Advertisement

ချစ်တို့ရေ အလုပ်သင်ဘဝမှာ အခက်အခဲမရှိ အဆင်ပြေစေနိုင်ဖို့အတွက် ဘာတွေလုပ်လို့ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

ချစ်တို့ရေ ကျောင်းတွေပြီးလို့ ပညာသင်ပြီး အလုပ်ခွင် စဝင်တော့မယ်ဆိုရင် အလုပ်သင်အနေနဲ့ စဝင်ရတော့မှာမလား။ အလုပ်သင်ဆိုပေမယ့်လည်း အလုပ်ခွင်မှာ အဆင်ပြေအောင် သိထားသင့်တဲ့အချက်တွေတော့ ရှိပါတယ်။ အလုပ်သင်ဘဝမှာ ဘာတွေသင်ယူရမလဲဆိုတာ ပြောပြပေးမယ်နော်။

ဆက်ဆံရေး

အလုပ်သင်ဘဝမှာ ဆက်ဆံရေးက အရမ်းအရေးကြီးပါတယ်။ ဆက်ဆံရေးတွေ ပြေပြစ်ဖို့ လိုပါတယ်။ ဘာမှမသိသေးတဲ့ အလုပ်သင်ဘဝမှာ လေ့လာစရာ သင်ယူစရာတွေ အများကြီးပါပဲ။ ဆက်ဆံရေးပြေပြစ်မှသာ ကိုယ်သင်ချင်တာတွေနဲ့ ကိုယ့်ဘက်က အခက်အခဲတွေကို  ပွင့်ပွင့်လင်းလင်း ပြောပြနိုင်မှာပါ။ တခြားသူတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဖို့ ကြိုးစားပါ။ ပြုံးပြတာ နှုတ်ဆက်တာမျိုးတွေ လုပ်ပါ။ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားမယ်ဆိုရင် အလုပ်ခွင်မှာလည်း ရေရှည်အဆင်ပြေနိုင်မှာပါ။

ကိုယ့်တာဝန်တွေကို သိပါ

အလုပ်သင်ဆိုတော့ လုပ်ရမယ့်တာဝန်တွေက အရမ်းတော့ မများလောက်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်လုပ်ရမယ့်အလုပ်တွေ တာဝန်တွေတော့ သေချာပြီးစီးအောင် လုပ်ဖို့ လိုပါတယ်။ အလုပ်လုပ်ခါစမှာ အမှားတွေ စိတ်ညစ်ရတာတွေ ကြုံနိုင်ပါတယ်။ အဲဒီလို မှားတာတွေကို မကြောက်ပါနဲ့။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်မလို့ အမှားတွေ အလွဲတွေ ရှိနေမှာပါ။ ဒါတွေကို စိတ်ထဲ အရမ်းမထားဘဲ ကိုယ့်တာဝန်အလုပ်တွေ ပြီးအောင်သာ လုပ်ပါ။

ကိုယ့်တာဝန်တွေကို သိပါ

ကိုယ့်တာဝန်တွေကို သိပါ

ရုံးချိန်မှန်ပါစေ

ချစ်တို့ရေ ရုံးချိန်မှန်မှန် တက်ဖို့လည်း လိုပါတယ်။ ရုံးချိန်မှန်မှန်တက်တာက ကိုယ့်အတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်တယ်လေနော်။ ရုံးချိန်မှန်တယ်ဆိုရင် ကိုယ့်ရဲ့ အထက်လူကြီးလည်း ကိုယ့်ကို သဘောကျနိုင်ပါတယ်။ ရုံးချိန်မှန်မှန်တက်တာက အချိန်လေးစားတဲ့သဘောလည်း ပြသရာရောက်တာမလို့ ဘယ်သူတွေ နောက်ကျကျ မကျကျ ရုံးချိန်မှန်ပါစေ။

အရမ်းမစပ်စုပါနဲ့

ချစ်တို့ရေ အလုပ်သင်ဆိုတော့ ကိုယ့်စီနီယာတွေနဲ့ အရမ်းရင်းနှီးမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း အတင်းကြီး ရင်းနှီးအောင်ဆိုပြီး စပ်စပ်စုစု လုပ်တာတွေ မလုပ်ပါနဲ့နော်။ အရမ်းစပ်စုတာ စကားတွေများရင်လည်း စီနီယာတွေက ကိုယ့်ကို အမြင်မကြည်တာတွေ ဖြစ်နိုင်တယ်လေနော်။ တတ်နိုင်သလောက် အရမ်းမစပ်စုပါနဲ့။

သင်ယူနိုင်ပါစေ

သင်ယူနိုင်ပါစေ

သင်ယူနိုင်ပါစေ

ချစ်တို့ရေ အလုပ်သင်ဆိုတော့ သင်ယူစရာတွေ များပါတယ်။ သင်ယူစရာတွေ အားလုံးကို မှတ်သားနိုင်အောင် ကြိုးစားပါ။ သင်မြန် တတ်လွယ်ဖြစ်အောင် ကြိုးစားပါ။ ဒါဆိုရင်တော့ ချစ်တို့ အလုပ်သင်ဘဝမှာ အကျိုးကျေးဇူးတွေ များများရရှိပြီး ကိုယ့်အတွက် အဆင်ပြေစေမှာပါ။

ချစ်တို့ရေ အလုပ်သင်ဘဝမှာ အခက်အခဲမရှိ အဆင်ပြေစေနိုင်ဖို့အတွက် ဘာတွေလုပ်လို့ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

 

Tags: internshiplifestylework

Comments

0 comments