Advertisement

ဝန်ထမ်းအလုပ်ကို မထွက်သေးဘဲ ကိုယ်ပိုင်အလုပ်လေး တပိုင်တနိုင် လုပ်မယ်ဆိုရင်လည်း ဒီလို အခြေခံ အချက်တွေကို သိထားဖို့ လိုတယ်နော်။

ဝန်ထမ်းအလုပ်လုပ်နေရာကနေ နားပြီး ကိုယ်ပိုင်အလုပ်လေး လုပ်ကြမယ်လို့ စိတ်ကူးထားပြီလား။ ဝန်ထမ်းကနေ ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုရင်တော့ ကိုယ့်အလုပ်မှာ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ သိထားသင့်ပါတယ်။ အကယ်လို့ ချစ်တို့က ဝန်ထမ်းအလုပ်ကို မထွက်သေးဘဲ ကိုယ်ပိုင်အလုပ်လေး တပိုင်တနိုင် လုပ်မယ်ဆိုရင်လည်း ဒီလို အခြေခံ အချက်တွေကို သိထားဖို့ လိုတယ်နော်။

(၁) ငွေကြေးအရင်းအနှီး

ငွေကြေးအရင်းအနှီးက ကိုယ်ပိုင်အလုပ် လုပ်မယ့်သူအတွက် အရေးအကြီးဆုံးဆိုတော့ ငွေကြေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ လိုပါတယ်။ အရင်းအနှီးက တစ်ရင်း ရင်းထားမှာလား ဒါမှမဟုတ် လှည်ပတ်ပြီး လုပ်မှာလား သူများဆီက ချေးငှားပြီး လုပ်မှာလားဆိုတာ သေချာလေး ဆုံးဖြတ်ချက် ပိုင်နိုင်ပြီး တိကျဖို့လိုပါတယ်။

(၂) အသေးစိပ် စီစဥ◌်ပါ

ကိုယ်ပိုင်အလုပ်ဆိုတာ ဝန်ထမ်းအလုပ်ထက် အများကြီး ခက်ခဲပါတယ်။ ကိုယ့်ရဲ့ အလုပ်နဲ့ ဆိုင်တဲ့ အချက်အလက်တွေ၊ ဈေးကွက်တွေ အကုန်လုံးကို သေချာအောင် စီစဥ◌်ထားပါ။ အသေးစိပ် စီစဥ◌်ထားမှလည်း ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ဘယ်လို ဘယ်နေရာမှ ဖြန့်ဖြူးမယ်ဆိုတာ သိနိုင်မှာပါ။ ကိုယ့်ရဲ့ ဝန်ထမ်းအနေအထားကိုလည်း တစ်ခါတည်း တွက်ချက်စီစဥ◌်ထားနိုင်ဖို့ လိုပါတယ်။

(၃) ဘယ်မှာ ဖြန့်ချိမှာလဲ

ကိုယ်ပိုင်အလုပ်တွေ စလုပ်တော့မယ်ဆိုရင် ဘယ်နေရာမှာ အလုပ်အထိုင် လုပ်မှာလဲ ဘယ်နေရာကနေ စတင်ပြီး ဖြန့်ချီမှာလဲဆိုတာ သေချာ ပြင်ဆင်ထားပါ။ ဖြန့်ချီရေး အပိုင်းမှာလည်း  နေရာအရွေးမှားရင် ကိုယ့်လုပ်ငန်းအတွက် အကျိုးမရှိတာတွေ ဖြစ်စေတာမလို့ နေရာအရွေးမမှားဖို့ လိုပါတယ်။ စားသောက်ဆိုင်လိုမျိုးဆိုရင် ပိုတောင် ဂရုစိုက်ရမယ်နော်။

စိတ်ညစ်စရာတွေအတွက် ပြင်ဆင်ပါ

စိတ်ညစ်စရာတွေအတွက် ပြင်ဆင်ပါ www.entrepreneur.com/

(၄) စိတ်ညစ်စရာတွေအတွက် ပြင်ဆင်ပါ

ကိုယ်ပိုင်အလုပ်လုပ်တော့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကိုလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ အလုပ်မှာ ဆက်သွယ်ရခက်တာ၊ ပြောရဆိုရခက်တဲ့ ဝန်ထမ်းတွေနဲ့ ဆက်ဆံရတာ၊ လုပ်ငန်းမှာ ကနဦး အရှုံးပေါ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအရာတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ စိတ်ညစ်ရတာတွေနဲ့ ပင်ပန်းရတာတွေကို ခံနိုင်ရည်ရှိဖို့လည်း လိုပါတယ်။

(၅) အလုပ်လုပ်ခဲ့တဲ့နေရာနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့

ကိုယ်အလုပ်လုပ်ခဲ့တဲ့နေရာနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ နောက်ပြီး ချစ်တို့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကနေ အလုပ်ထွက်တဲ့အခါ ဘာပြဿနာမှ မဖြစ်ခဲ့ဖို့ပါ။ အလုပ်တစ်ခုမှာ ဆက်ဆံရေး ဆက်သွယ်ရေးက အရေးအကြီးဆုံးပဲလေ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်မှာ အဆင်မပြေတာတွေ ရှိရင် ဒီလုပ်ငန်းခွင်ထဲ ပြန်လည်ပတ်တာမျိုး ရှိနိုင်တယ်လေ။ ဒီတော့ အကောင်းဆုံး ဆက်ဆံရေးနဲ့သာ အလုပ်ထွက်ခဲ့ပါ။

ချစ်တို့ရေ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်အလုပ်ပဲ လုပ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို အရင်ဆုံး ပြင်ဆင်ထားနော်။

Tags: bussinesslifestylestaff

Comments

0 comments