သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက် ဘာကြောင့် Honest review ဖတ်ဖို့လိုတာလဲ

by: Phyo Pyae Thu
 0 comments  1 love

ကိုယ့်ရဲ့ မင်္ဂလာပွဲလေး လှလှပပ ပြည့်ပြည့်စုံစုံ ပြီးမြောက်ဖို့ဆိုရင် Honest review လေးတွေ များများ ဖတ်ပြီး ဝန်ဆောင်မှုတွေ ဆောင်ရွက်ဖို့ မမေ့ပါနဲ့နော်။

သတို့သမီ့းလေးတို့ရေ  မင်္ဂလာပွဲစီစဉ်တော့မယ်ဆိုရင် ပွဲမှာ ဆောင်ရွက်ရမယ့် ကိစ္စအားလုံး ဝယ်ယူပြင်ဆင်နိုင်ဖို့အတွက် စီနီယာစုံတွဲလေးတွေဆီကနေ စနည်းနာ ကြတယ်မလား၊ စီနီယာ စုံတွဲလေးတို့ရဲ့ အဆင်ပြေမှု မပြေမှုတွေအားလုံး သိပြီဆိုတော့မှ စုံတွဲလေးတို့ ဆောင်စရာရှိတာ ဆောင်၊ ရှောင်စရာ ရှိတာ ရှောင်ပြီး ပွဲအတွက် စီစဉ်ကြတယ်မလားနော်။ တစ်ခုချင်းဆီကို အသေးစိတ် လိုက်ပြီး မစီစဉ်နိုင်တဲ့ စုံတွဲလေးတော်တော်များများအတွက် Honest Review က တကယ့်ကို အရေးကြီးပါတယ်နော်။ ဒါမှ ကိုယ်နဲ့ သင့်တော်မယ်ထင်တာလေးတွေကို ရွေးချယ် ဖြစ်မှာပါ။

Review တွေကိုကြည့်ပါ

သတို့သား၊သတို့သမီိးလေးတို့အနေနဲ့ Honest Review တွေ များများလေး ဖတ်မယ်ဆိုရင် ဘယ်ဝန်ဆောင်မှုက အဆင်ပြေပြီး ဘယ်ဝန်ဆောင်မှုကတော့ ကိုယ်နဲ့ မကိုက်ညီဘူးဆိုတာ သိရမှာပါ။ မင်္ဂလာဆောင် စီစဉ်တဲ့အခါမှာ ဟိုဆိုင်ကောင်းနိုးနိုး၊ ဒီဆိုင်ကောင်းနိုးနိုး ရွေးချယ်ရခက်နေရင်တော့ Review တွေကိုကြည့်ပါ။ ကောင်းတဲ့ဘက် ကိုယ်နဲ့အဆင်ပြေတဲ့ဘက်ကို % ပိုများတာရွေးပါ။ သူများတွေနဲ့ အဆင်ပြေပြီး ကိုယ်နဲ့ကျမှ အဆင်မပြေတာတွေလည်း ရှိတတ်တာကိုတော့ သတိပြုပေးပါနော်။

 

Honest Review များများဖတ်သင့်တဲ့ မင်္ဂလာဆောင်ကိစ္စတွေ

Honest Review များများဖတ်သင့်တဲ့ မင်္ဂလာဆောင်ကိစ္စတွေ (photo:TuArt Wedding – Da Nang)

မိတ်ကပ်၊ ဆံထုံး

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ မိတ်ကပ်အဆင်မပြေရင် စိတ်ညစ်ရမှာပါ။ သတို့သမီးလေး တော်တော်များများလည်း မိတ်ကပ်နဲ့ ပတ်သက်ပြီး Review လေးတွေ ပိုဖတ်ကြပါတယ်။ အချိန်နောက်ကျတတ်တာ၊ ဝန်ဆောင်မှု အဆင်မပြေတာစတဲ့ Honest review လေးတွေ သိရတယ်ဆိုရင်တော့ သတို့သမီးလေးတို့ သေချာလေး စဉ်းစားဖို့ လိုပါတယ်။

အကျွေးအမွေး

အကျွေးအမွေးက ဟိုတယ်ကနေပဲ Package ယူတာ၊ ကိုယ်တိုင်စီစဉ်တာ အစရှိသလို လုပ်ဆောင်လို့ ရပါတယ်။ ဟိုတယ်ပဲ ဖြစ်ဖြစ် အော်ဒါမှာတာပဲ ဖြစ်ဖြစ် အကျွေးအမွေးမှာ သေချာလေး စီစဉ်ဖို့လိုပါတယ်။ အမြည်းစမ်းစားခွင့် မရှိဘူးဆိုရင် စီနီယာတွေဆီက Honest review လေးတွေ များများဖတ်ပါ။ အကျွေးအမွေး၊ ပန်းကန်၊ ထိုင်ခုံ၊ ဧည့်ခံရေး စတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း Review ကောင်းတာလေး ရွေးချယ်ပါ။

ဝတ်စုံ

သတို့သား၊ သတို့သမီးလေးတို့အတွက် ဝတ်စုံကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ ကျက်သရေ ရှိရှိ လှပဖို့အတွက် ဝတ်စုံလည်း လိုအပ်တာမို့ သူ့ရဲ့ Review လည်း လိုပါတယ်။ ဝတ်စုံလည်း ကုန်ကျစရိတ်၊ ချုပ်ပုံ၊ ဒီဇိုင်းတွေပေါ် မူတည်ပြီး အဆင်ပြေတာ မပြေတာတွေ ရှိတာမို့ သေချာရွေးရပါမယ်နော်။

ဓါတ်ပုံ

ဓါတ်ပုံကတော့ အမှတ်တရတွေကို အမြဲအသက်ဝင်နေစေမယ့် အရာပါ။ ဓါတ်ပုံတွေ မလှဘူးဆိုရင် ပြန်ကြည့်တိုင်း စိတ်ညစ်နေရမှာပါ။ အဲဒါကြောင့် Pre wedding ရော မင်္ဂလာပွဲနေ့မှာပါ ဓါတ်ပုံလှဖို့ လိုတာမို့ Honest review မဖြစ်မနေ လိုအပ်ပါတယ်နော်။

သတို့သား၊ သတို့သမီးလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲလေး လှလှပပ ပြည့်ပြည့်စုံစုံ ပြီးမြောက်ဖို့ဆိုရင် Honest review လေးတွေ များများ ဖတ်ပြီး ဝန်ဆောင်မှုတွေ ဆောင်ရွက်ဖို့ မမေ့ပါနဲ့နော်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles