Advertisement

ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့အရာတွေထဲမှာ ပတ်ဝန်းကျင်က စကားတွေလည်း ပါတယ်နော်။ စိတ်ပင်ပန်းပြီဆိုတာနဲ့ ကိုယ်ကပါ အလိုလို ပင်ပန်းလာပြီလေ

 

ချစ်တို့ရေ.. လူရယ်လို့ ဖြစ်လာရင် ကိုယ့်ကိုယ်ကို အချစ်ဆုံးမလား။ ကိုယ့်ကိုယ်ကိုလည်း ချစ်တတ်ဖို့ လိုတယ်နော်။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာကလည်း တကိုယ်ကောင်းဆန်မယ်၊ တခြားသူတွေ အဆင်ပြေပြေ မပြေပြေ ကိုယ်အဆင်ပြေရင် ပြီးရော နေမယ်.. ဒါမျိုးကို ဆိုလိုတာမဟုတ်ဘူးနော်။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်မလဲဆိုတာ သိထားဖို့ လိုတယ်နော်။ ဒါမှ စိတ်ရောကိုယ်ပါ မပင်ပန်းမှာ။

ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့အရာတွေထဲမှာ ပတ်ဝန်းကျင်က စကားတွေလည်း ပါတယ်နော်

စိတ်ပင်ပန်းပြီဆိုတာနဲ့ ကိုယ်ကပါ အလိုလို ပင်ပန်းလာပြီလေ။ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ဆိုရင် ပတ်ဝန်းကျင်က ကားတွေ အားလုံးကို နားမယောင်ပါနဲ့။ နားထောင်သင့်သလောက်ပဲ နားထောင်။ ကိုယ့်အကြောင်း အတင်းအဖျင်း ပြောနေတာတွေ သိလည်း လျစ်လျူရှူ ဟိုဘက်နားဝင် ဒီဘက်နားကသာ ထုတ်ပစ်လိုက်။ ဒါဆို စိတ်အေးလက်အေး နေရပြီမို့ ကိုယ့်ကိုယ်ကို ချစ်တဲ့နည်းတစ်မျိုးပဲနော်။

ကိုယ့်ကိုယ်ကို ဘယ်လိုချစ်မလဲ (photo: wellbeing.com.au)

နောက်တစ်ချက်ကတော့ ကိုယ်စိတ်ထဲရှိတာလေးတွေ လုပ်ကြည့်ပါ

အမြဲတမ်း ဟိုလူမကြိုက်မှာ စိုးလို့ ဒီလူက ဒါမလုပ်ခိုင်းလို့ဆိုပြီး စိတ်ထဲကြိတ်ခံစားမနေနဲ့နော်။ ကိုယ်ဝါသနာ ပါတာလေး လုပ်ကြည့် ရေကူးတာ၊ စာဖတ်တာ၊ အလှပြင်ကြည့်တာ၊ ဆံပင်ပုံစံ ပြောင်းပလိုက်တာ အစရှိသလို ကိုယ်စိတ်ချမ်းသာမယ့် အရာလေးတွေ လုပ်ကြည့်။အမြဲ မဟုတ်တောင် တစ်လကို တစ်ကြိမ်လောက်ပေါ့လေ။ ဒါမှ ဘဝက နေပျော်စရာဖြစ်မှာ။

ကိုယ့်ကိုယ်ကို ချစ်ရင် ကျန်းမာအောင်လည်း နေရမယ်နော်။ ဒါကလည်း ချစ်နည်းတစ်မျိုးပဲ။ မကျန်းမာတာတွေ စားမယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ လုပ်နေမယ်ဆိုရင် ကိုယ်ရော စိတ်ပါ မကျန်းမာ ဖြစ်မယ်။ ဒါဆို ဘယ်အဆင်ပြေမလဲ။ နောက်ပြီး ကျန်းမာမှလည်း ကိုယ်စိတ်ထဲရှိတာလေးတွေ လုပ်နိုင်မှာ။ ကိုယ်ချစ်တဲ့သူတွေအနားလည်း နေနိုင်မှာလေ။ ဒီတော့ ကိုယ့်ကိုယ့်ကို ချစ်ရင် ကျန်းမာရေး အထူးဂရုစိုက်။

ချွေတာစုဆောင်း သဌေးလောင်းဆိုတာလည်း မမေ့လိုက်နဲ့နော်

ချွေတာစုဆောင်း သဌေးလောင်းဆိုတာလည်း မမေ့လိုက်နဲ့နော်။ ကိုယ့်ကိုယ်ကို ချစ်ရင် ဝင်ငွေလည်း ရှာပါ။ စုလည်းစုပါ။ လူဆိုတာ ငွေလေးရှိမှ စိတ်ပျော်တာမဟုတ်လား။ မဟုတ်ရင် ဟိုအကြောင်းတွေပူ၊ ဒီအကြောင်းတွေပူနဲ့လေ။ နောက်ပြီး သာရေးနာရေး ကျန်းမာရေးနဲ့ အရေးများစွာက ရှိသေး။ ဒါတွေအတွက် ပိုက်ဆံလေး စုမိထားတော့ စိတ်အေးချမ်းသာ ရှိတာပေါ့။ ကိုယ့်ကိုယ်ကို ချစ်ရင် ရှာလည်းရှာပါ။ သုံးသင့်သလောက်လည်း သုံးပါ။ စုသင့်သလောက်လည်း စုထားပါ။

Love yourself ဆိုပြီး သူငယ်ချင်းတွေကို မျှဝေပေးရင်း ကိုယ်တိုင်လည်း Self care များများလုပ်နိုင်ပါစေ ချစ်တို့ရေ…..

Comments

0 comments