မင်္ဂလာခန်းမကို ပြင်ဆင်တော့မယ်ဆိုရင် ဒါလေးကိုပါ သတိရပေးပါ

by: seng yar
 0 comments  1 love

ခန်းမချည်းနဲ့ အဆင်ပြေမှာ မဟုတ်တဲ့အတွက် ခန်းမအတွက် ပြင်ဆင်တော့မယ်ဆိုရင် ခန်းမအတွင်း အပြင်အဆင်တွေ အတွက်ကိုပါ ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ်နော်။ 

 

မင်္ဂလာခန်းမကို အလှဆုံး ပြင်ဆင်မယ် (Photo:dcortion.win)

Marry ရဲ့ မောင်နှံလေးတို့ရေ မင်္ဂလာပွဲလေးအတွက် ပြင်ဆင်နေပြီလား။ မင်္ဂလာပွဲလေးအတွက် ပြင်ဆင်တော့မယ်ဆိုရင် အရင်ဆုံးပြင်ဆင်ရမယ့်အရာက ဘာဖြစ်မယ် ထင်ပါသလဲ။ Marry ကတော့ မင်္ဂလာပွဲလေး ကျင်းပဖို့ နေရာလို့ ဆိုချင်ပါတယ်။ မင်္ဂလာပွဲလေး ပြုလုပ်မယ့်ခန်းမလေးကို အရင်ဆုံး ကြိုတင် ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်နော်။ ခန်းမလေးက သေချာသွားပြီဆိုမှ ကျန်တဲ့အရာလေးတွေကို ဆက်လက် ပြင်ဆင်လိုက်ပါနော်။ မင်္ဂလာခန်းမကို ပြင်ဆင်တော့မယ်ဆိုရင် ခန်းမနဲ့ဆိုင်ပြီး တခါတည်း ပြင်ဆင်ရမယ့်အချက်လေးတွေကို Marry က ပြောပြပေးမယ်နော်။

ခန်းမ အပြင်အဆင်

ခန်းမ ဌားရင် ခန်းမ အပြင်အဆင် အတွက် ဘာတွေပါ ပြင်ဆင်ပေးမလဲ ဆိုတာကို တခါတည်း သေသေချာချာလေး မေးမြန်းရမှာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ခန်းမဌားတယ်ဆိုရင် မင်္ဂလာမောင်နှံတို့အတွက် စတိတ်စင်နဲ့ ထိုင်ခုံလေးတွေကိုပဲ ပြင်ဆင်ပေးတတ်ကြလို့ပါ။ တခြား မင်္ဂလာခန်းမ အတွက် လိုအပ်တဲ့ လျှောက်လမ်းတွေလိုမျိုးအတွက်ကိုတော့ သပ်သပ် ပြန်လည် ဌားရမ်းရတာမို့လို့ပါ။ ဒီအရာလေးတွေကိုတော့ Wedding Planner ကို အပ်မယ်ဆိုရင် သူတို့တွေက တခါတည်း ပြုလုပ်ပေးလိုက်တာမျိုးတော့ ရှိပါတယ်။ ခန်းမချည်းနဲ့ အဆင်ပြေမှာ မဟုတ်တဲ့အတွက် ခန်းမအတွက် ပြင်ဆင်တော့မယ်ဆိုရင် ခန်းမအတွင်း အပြင်အဆင်တွေ အတွက်ကိုပါ ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ်နော်။

နောက်ခံလေးကို ပြင်ဆင်မယ် (Photo:my dream)

စတိတ်စင် နောက်ခံ

ဒီအချက်ကိုတော့ အဓိကထားပြင်ဆင်ပေးပါနော်။ မင်္ဂလာပွဲလာတဲ့ ဧည့်သည်တော်တွေအနေနဲ့က ခန်းမထဲ ဝင်လိုက်တာနဲ့ အရင်ဆုံး စတိတ်စင်ကို ကြည့်မိတတ်ပါတယ်။ စတိတ်စင် အပြင်အဆင်ရယ်၊ နောက်ခံ မင်္ဂလာမောင်နှံလေးတို့ နာမည်ရယ်ကို သေချာ ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ မင်္ဂလာအခမ်းအနား ပြုလုပ်နေတဲ့ တစ်လျှောက်လုံးလည်း ဒီနေရာလေးရဲ့ ရှေ့မှာပဲ မင်္ဂလာမောင်နှံလေးတို့က ရှိနေရမှာပဲ ဖြစ်တာကြောင့်မို့လို့ပါ။

မင်္ဂလာပွဲ ပြုလုပ်မယ့်နေရာလေးအတွက် ပြင်ဆင်တဲ့အချိန်မှာ ခန်းမကိုပဲ ပြင်ဆင်ဖို့လောက်နဲ့ မရပါဘူးနော်။ ခန်းမ အပြင်အဆင်နဲ့ စတိတ်စင်ကိုလည်း သတိတရ ပြင်ဆင်ပေးဖို့ အရေးကြီးတဲ့အကြောင်းကို သတိပေးလိုက်ရပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles