Advertisement

Budget Plan အတွက်ကတော့  ပိုက်ဆံ ဘယ်လောက်သုံးမလဲဆိုတာ အရင်ဆုံးဖြတ်ရမှာပါ။ မင်္ဂလာပွဲအတွက် အကုန်အကျ ခံဖို့  တိကျတဲ့ ပမာဏ တစ်ခု သတ်မှတ်ပါ။

မင်္ဂလာပွဲအတွက် Plan စဆွဲ ဖို့ အရေးအကြီးဆုံးကဘာလဲ

Marry ရဲ့ မောင်နှံလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲ ကျင်းပဖို့ အတွက် Plan ဆွဲဖို့ စပြီး စဉ်းစားလိုက်ပြီဆိုတာနဲ့ ထည့်တွက်ရမယ့် အဓိက အချက်ကတော့ နှစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ အချိန်နဲ့ငွေကြေးပါ။ မင်္ဂလာဆောင်ဖို့ စပြီး အစီအစဉ်ဆွဲတဲ့ အချိန်နဲ့ တကယ်မင်္ဂလာဆောင်တဲ့ အချိန်ကြားမှာ ဘယ်လောက်ကွာသလဲ ဆိုတဲ့အချက်ရယ်  ဒီမင်္ဂလာပွဲအတွက် ငွေဘယ်လောက် အကုန်ခံမှာလဲ ဆိုတဲ့ အချက်ရယ် အပေါ် မူတည်ပြီး Plan ဆွဲရပါမယ်။

Time Plan

စီစဉ်တဲ့အချိန်က တစ်နှစ်လောက်ရှိနေရင် အကောင်းဆုံးပါ

မင်္ဂလာပွဲအတွက် စီစဉ်တဲ့အချိန်က တစ်နှစ်လောက်ရှိနေရင် အကောင်းဆုံးပါ။ ဒါပေမယ့် အချိန် ရှစ်လအတွင်း နဲ့ ခြောက်လအတွင်းမှာ အပြီးပြတ် စီစဉ်လိုက်ရတဲ့ မင်္ဂလာပွဲတွေလည်း ရှိပါတယ်။ အဓိကကတော့ မင်္ဂလာဆောင်ဖို့ နှစ်ရက်အလိုမှာ အားလုံး အဆင်သင့် ဖြစ်နေဖို့ရယ် ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပြီး Plan ချထားဖို့ပါပဲ။ စာအုပ်ထဲမှာ ရေးမှတ်ပြီး Plan ဆွဲထားတာထက် နေရာလွတ် ခပ်များများနဲ့ အကွက်ကြီးကြီးပါတဲ့ ပြက္ခဒိန်ပေါ်မှာ Plan ချသင့်ပါတယ်။ ကိုယ်ချမှတ်ထားတဲ့ Plan ထဲက အစီအစဉ်တွေကို မမေ့သွားအောင်လို့ ပြက္ခဒိန်ကို မြင်သာ ထင်သာရှိတဲ့နေရာမှာ ထားရပါမယ်။ မေ့တတ်ရင်တော့ ဖုန်းထဲက Reminder မှာ မှတ်ထားပါ။ သူက သတိပေးလိမ့်ပါမယ်နော်။ မင်္ဂလာ မဆောင်ခင် ဘယ်နှစ်လအလိုမှာ ဘာတွေကို ပြီးအောင် လုပ်ထားသင့်သလဲဆိုတာတွေလည်း Marry က အကြံပေးထားတာတွေ ရှိတဲ့အတွက်  အဲ့ဒါလေးတွေ လေ့လာပြီးလည်း Plan ချလို့ ရတယ်နော်။

Budget Plan

ပိုက်ဆံ ဘယ်လောက်သုံးမလဲဆိုတာ အရင်ဆုံးဖြတ်ရမှာပါ

Budget Plan အတွက်ကတော့  ပိုက်ဆံ ဘယ်လောက်သုံးမလဲဆိုတာ အရင်ဆုံးဖြတ်ရမှာပါ။ မင်္ဂလာပွဲအတွက် အကုန်အကျ ခံဖို့  တိကျတဲ့ ပမာဏ တစ်ခု သတ်မှတ်ပါ။ ပြီးရင်တော့ ငွေကုန်မယ့် ကိစ္စ မှန်သမျှတွေကို နံပါတ်စဉ် တပ်ပြီး စာရင်းလုပ်ရပါမယ်။ နောက်၂ဆုံးမှာတော့  ဘယ်နေရာအတွက် ပိုက်ဆံ ဘယ်လောက်သုံးမလဲ ဆိုတာ ခွဲဝေ သတ်မှတ်ရပါမယ်နော်။

Comments

0 comments
Advertisement