Advertisement

သိသိရက်နဲ့ကို ရည်ရွယ်ချက် ရှိရှိနဲ့ ပြောတာပါ။ ဒီလိုစကားပြောလိုက်ရင် တဖက်လူ အဆင်မပြေဖြစ်သွားမှာကို သိရက်နဲ့ အနိုင်ယူပြောဆိုတာမျိုးတွေပါ

ချစ်တို့ရေ ကိုယ်ကိုယ်တိုင်တောင် အကျင့်ဆိုးတွေ လုပ်မိနေရဲ့လားလို့ တွေးမိနေတတ်ပါတယ်။ ကိုယ့်အတွက် ဘာမှမဟုတ်လောက်ပါဘူးလို့ ထင်ထားတာတွေက တကယ့်ကို ဆိုးတဲ့ အကျင့်ဆိုးတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်အချက်တွေက ကိုယ့်ပတ်ဝန်းကျင်ကို အနှောင့်အယှက်တွေ ဖြစ်စေတဲ့ အကျင့်ဆိုးတွေလဲဆိုတာ ပြောပြမယ်နော်။

စကားဖြတ်ပြောတတ်တာ

ချစ်တို့ရေ စကားစဖြတ်ပြောတတ်တာက တကယ့်ကို မယဥ◌်ကျေးတဲ့ အကျင့်ဆိုးတစ်ခုပါပဲ။ ကိုယ့်ဆီမှာ ရှိနေရင် အဲဒီအကျင့်ကို ပြင်ဆင်ဖို့ လိုပါတယ်။ တခြားသူနှစ်ဦး ဘယ်လိုအကြောင်းအရာမျိုးပဲပြောပြော အတင်းဇွတ်ခေါ်တာ စကားအတင်းဖြတ်ပြောတာတွေက တခြားသူတွေကို တကယ့်အနှောင့်အယှက် ဖြစ်စေခြင်းပါပဲ။ ဒီအကျင့်ရှိနေလားဆိုတာ ဆန်းစစ်သင့်ပါတယ်။

တဖက်လူထိခိုက်သွားအောင် ရည်ရွယ်ပြောတာ

နောက်ထပ်အကျင့်ဆိုးတစ်ခုကတော့ တဖက်လူ ထိခိုက်သွားလိမ့်မယ်ဆိုတာ သိသိရက်နဲ့ကို ရည်ရွယ်ချက် ရှိရှိနဲ့ ပြောတာပါ။ ဒီလိုစကားပြောလိုက်ရင် တဖက်လူ အဆင်မပြေဖြစ်သွားမှာကို သိရက်နဲ့ အနိုင်ယူပြောဆိုတာမျိုးတွေပါ။ ဒါမျိုးတွေက အကျင့်ဆိုးတွေထဲက တစ်ခုမလို့ တတ်နိုင်သလောက် ထိန်းချုပ်ဖို့ လိုတယ်နော်။ လူမှုပေါင်းသင်းဆက်ဆံရေး ပျက်စေတဲ့ အချက်တွေထဲက တစ်ခုမလို့ ဒီအကျင့်ဆိုးကို ဖျောက်ပါ။

အာရုံပြောင်းလွယ်တာ

အပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ဖြစ်ဖြစ် စကားပြောတဲ့အခါ စကားပြောတဲ့သူဆီမှာပဲ စိတ်ရှိပါ။ အဲဒီလို မဟုတ်ဘဲ စကားပြောနေရင်းနဲ့ တခြားကို ချက်ချင်းအာရုံလွှဲလိုက်တာမျိုးက တကယ့်ကို မယဥ◌်ကျေးတဲ့ လေးစားမှုမရှိတဲ့ အမူအကျင့်ဆိုးပါပဲ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်ဖြစ်သလို ဆက်ဆံရေး ပျက်ပြားစေပါတယ်။ အာရုံပြောင်းလွယ်တဲ့ စိတ်ကို ပြင်ဆင်ပါ။

သူများခံစားချက်ကို မသိချင်ယောင်ဆောင်တာ

နောက်ထပ်အကျင့်ဆိုးတစ်ခုကတော့ သူများရဲ့ ခံစားချက်တွေကို မသိချင်ယောင်ဆောင်တာပါပဲ။ တခြားသူ ပင်ပန်းနေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်က ဘာမှမဟုတ်ပါဘူးလို့ ကိုယ့်အမြင်တွေ အတွေးတွေနဲ့ လျှော့ပြီး မတွေးမိဖို့ လိုပါတယ်။ တခြားသူစိတ်ဆင်းရဲ ပင်ပန်းနေတဲ့အချိန်မှာ သူ့ခံစားချက်တွေကို လျစ်လျူရှုပြီး ပျော်ရွှင်ပြနေတာမျိုးက တကယ့်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အမူအကျင့်ဆိုး တစ်မျိုးပါပဲ။

အလုပ်ခွင်ထဲမှာ မခေါ်မပြောတွေ လုပ်တာ

အလုပ်ခွင်ထဲမှာ မခေါ်မပြောတွေ လုပ်တာ

အလုပ်ခွင်ထဲမှာ မခေါ်မပြောတွေ လုပ်တာ

ချစ်တို့မှာ ပြင်သင့်တဲ့ နောက်ထပ်အကျင့်ဆိုးတစ်မျိုးကတော့ အလုပ်ခွင်ထဲမှာ မခေါ်မပြောတာတွေ လုပ်တာပါ။ အလုပ်ထဲမှာ အဆင်မပြေတာတွေ စိတ်ညစ်ရတာတွေ တစ်ယောက်နဲ့တစ်ယောက် စကားမပြောချင်လောက်တဲ့အထိ ဖြစ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ထဲမှာ စကားမပြောဘူးဆိုပြီး လုံးဝ မပြောတော့တာမျိုး လုံးဝကို မလုပ်သင့်ပါဘူး။

အလုပ်ထဲမှာ အဆင်ပြေနေဖို့ဆိုတာ ပေါင်းသင်းဆက်ဆံရေးက အဓိက ကျပါတယ်။ လုံးဝ စကားမပြောချင်တဲ့သူဆိုရင်တောင် အရင်က ၁၀၀ % စကားပြောရင် နောက် ၈၀% နောက် ၅၀% အစရှိသလို လျှော့ပြီး ပြောသွားပါ။ မခေါ်တော့ဘူး မပြောတော့ဘူးဆိုပြီး ယတိပြတ်ဆက်ဆံရေးကို ဖြတ်လိုက်တာက ဘယ်သူ့အတွက်မှ အဆင်မပြေစေတဲ့ ဆက်ဆံရေးဖြစ်သွားပြီး အလုပ်ထဲမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ အလုပ်ခွင်ဆိုတာ မိသားစု သူငယ်ချင်းမဟုတ်လို့ စိတ်ကောက်စိတ်ဆိုးတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ကိုဖျောက်ရပါမယ်။

ချစ်တို့ရေ ကိုယ့်ဆီမှာ ကိုယ်သတိမထားမိလိုက်ဘဲ ပြုမူနေတဲ့ အကျင့်ဆိုးတွေ ရှိနေမလား ဆန်းစစ်ရင်း ပြင်ဆင်လိုက်စို့နော်။

Tags: bad habitlifestyle

Comments

0 comments