင်္ဂလာတစ်ပွဲလုံးစာ package တွေဆိုရင် ဝန်ဆောင်မှု(၇၀%) လောက်ပြီးစီးမယ့်ဟာကိုပဲ ရွေးပါနော်။

Squaw Valley Lodge

(၃) အရည်အသွေး

Package အပ်မယ်ဆိုရင် အဲဒီPackage မှာ ပါဝင်မယ့် ဝန်ဆောင်မှုတွေရဲ့ အရည်အသွေး၊ ကောင်းတဲ့အချက်နဲ့ ဆိုးတဲ့အချက်တွေ အားလုံး သိထားဖို့ လိုပါတယ်။ တခြားနေရာက Package တွေကရော ဘယ်လိုရှိလဲဆိုတာ စုံစမ်းပြီးမှ ရွေးပါနော်။ အဓိကကတော့ ကိုယ့်ကို ပြောထားတဲ့ အချက်တွေနဲ့ ကုန်ကျစရိတ်ကိုက်ညီရဲ့လားဆိုတာ စဉ်းစားပါ။

သတို့သား သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် Packageအပ်မယ်ဆိုရင် သိရမယ့် အချက်တွေကို သိထားပြီးပြီဆိုရင်တော့ Review လေးတွေများများဖတ်ပါနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords