Advertisement

ချစ်တို့ရေ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားမယ်လို့ တွေးထားရင်တော့ ဒီအရာတွေကြားကနေ ရုန်းထွက်ခဲ့ပါနော်။

လူ့ဘဝခဏတာလေးမှာ ကိုယ့်စိတ်ချမ်းသာဖို့ ဂရုစိုက်ရမယ်နော်။ ကိုယ့်စိတ်ချမ်းသာမှ ရုပ်ရော ကျန်းမာရေးရော ကောင်းမှာလေ။ လူရယ်လို့ ဖြစ်လာရင် စိတ်ညစ်စရာတွေ ရှိတတ်ကြတာ ထုံးစံဆိုပေမယ့် တစ်ခါတလေတော့ ကိုယ့်ကိုယ်ကို နစ်မွန်းအောင် နှစ်ပြီး စိတ်မချမ်းမသာ ဖြစ်နေတတ်ပါတယ်။ ဒီတော့ ကိုယ့်ကို စိတ်မချမ်းသာစေတဲ့ အရာတွေကို ခုကစပြီး စွန့်လွှတ်လိုက်ရအောင်။

နှိုင်းယှဥ◌်တတ်တာ

ကိုယ့်ရဲ့စိတ်ချမ်းသာဖို့ဆိုရင် နှိုင်းယှဥ◌်တတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုပါတယ်။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဥ◌်နေပြီး ကိုယ်ကသူ့လောက် မတော်ဘူး မတတ်ဘူး မအောင်မြင်ဘူးဆိုပြီး စိတ်သောက ရောက်နေတာတွေက ကိုယ့်ကိုယ်ကို စိတ်မချမ်းသာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ ဒီအကျင့်ကို ဖျောက်ပစ်ရမယ်နော်။

http://www.businessworld.in/

စိုးရိမ်ကြောင့်ကြတာ

စိုးရိမ်ကြောင့်ကြတတ်တာက ကိုယ့်ကိုယ်ကို စိတ်မချမ်းသာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ စိုးရိမ်ပူပန်ပြီး အတွေးတွေ လွန်နေတာမို့ စိတ်ညစ်ညူးနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားမယ်လို့ တွေးရင်တော့ စိုးရိမ်ကြောင့်ကြတာကို ဖယ်ထုတ်ခဲ့ပါ။

သူများဘဝတွေကို လိုက်မကြည့်ပါနဲ့

တစ်ခါတလေမှာ သူများဘဝတွေကို လိုက်ကြည့်ပြီး ဟိုလူက ဟိုလို ဒီလူကတော့ ဒီလိုနဲ့ ကိုယ့်စိတ်ထဲမှာ မငြိမ်းမချမ်း ဖြစ်နေတတ်ပါတယ်။ ပြီးရင် ကိုယ့်ဘဝနဲ့ နှိုင်းယှဥ◌်ပြီး အားမလို အားမရတွေဖြစ်ပြီး ပူလောင်စိတ်မချမ်းသာ ဖြစ်နေတတ်ပါတယ်။ စိတ်ချမ်းသာချင်ရင် သူများဘဝတွေကို လိုက်မကြည့်ပါနဲ့။

http://www.businessworld.in/

အတိတ်တွေကို ထားခဲ့ပါ

လူရယ်လို့ ဖြစ်လာရင် အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ဆိုပြီးတော့ ရှိနေမှာပါပဲ။ ဒါပေမယ့် အတိတ်မှာ နာကျင်စရာ ကောင်းတာတွေ ရှိနေတယ်ဆိုရင် အဲဒီအတိတ်ကို လွှတ်ချနိုင်ခဲ့ဖို့ လိုပါတယ်။ ဒါကြီးကို ထမ်းပိုးထားရင် ကိုယ့်ရဲ့ လက်ရှိအချိန်ရော နောင်အချိန်မှာပါ စိတ်ဆင်းရဲနေရမှာပါ။

အလုပ်တွေကြားက ရုန်းထွက်ခဲ့ပါ

ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားမယ်ဆိုရင် အလုပ်တွေကြားကနေ ရုန်းထွက်ခဲ့ဖို့လည်း လိုပါတယ်။ အလုပ်တွေချည်း တောက်လျောက်လုပ်နေတာက ကိုယ့်ကိုပင်ပန်းစေတယ်လေနော်။ ဒီတော့ ချစ်တို့ အလုပ်တွေ ဖြတ်နိုင်သလောက် ဖြတ်ပြီး ကိုယ်ဝါသနာ ပါတာလေးတွေလည်း လုပ်ကြည့်ပါ။ ဒါဆိုရင် စိတ်ချမ်းသာမှာ သေချာပါတယ်။

 

Comments

0 comments