Advertisement

ကိုယ့်ရဲ့အထက်လူကြီး မငြိုငြင်ဖို့ လိုသလို အလုပ်မှာ တိုးတက်မှုရှိဖို့လည်း လိုပြန်ရော။ ဒါဆိုရင်တော့ အလုပ်မှာ မလုပ်ရမယ့် အချက်တွေ ရှိတယ်နော်

ချစ်တို့ရေ အလုပ်ဆိုတာ ကိုယ့်ရဲ့ ဒုတိယအိမ်ပဲလေနော်။ ဒုတိယ အိမ်မှာစိတ်ရော ကိုယ်ပါ အဆင်ပြေတာမျိုး ရှိဖို့လိုသလို ဒီအလုပ်မှာ မြဲမြံတာမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ပြေပြစ်ဖို့လည်း လိုတယ်လေ။ ကိုယ့်ရဲ့အထက်လူကြီး မငြိုငြင်ဖို့ လိုသလို အလုပ်မှာ တိုးတက်မှုရှိဖို့လည်း လိုပြန်ရော။ ဒါဆိုရင်တော့ အလုပ်မှာ မလုပ်ရမယ့် အချက်တွေ ရှိတယ်နော်။

ရုံးချိန်နောက်ကျလွန်းတာ

ချစ်တို့ရေ တစ်ခါတစ်လေမှာတော့ အကြောင်းကြောင်းကြောင့် ရုံးနောက်ကျတာမျိုး ရှိမှာပါ။ နောက်ကျတာက တစ်ခါတလေကြောင့်ပဲ ဖြစ်သင့်ပြီး အကြောင်းအရင်းလည်း ခိုင်လုံပါစေနော်။ မနက်ခင်းမှ နေထိုင်မကောင်းတာ၊ လူမှုရေးကိစ္စ တစ်ခုခု ရှိတာ အစရှိသလိုမျိုး အကြောင်းအရင်းတိကျသင့်တယ်နော်။ ကားလမ်းတွေ ပိတ်လို့၊ အိပ်ရာထ နောက်ကျလို့ ဆိုတာမျိုးတွေကြောင့်တော့ မနောက်ကျသင့်ဘူးပေ့ါလေ။ တစ်ခါတလေက ပြဿနာ မရှိပေမယ့် သတိထားမိလောက်အောင် နောက်ကျတာမျိုးတော့ မလုပ်နဲ့နော်။

စည်းကမ်းချက်တွေ မလိုက်နာတာ

အလုပ်ခွင်မှာလည်း HR ကနေ ထုတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိတယ်မလား။ ဒါတွေကို လိုက်နာဖို့ လိုတယ်နော်။ ရုံးချိန်၊ အဝတ်အစား၊ အပြုအမူ၊ အပြောအဆိုတွေကအစပေါ့။ စည်းကမ်းတွေ မလိုက်နာဘူးဆိုရင် အလုပ်မှာ လူတိုင်းက ကိုယ့်ကို မျက်စိဆံပင်မွှေးစူးနေတတ်တယ်လေ။ ဒါကို သတိထားပါ။

အလုပ်

စပ်စုလွန်းတာ

စပ်စုလွန်းတာ

အလုပ်ထဲမှာ လုံးဝ မလုပ်သင့်တဲ့အလုပ်ကို ပြောပြရရင်တော့ စပ်စုလွန်းတာပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြောင်းတွေကို အတင်းတုပ်တာမျိုး၊ မမှန်တာတွေ လျှောက်ပြောတာမျိုးက အလုပ်မှာ အဆင်မပြေစေနိုင်တဲ့ အကြောင်းဖြစ်သလို လုံးဝမလုပ်သင့်တာပါ။ နောက်ပြီး စပ်စုလွန်းတာရောပေ့ါ။ ကိုယ်နဲ့ မဆိုင်နဲ့ ငှာနက အလုပ်ကိစ္စတွေကို သိချင်လွန်းတာ၊ တကူးတက သွားစပ်စုတာတွေက မလုပ်သင့်တာပါနော်။

ဒေါသထွက်လွယ်တာ

အလုပ်မှာ လုပ်တိုင်းမဖြစ်တာတွေ၊ စိတ်တိုင်းမကျတာတွေ ရှိကို ရှိမှာပါ။ အဲဒီအခါမှာ ဒေါသထွက်လွယ်တာမျိုး မလုပ်မိအောင် သတိထားပါ။ တချို့ဆို လုပ်ငန်းခွင်က အဆင်မပြေတာတွေကို လူမှုကွန်ယက်ပေါ်မှာ ရေးချလိုက်တာမျိုး လုပ်တတ်ကြတယ်လေ။ ဒါမျိုးတွေ ရှောင်ပါ။ ဒေါသထွက်ပြီး အော်ငေါက်ပစ်လိုက်တာ၊ စကားမပြောတော့တာမျိုးကလည်း အလုပ်မှာ မလုပ်သင့်တဲ့ ကိစ္စပါ။ ဘယ်ကိစ္စမဆို အကျိုးအကြောင်းဆီလျော်အောင် ပြောဆိုဆက်ဆံပါ။ အထက်လူကြီးနဲ့ အချေအတင် ဖြစ်ရမှာတွေ ရှိလာရင်လည်း စိတ်လိုက်မာန်ပါ အရင်ဆုံး ပြောလိုက်တာမျိုး မလုပ်မိပါစေနဲ့နော်။

အလုပ်

အချိန်ဆွဲတာ (photo: relocatemagazine.com)

အချိန်ဆွဲတာ

အလုပ်မှာ မလုပ်သင့်တဲ့အချက်ကတော့ အချိန်ဆွဲတာပါပဲ။ လုပ်စရာရှိတဲ့ အလုပ်တွေကို အချိန်ဆွဲပြီး လုပ်တာက ကိုယ့်ရဲ့တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေသလို ကိုယ်နဲ့အတူတူ အလုပ်တွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း အဆင်မပြေတဲ့အချက်ပဲလေနော်။ ဒါကြောင့် ဘယ်အလုပ်မဆို အချိန်မဆွဲပါနဲ့။

အလုပ်ခွင်မှာ မလုပ်သင့်တဲ့အချက်တွေကို သိထားပြီးပြီဆိုရင်တော့ ဆောင်လိုက်၊ ရှောင်လိုက်တော့နော်။ ဒါမှ ဒုတိယအိမ်မှာ အဆင်ပြေမှာ။

Tags: lifestylework

Comments

0 comments