Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်မယ်ဆိုရင် ဒီအချက်လေးတွေ လိုအပ်တယ်နော်။ အဲဒါမှ ချစ်တို့ ဘဝတစ်လျှောက်လုံး အဆင်ပြေမှာပါ။

ချစ်တို့ရေ ကိုယ်တိုင် တန်ဖိုးရှိချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေဖို့လိုသလို ကိုယ့်ရဲ့ တန်ဖိုးကိုလည်း မြှင့်တင်တတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို လေးစားမှု ရှိဖို့လည်း လိုပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အတွေးတွေနဲ့ အမြင်တွေ အယူအဆတွေကို ပြောင်းလဲတတ်ဖို့ ကြိုးစားရမှာပါ။ ဒီတော့ ချစ်တို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

ကိုယ်တိုင် စိတ်အားထက်သန်မှု ရှိပါ

ချစ်တို့ရေ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အလုပ်လုပ်ခြင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်အပေါ်  စိတ်အားထက်သန်မှု ရှိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်အားထက်သန်မှု ရှိရပါမယ်နော်။ ပိုကောင်းမယ့်အရာတွေကို မျှော်လင့်ရင်း တက်တက်ကြွကြွ အလုပ်လုပ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းတစ်မျိုးပါပဲ။ ဘယ်အလုပ်မဆို စိတ်အားထက်သန်မှု ရှိပါစေ။

စိတ်ထားကောင်းကောင်းထားပါ

ချစ်တို့ရေ စိတ်ထားကောင်းကောင်းထားခြင်းကလည်း ကိုယ့်ရဲ့ တန်ဖိုးတစ်ခုပါပဲ။ ကိုယ့်ရဲ့ တန်ဖိုးမြှင့်တင်မယ်ဆိုရင် စိတ်ထားကောင်းကောင်း ထားပါ။ စိတ်ထား‌ကောင်းကောင်း ထားတာက ကိုယ့်ကို လူချစ်လူခင် များစေသလို ကိုယ့်ကို နာမည်ရှိစေတဲ့ အချက်တစ်ချက်ပါပဲ။ ကိုယ့်ရဲ့  တန်ဖိုးကို မြှင့်တင်တဲ့အနေနဲ့ ဒီအချက်လေးတွေ ကြိုးစားကြည့်သင့်ပါတယ်။

ဘယ်လိုမြှင့်တင်ကြမလဲ

ဘယ်လိုမြှင့်တင်ကြမလဲ

ယုံကြည်ချက် ရှိပါ

ကိုယ့်ကိုယ်ကို ဘာအလုပ်တွေပဲ လုပ်လုပ် ဖြစ်မြောက်မယ်ဆိုတဲ့ ယုံကြည်ချက် ယုံကြည်မှု ထားပါ။ အလုပ်မှာပဲ ဖြစ်ဖြစ် လူမှုရေးတွေမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိရှိ နေ့တိုင်းကို ဖြတ်သန်းပါ။ ဒါဆိုရင် ကိုယ့်ရဲ့ တန်ဖိုးလည်း တဖြည်းဖြည်း မြင့်လာမှာ သေချာပါတယ်။

ကိုယ့်တန်ဖိုးကို မလျှော့ချပါနဲ့

ချစ်တို့ရေ အလုပ်ခွင်ထဲမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေကြားထဲမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်ကိုယ်တိုင် မြှင့်တင်ပါ။ လူတကာ အကူအညီတောင်းတိုင်း ခပ်လွယ်လွယ် ပေးတာတွေ၊ စေတနာအလွန်ထားပြီး ကူညီပေးတာတွေက ကိုယ့်ရဲ့ တန်ဖိုးကို မသိတတ်တဲ့သူတွေနဲ့ဆိုရင် ကိုယ့်ရဲ့ စေတနာတွေက အဖိုးမတန်သလို ကိုယ့်ကိုလည်း တန်ဖိုးမရှိသလိုတွေ ဆက်ဆံကြမှာပါ။ ဒီတော့ လူတိုင်းကို တောင့်တလွန်းလို့သာ ကိုယ်ထင်ပြတယ်ဆိုပြီး ဆက်ဆံဖို့လည်း တွေးထားပါ။ ကိုယ့်တန်ဖိုးကို လျှော့ချမဆက်ဆံပါနဲ့။

 

စိတ်ထားကောင်းကောင်းထားပါ

စိတ်ထားကောင်းကောင်းထားပါ

 

ကောင်းသတင်းကိုသာ တည်ဆောက်ပါ

ချစ်တို့ရေ ကိုယ့်ရဲ့တန်ဖိုးကို မြှင့်တင်မယ်ဆိုရင်တော့ ကောင်းတဲ့ အရာလေးတွေ လုပ်ဖို့ လိုပါတယ်။ အလုပ်ခွင်မှာဆိုလည်း ကောင်းသတင်း များတာမျိုးပေါ့။ အလုပ်နဲ့ ပတ်သက်ရင် အလုပ်တွဲလုပ်ရတာ အဆင်ပြေတယ်။ Team work ကောင်းကောင်း ရှိတယ်။ အလုပ်မှာ စိတ်ရှည်တယ်ဆိုတာမျိုးပေါ့။ အဲဒီလို ကောင်းသတင်းလေးတွေ ရှိနေတာက ကိုယ့်ကို တန်ဖိုးမြင့်စေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။

ချစ်တို့ရေ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်မယ်ဆိုရင် ဒီအချက်လေးတွေ လိုအပ်တယ်နော်။ အဲဒါမှ ချစ်တို့ ဘဝတစ်လျှောက်လုံး အဆင်ပြေမှာပါ။

 

Tags: lifeskilllifestyle

Comments

0 comments