Advertisement
မိန်းကလေးတစ်ယောက်အတွက် ယုံကြည်ချက်ရှိရှိ ရပ်တည်နိုင်ဖို့

မိန်းကလေးတစ်ယောက် ကိုယ့်ကိုကိုယ့် ယုံကြည်မှုရှိရှိနဲ့ နေထိုင်နိုင်ဖို့ကို နှောင့်ယှက်နေတဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်နှောက်ယှက်နေတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး လှပယုံကြည်မှုရှိတဲ့ မိန်းကလေးအဖြစ် နေထိုင်မလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ 

 

အဝတ်အစားက ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်

ဒါကြောင့် အဝတ်အစားရွေးချယ်တဲ့နေရာမှာ cute ဖြစ်တဲ့ပုံထက် smartကျတာပိုကောင်းပါတယ်။ အမြဲတမ်းတက်ကြွနေတဲ့ပုံစံမျိုးပါ။ အဆင်တွေ မပါဘဲ ပြောင်ဖြစ်နေတဲ့ အင်္ကျီမျိုးဆို ပိုမိုက်ပါတယ်။ အဖြူရောင် ပန်းနုရောင် စသဖြင့် မိမိကိုယ်ကို လိုက်ဖက်တယ်ထင်တဲ့ အရောင်ကို ရွေးချယ်ပြီး ဝတ်ပါ။ ဒါ့အပြင် မျက်နှာမှာ ဘာမှ မလိမ်းခြယ်ချင်ရင်တောင် နူတ်ခမ်းနီ အမြဲဆိုးပါ။

နှုတ်ခမ်းနီဆိုးတာဟာလည်း မိမိကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ မိန်းကလေးတွေရဲ့ confidentကို နှောင့်ယှက်နေတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ ယောကျာ်းလေးအုပ်စုဟာ လမ်းမှာ မိန်းကလေးတစ်ယောက်ကို တွေ့ရင် ဝိုင်းစကြတာပါ။ အဲ့လိုစနောက်ခြင်းကိုခံရတဲ့အခါ ဖုတ်လေတဲ့ငပိ ရှိတဲ့ပုံတောင် မထင်တဲ့ပုံစံနဲ့ ကိုယ့်လမ်းကိုယ်သွားပါ။ ဒါမှ သူတို့တွေရှက်ပြီး ငြိမ်သွားကြမှာပါ။ သည်းမခံနိုင်တဲ့အဆုံးဆိုရင်တော့ ပြန်ပြောဆိုလိုက်ပါ။

အဲ့လိုပြောဆိုတဲ့အခါမှာ မျက်နှာကိုသေထားပြီးပြောပါ။ မဟုတ်ရင် မငြိမ်ဘဲ ပိုပြီးဆူညံမဲ့အနေအထားမှာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုဟာတွေဟာ လုံးဝဂရုစိုက်စရာမလိုတဲ့လူတွေ ဖြစ်ပါတယ်။ သူတို့ကြောင့်ကိုယ့်ရဲ့Confident ဘယ်လိုမှ ပျောက်မသွားနိုင်ဘူးလို့သာ ပေါ့ပေါ့လေးတွေးပြီး ရှေ့ဆက်သွားပါ။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါသေးတယ်

ဒါကတော့ ဆံပင်ပါ။ ဆံပင်ရှည်တဲ့သူဆို ချထားတာထက် သေသေသပ်သပ်စည်းထားတာ ပိုပြီး ယုံကြည်ချက်ရှိစေပါတယ်။ ဒါမှမဟုတ်လည်း ခပ်မိုက်မိုက်အတိုလေး ညှပ်လိုက်တဲ့ ပုံစံပေါ့။ ပြောပြထားတဲ့ အတိုင်းသာ လိုက်လုပ်ကြည့်ရင်တော့ လွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

Tags: adviceconfidentself care

Comments

0 comments