
စုံတွဲလေးတို့အတွက် အပြည့်စုံဆုံး Wedding Plan(Photo – I dO)
ချစ်သူနှစ်ဦးက တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဘဝခရီးရှည်ကြီးကို အတူ ဖြတ်သန်းကြဖို့ ဆုံးဖြတ်ချက်တွေ ခိုင်မာသွားပြီ ဆိုတဲ့အချိန်မှာ လက်ထပ်ကြဖို့ စပြီး စဉ်းစားရပြီလေ။ ဒီတော့ လက်ထပ်မင်္ဂလာပွဲတစ်ခုကို အောင်အောင် မြင်မြင် ကျင်းပနိုင်ဖို့ လိုအပ်ချက်တွေ၊ ကြိုတင် ပြင်ဆင်ရမယ့် အရာတွေလည်း ရှိလာပြီပေါ့နော်။ Marry ကနေပြီးတော့ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတွေကို ပြောပြပေးချင်တာက မင်္ဂလာဆောင်ဖို့ အတွက် နှစ်ဦးသား သဘောတူ တိုင်ပင်ပြီးကြပြီဆိုရင် ဘာတွေကို စလုပ်ရမလဲ ဆိုတာကိုပါ။ Marry နဲ့အတူတူ မင်္ဂလာပွဲအတွက် စတင် စီစဉ်ကြရအောင်။
နံပါတ်(၁)
မင်္ဂလာပွဲအတွက် အစီအစဉ် စဆွဲပြီဆိုရင် အချိန်တစ်နှစ် သို့မဟုတ် အချိန် ဆယ်လလောက် အချိန်ယူဖို့ လိုအပ်ပါတယ်။ နှစ်ဦးသဘောတူ လက်ထပ်ဖို့ သဘောတူညီပြီးသွားပြီ ဆိုရင် ပထမဦးဆုံး အဆင့်က နှစ်ဖက် မိဘ အသိုင်းအဝိုင်းကို မင်္ဂလာသတင်း အသိပေးဖို့ပါ။ စေ့စပ်ပွဲ လုပ်လိုတဲ့သူတွေကတော့ ဒီအချိန်မှာ စေ့စပ်ပွဲကျင်းပပြီး အသိမိတ်ဆွေတွေကို မင်္ဂလာပွဲ သတင်းပေးဖို့ လိုအပ်ပါတယ်။
နံပါတ်(၂)
ဘယ်လောက်လောက် ငွေအကုန်အကျခံပြီင်္း မင်္ဂလာပွဲကို ကျင်းပမလဲ ဆိုတာရယ်၊ ဘယ်သူက ဘယ်ကုန်ကျစရိတ်တွေကို ကျခံမလဲ ဆိုတာရယ်ကို နှစ်ဦးသဘောတူ တိုင်ပင် ဆုံးဖြတ်ပါ။
နံပါတ်(၃)
ဖိတ်ကြားမယ့် ဧည့်သည် စာရင်းကို အတည်ပြု စာရင်းလုပ်ပါ။
နံပါတ်(၄)
ပြက္ခဒိန်ကြည့်ပြီး ရက်ကောင်းရက်သာ ရွေးပါ။ ဗေဒင်ဆရာတွေဆီ မေးမြန်းတာတို့ နှစ်ဖက် အသိုင်းအဝိုင်းက လူကြီးမိဘတွေနဲ့ တိုင်ပင် ညှိနှိုင်းတာတို့ ပြုလုပ် ရပါမယ်။
နံပါတ်(၅)
မင်္ဂလာပွဲ ကျင်းပမယ့် ပုံစံကို ရွေးချယ်ပါ။ ဧည့်ခံပွဲ၊ ဆွမ်းကျွေးပွဲ၊ ညစာစားပွဲ အစရှိတာမျိုးကို ပြောတာပါ။ မင်္ဂလာပွဲကို တစ်ပွဲပဲ ကျင်းပတဲ့ စုံတွဲတွေ ရှိသလို နှစ်ပွဲ သုံးပွဲ ကျင်းပချင်တဲ့ စုံတွဲတွေလည်း ရှိပါတယ်။ နံပါတ် (၂) အချက်မှာ သဘောတူခဲ့တဲ့ ငွေကြေး ပမာဏအပေါ် မူတည်ပြီး အခု မင်္ဂလာပွဲ ကျင်းပမှုပုံစံကို စဉ်းစားရမှာပါနော်။
နံပါတ်(၆)
အင်တာနက် ၊ ဝဘ်ဆိုဒ်တွေ ကြည့်ပြီး မင်္ဂလာပွဲအတွက် အကြံဥာဏ်တွေ ရယူပါနော်။ Marry တို့ရဲ့ www.marry.com.mm မှာဆိုရင် သတို့သား၊ သတို့သမီးလေးတို့ အတွက် အကြံဥာဏ်ကောင်းတွေ အများကြီး ရှိပါတယ်နော်။
နံပါတ်(၇)
မင်္ဂလာပွဲ ကျင်းပပြီးသွားတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ ဖုန်းဆက်ပါ။ မင်္ဂလာပွဲနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေကို စပ်စုပါ။
နံပါတ်(၈)
မင်္ဂလာဆောင် ဓာတ်ပုံတွေ ကြည့်ပါ။ မင်္ဂလာဆောင် ဝတ်စုံ ဒီဇိုင်းတွေကို ကြည့်ပါ။
နံပါတ်(၉)
ဟန်းနီးမွန်းကို ဘယ်နေရာသွားမလဲ ကြိုတင် စဉ်းစား ရွေးချယ်ပါ။ အဲ့ဒေသမှာ ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အကြောင်း စုံစမ်းပါ။
နံပါတ်(၁၀)
မင်္ဂလာ ဧည့်ခံပွဲ ကျင်းပဖို့ ရွေးချယ်ထားတဲ့ ဟိုတယ် (သို့မဟုတ်) ခန်းမကို မရောက်ဖူးဘူး ဆိုရင် ကိုယ်တိုင် တစ်ခေါက်သွားကြည့်ပါ။
မင်္ဂလာဆောင်ဖို့ကတော့ သေချာသွားပြီ မင်္ဂလာပွဲအတွက် ဘယ်ကစလို့ စရမယ်မှန်း မသိသေးရင်တော့ အစစ အရာရာ အဆင်ပြေတဲ့ မင်္ဂလာပွဲ တစ်ပွဲ ဖြစ်မြောက်ဖို့ အတွက် Marry အခု ပြောပြသွားတဲ့ အတိုင်းသာ လုပ်ပါနော်။
Comments