အိမ်ထောင်ကျပြီးနောက်မှာ မိသားစုနဲ့ ပတ်သက်ပြီး စုံတွဲလေးတို့ ပြုပြင်ရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ အိမ်ထောင်ပြုပြီးနောက်မှာ ပြင်ဆင်ထားတဲ့အချက်တွေ ပြင်မှသာ နှစ်ယောက်စလုံးအတွက် သာယာတဲ့ အိမ်ထောင်ရေးလေး ရရှိနိုင်မှာပါနော်။ 

အိမ်ထောင်ကျပြီးနောက်မှာ (photo: www.freepik.com)

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးပြီဆိုရင်တော့ အရင်အပျို၊ လူပျို ဘဝနဲ့ ဘယ်တူတော့မလဲနော်။ ပြင်ရဆင်ရမှာတွေ အများကြီး ရှိပါတယ်။ အရင်တုန်းက ပုံစံတွေထဲက ပြောင်းသင့်တာတွေ ပြောင်းမှသာ အိမ်ထောင်ရေး အဆင်ပြေမှာ ဖြစ်သလို မိသားစုဝင်တွေနဲ့ ဆက်ဆံရတာလည်း အဆင်ပြေမှာပါ။ ဒီတော့ အိမ်ထောင်ကျပြီးနောက်မှာ ဘာတွေ ပြုပြင်ရမလဲဆိုတာ ပြောပြမယ်နော်။

မိသားစုနဲ့ ဆက်ဆံရေး (photo: dissolve.com)

မိသားစုနဲ့ ဆက်ဆံရေး

စုံတွဲလေးတို့ အိမ်ထောင်ကျပြီးနောက်မှာ မိသားစုနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ အပြောအဆိုတွေကအစ ဂရုစိုက်ဖို့ လိုပါတယ်နော်။ အရင်တုန်းက မောင်နှမအချင်းချင်း ဘာပဲပြောပြော ကိစ္စ မရှိပေမယ့် သူစိမ်းပါလာတဲ့အခါ စိတ်ဆိုးတာတွေ၊စိတ်ခုတာတွေ ဖြစ်တတ်တဲ့အတွက် အပြောအဆိုတွေလည်း ဆင်ခြင်ဖို့ လိုပါတယ်။ နောက်ပြီးတော့ မိသားစုအလုပ်တွေ ကူလုပ်ပေးတာမျိုးလည်း ရှိပါတယ်။ အိမ်ထောင်မကျခင်ကတော့ မိသားစု အလုပ်ကို မကူညီပေးလည်း ပြဿနာ မရှိပေမယ့် အိမ်ထောင်ကျပြီးမှ မကူညီဘူးဆိုရင်တော့ အိမ်ထောင်ကျသွားလို့ မကူညီတာလားဆိုပြီး အပြစ်မြင်လာတတ်ပါတယ်။ နောက်တစ်ခုကတော့ မင်္ဂလာဆောင်ပြီး အိမ်ခွဲမနေတဲ့ အိမ်ရှင်မလေးတွေ ပြင်ရမယ့် အချက်ပါ။ အရင်က အိမ်မှာ ” ထမင်းကူမချက်ပေးဘူး”၊  အိမ်မှုကိစ္စတွေ မကူပေးဘူး” ဆိုတာက အဆင်ပြေပေမယ့် အမျိုးသားပါ ရှိလာပြီဆိုရင်တော့ အဲဒီလိုလုပ်လို့ မရပါဘူးနော်။

အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး

 

အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် အိမ်ထောင်ကျသွားပြီးပြီဆိုရင်တော့ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးကိုလည်း ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ အပေါင်းအသင်းတွေနဲ့ အပြင်ထွက်တာ၊ တခြားကောင်လေး/ ကောင်မလေးနဲ့ အရမ်းရင်းနှီးလွန်းတာတွေကို လျှော့ပါ။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို အချိန်ပိုပေးပါ။

အလုပ်ခွဲခြားတာ

အိမ်မှာလိုမျိုး ” မလုပ်ချင်ဘူး” လို့ ပြောလို့ မရတော့ပါဘူးနော်။ အိမ်ထောင်ကျပြီးရင်တော့ ယောက်ျားနဲ့ မိန်းမ အလုပ်တွေ မခွဲခြားနေဘဲ အိမ်အလုပ်တွေ၊ အပြင်အလုပ်တွေ နှစ်ယောက်အတူတူ လုပ်ဖို့ လိုပါတယ်။ အလုပ်ခွဲခြားတတ်တဲ့အကျင့်ကို စွန့်ပစ်ခဲ့ပါနော်။

ပိုက်ဆံကိစ္စ မတိုင်ပင်တာ

အရင်ကတော့ ကိုယ်ရှာတဲ့ပိုက်ဆံကို ကိုယ်တိုင်စိတ်ကြိုက်သုံးနိုင်ပေမယ့် အိမ်ထောင်ကျပြီိးပြီိဆိုရင်တော့ ပိုက်ဆံကိစ္စကို နှစ်ယောက်အတူတူ တိုင်ပင်ပြီးမှသာ သုံးပါ။ နှစ်ယောက်စလုံး အိမ်ထောင်ပြုပြီးရင် ပြင်ရမယ့် အချက်ကတော့ အဲဒီအချက်ပါပဲနော်။

စုံတွဲလေးတို့ရေ အိမ်ထောင်ပြုပြီးနောက်မှာ ပြင်ဆင်ထားတဲ့အချက်တွေ ပြင်မှသာ နှစ်ယောက်စလုံးအတွက် သာယာတဲ့ အိမ်ထောင်ရေးလေး ရရှိနိုင်မှာပါနော်။ 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords