မိသားစုများတဲ့ အိမ်တွေအတွက် မိသားစုဝင်အချင်းချင်း ပဋိပက္ခ မဖြစ်စေဖို့

by: seng yar
 0 comments  17 love

မိသားစုဝင်တွေပဲ သိပ်ရင်းနှီးတဲ့သူတွေပဲဆိုပြီး ကိုယ်ပိုင်အရာ မသတ်မှတ်ဘဲ ကိုယ်ပိုင် ပစ္စည်းတွေလို စည်းမရှိ ကမ်းမရှိ ယူသုံးတတ်တာမျိုးကို ရှောင်ပါ။

ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့အတွက် လိုအပ်မယ့် အချက်လေးတွေကို သိထားရမှာပါ

အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင်တော့ မိသားစုကြားထဲက အချင်းချင်း နားလည်မှု လွဲတဲ့အရာတွေက ပေါ်လာတတ်ပါတယ်။ ဒီလို အချိန်တွေမှာဆိုရင် မိသားစုဝင်များတဲ့ အိမ်တွေမှာ ပိုသိသာလာပါတယ်။ မိသားစုများတဲ့ အိမ်တွေအတွက် မိသားစုဝင်အချင်းချင်း ပဋိပက္ခ မဖြစ်စေဖို့ ဘယ်လို အချက်တွေကို လုပ်ဆောင်ပေးသင့်တယ် ဆိုတာကို Marry ကနေ ဝေမျှပေးလိုက်ရပါတယ်နော်။

အချင်းချင်းကြားက ကိုယ်ပိုင်အရာတွေကို သတ်မှတ်ပါ။

ကိုယ်ပိုင်အရာတွေကို သတ်မှတ်ပါ

အချင်းချင်းကြားက ကိုယ်ပိုင်အရာတွေကို သတ်မှတ်ပါ။ အချင်းချင်းကြားမှာ အရာတိုင်း ပြောပြနေစရာ မလိုသလို အရာတိုင်းကိုလည်း လိုက်မမေးရပါဘူး။ သိသင့်တယ် မေးသင့်တယ် ထင်တာတွေကိုပဲ မေးမြန်းပါ။ ပြောပြသင့်တာတွေဆိုရင်လည်း မမေးမြန်းရသေးခင်ကတည်းက ပြောပြထားပါ။ လိုတာထက် ပိုတဲ့ ပါဝင်ပတ်သက်ခြင်းမျိုးကို ရှောင်ပါ။

စည်းကမ်းရှိပါ

မိသားစုဝင်တွေပဲ သိပ်ရင်းနှီးတဲ့သူတွေပဲဆိုပြီး ကိုယ်ပိုင်အရာ မသတ်မှတ်ဘဲ ကိုယ်ပိုင် ပစ္စည်းတွေလို စည်းမရှိ ကမ်းမရှိ ယူသုံးတတ်တာမျိုးကို ရှောင်ပါ။ မရှိမဖြစ် သုံးဖို့ လိုအပ်တယ်ဆိုရင်လည်း ခွင့်တောင်းပြီးမှ သုံးပါ။ ဒီလို စည်းကမ်းမျိုး မိသားစုဝင်ကြားမှာ လုပ်ဖို့ လိုရဲ့လားလို့ အငြင်းမပွါးဘဲနဲ့ လုပ်ဆောင်လိုက်ပါ။ နောင်မှာ ကိုယ့်ပစ္စည်း သူ့ပစ္စည်း စည်းကမ်းတကျ သုံးတတ်တဲ့အကျင့်ကောင်းလေးနဲ့ မိသားစုဝင် အချင်းချင်းကြားက ပဋိပက္ခ လေးတွေကို ကြိုတင် ရှောင်ရှားထားရာ ကျပါတယ်။

 

အိမ်မှာ တစ်ခုခု ပြုလုပ်မယ်လို့ တွေးတဲ့အချိန်မှာ မိသားစုဝင် အကုန်ဆီက သဘောတူညီချက် ယူပါ။

သဘောတူညီချက် ယူပါ

အိမ်မှာ တစ်ခုခု ပြုလုပ်မယ်လို့ တွေးတဲ့အချိန်မှာ မိသားစုဝင် အကုန်ဆီက သဘောတူညီချက် ယူပါ။ ကိုယ်လုပ်ချင်တာ လုပ်တာ ဘယ်သူမှ မထိခိုက်ပါဘူးဆိုတဲ့ အတွေးမျိုးကို မပြုလုပ်ပါနဲ့။ ဥပမာ – အိမ်မှာ ခွေးမွေးမယ်ဆိုတဲ့အချိန် အိမ်မှာ ရှိတဲ့ တခြား မိသားစုဝင်တွေကို အရင်တိုင်ပင်ပါ။ ခွေးကလေး ချစ်စရာကောင်းလို့ မွေးချင်တယ်ဆိုပြီး အိမ်က လူတွေကို မမေးမမြန်းဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ခွေးဝယ်လာတာမျိုးကို ရှောင်ပါ။ တစ်ယောက်တည်း နေတာ မဟုတ်တဲ့အတွက် ကျန်သူတွေရဲ့ သဘောတူညီချက်ကိုပါ တောင်းခံရမှာပါ။

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords