Advertisement

ဆယ်မိနစ်လောက်ပဲ အချိန်ပေးပြီး အခုပြောပြတဲ့ ဆက်သွယ်နည်းလေးတွေနဲ့ ဆက်သွယ်ကြည့်ပါ။ အချစ်တွေ ပြန်လည်ပြီးတော့ နွေးထွေး လာမှာပါ။

အချိန်မပေးနိုင်ကြတော့တဲ့ အခါ အချစ်တွေ အေးခဲသွားတတ် ကြပါတယ် (photo: Pintrest)

ချစ်သူစုံတွဲတွေ ကြားမှာပဲဖြစ်ဖြစ်၊ ဇနီးမောင်နှံတွေ ကြားမှာပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံး အလုပ်တွေများပြီး တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်ကြတော့တဲ့ အခါ အချစ်တွေ အေးခဲသွားတတ် ကြပါတယ်။ အဲ့တော့ တစ်ဦးကို တစ်ဦး အချိန်ကောင်းကောင်း မပေးနိုင်တဲ့ ချစ်သူစုံတွဲတွေ၊ လင်မယားတွေ အတွက် အချစ်တွေ အေးခဲ မသွားစေမယ့် နည်းလမ်းကောင်းလေးတွေ Marry ကပြောပြပေးမယ်နော်။ တစ်ယောက်ကို တစ်ယောက် အချိန်ပေးပြီး မတွေ့နိုင်၊ စကားမပြောနိုင်ကြဘူး ဆိုရင် တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ မရှိကြတော့သလို၊ တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေသလို ခံစားကြရမှာပါ။ အဲ့လို ဖြစ်တာတွေ ကြာလာတဲ့အခါ အနေဝေးလို့ သွေးအေးသွားတယ် ဆိုတဲ့ စကားလေးအတိုင်း ဖြစ်သွားနိုင်တာမို့ အခုပြောပြပေးတာတွေကို လုပ်ပေးပါနော်။

တစ်နေ့တာအတွက် ဘာအကောင်းဆုံးလဲ မေးပါ

တစ်နေ့တာအတွက် ဘာအကောင်းဆုံးလဲ မေးပါ(photo: Pintrest)

ဒီနေ့တစ်နေ့တာမှာ သူလည်းသူ့အလုပ်ထဲ၊ ကိုယ်လည်း ကိုယ့်အလုပ်ထဲမှာ ကိစ္စမျိုးစုံကို ကြုံတွေ့ရမှာပါ။ အဲ့လို ကိစ္စတွေထဲမှာ ပျော်စရာကောင်းတဲ့ အဖြစ်အပျက်၊ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်၊ ကြားရတဲ့ သတင်းကောင်း တစ်ခု အစရှိတဲ့ တစ်နေ့တာကြုံတွေ့ရသမျှတွေထဲက အကောင်းဆုံးအဖြစ်အပျက် တစ်ခုအကြောင်း နှစ်ဦးသား အပြန်အလှန် ပြောပြလို့ ပျော်ရွှင်မှုတွေကို မျှဝေပါ။

တစ်နေ့တာအတွက် ဘာအဆိုးဆုံးလဲ မေးပါ

တစ်နေ့တာအတွက် ဘာအဆိုးဆုံးလဲ မေးပါ (photo: Pintrest)

ခုနက ပျော်ရွှင်စရာတွေ မျှဝေခဲ့သလိုပဲ တစ်နေ့တာ အတွင်းကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေထဲက အဆိုးဆုံးကိုလည်း မေးပါ။ ဒီနေ့ ဟင်းမကောင်းဘူး ဆိုတာက အစပေါ့။ ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို သူကြုံခဲ့ရတယ် ဆိုရင်လည်း သင့်အနေနဲ့ အားပေးဖေးမ နိုင်မှာ ဖြစ်သလို သူ့ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေ အားလုံးကို သိရှိထားရတာမို့ သင်နဲ့သူနဲ့ အနေဘယ်လောက်ဝေးဝေး၊ ဘယ်လောက်ပဲ မတွေ့ဖြစ်ဖြစ် စိတ်ချင်းကတော့ အမြဲ နီးနေမှာပါနော်။

ဘုရားအတူတူ ရှိခိုးပါ

ဘုရားရှိခိုးတဲ့ အချိန်က လေးငါး၊ ဆယ်မိနစ်ထက် ပိုမကြာနိုင်ပါဘူးနော်။ မနက်တိုင်း အလုပ်မသွားခင်ပဲ ဖြစ်ဖြစ်၊ ညတိုင်း အိပ်ရာ မဝင်ခင်ပဲ ဖြစ်ဖြစ် နှစ်ယောက်အတူ ဘုရားဆုတောင်းပါနော်။ ခရစ်ယာန် ဘာသာဝင် စုံတွဲတွေကလည်း တနင်္ဂနွေ တစ်ရက်တော့ ဘုရားကျောင်း အတူတက်ပါ။

နမ်းပါ

 

နမ်းပါ (photo: Pintrest)

နမ်းခြင်းဟာ မြတ်နိုးခြင်းကို ဖော်ကျူးတဲ့ အကောင်းဆုံး နမိတ်ပုံပါပဲ။ ဘယ်လောက်ပဲ အလုပ်ရှုပ်လို့ အချိန်မပေးနိုင်ဘူး ပြောပြော နေ့တိုင်း နမ်းပေးဖို့တော့ မမေ့ပါနဲ့။ နမ်းတဲ့အခါ  (၅) မိနစ်ထက် ပိုကြာအောင် နမ်းပေးပါနော်။

ဆယ်မိနစ်တောင် မကြာတဲ့ နှလုံးသားခြင်း ဆက်သွယ်နည်းကောင်းလေးတွေကို ပြောပြခဲ့ ပြီးပြီ ဆိုတော့ ဒီနည်းလမ်းလေးတွေကို မြန်မြန် လက်တွေ့အကောင်အထည် ဖော်လိုက်တော့နော်။

Comments

0 comments