Advertisement

ချစ်တို့ အလုပ်မှာ တိုးတက်အောင်မြင်ဖို့ဆိုတာ Team Work ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်မှ ဖြစ်မှာမလို့ ဘာတွေလိုအပ်လဲ သိထားပေးနော်။

အလုပ်တခု အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ဆိုတာ Team Work ကောင်းကောင်းနဲ့ လုပ်နိုင်ဖို့ လိုပါတယ်။ ကျွမ်းကျင်သူတွေချည်း ရှိတဲ့နေရာမှာ အတွေးအမြင်အသစ်တွေ ကောင်းကောင်းဖလှယ်နိုင်မှသာ ချစ်တို့အတွက် အဆင်ပြေမှာပါ။ နောက်ပြီး လုပ်‌ေဖာ်ကိုင်ဖက်တွေနဲ့ အဆင်ပြေမှ အလုပ်မှာ အကုန်အဆင်ပြေမှာလေနော်။

အတွေးအခေါ်သစ်တွေ ချပြပါ

အလုပ်မှာ Team Work ရှိရှိ အလုပ်လုပ်မယ်ဆိုရင်တော့ အလုပ်နဲ့ ပတ်သက်တဲ့ အတွေးအခေါ်သစ်တွေ စဉ်းစားထားပါ။ အများနည်းတူ စဉ်းစားပါ။ တွေးခေါ်မှာ Team မှာ တခြားသူတွေ လုပ်နေတာပဲ ငါသက်သာအောင် နေမယ်ဆိုတာမျိုး မလုပ်ပါနဲ့နော်။ အားလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူ ဖြစ်မှ ရမယ်ဆိုတာ တွေးထားပါ။ ကိုယ့်ရဲ့ အတွေးအခေါ်သစ်တွေကိုလည်း ချပြပါ။

Flexible

hawaiipublicradio.org

Team Work နဲ့အလုပ်လုပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်က Flexible ဖြစ်ဖို့ လိုပါတယ်နော်။ အမြဲတမ်း Team မှာ ကိုယ်တစ်ယောက်တည်း Negative ဘက်ကတွေးလွန်းတာ၊ သူများရဲ့ အတွေးတွေကို အသိအမှတ်မပြုတာမျိုး မလုပ်ပါနဲ့နော်။ အလုပ်မှာလည်း အကြောင်းအရာပေါ် မူတည်ပြီး ပြင်ဆင်စရာ ရှိတာတွေလည်း ရှိကောင်းရှိနိုင်တာမို့ Flexible ဖြစ်အောင် နေပါ။

အပြုသဘောဆောင်ပြီး ပြောပါ

Team Member အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါ ၊ အလုပ်လုပ်တဲ့အခါ အငြင်းပွားစရာ၊ သင်ပေးစရာတွေ ရှိတဲ့အခါ အပြုသဘောဆောင်ပြီးတော့ပဲ ပြောပါ။ ဒါမှသာ ရေရှည်လက်တွဲပြီး အလုပ်လုပ်လို့ ရမှာပါ။

ကိုယ့်အလုပ်အပေါ် တာဝန်ယူပါ

ဒါကတော့ အလုပ်အပေါ်မှာ ထားရမယ့် ကိုယ့်ရဲ့စိတ်ထားပါ။ ကိုယ့်ရဲ့ အလုပ်တာဝန်ကို ကျေအောင် လုပ်ဖို့လိုသလို တာဝန်ယူစိတ်ရှိဖို့လည်း လိုပါတယ်။ ကိုယ်ရဲ့ Member တွေကို လွှဲချတာမျိုး မလုပ်ပါနဲ့။ ဒါက အရေးအကြီးဆုံး အချက်ပါပဲ။

https://www.careersinpoland.com/

Communication

Team Work ကောင်းကောင်းနဲ့ အလုပ်လုပ်ဖို့အတွက် ပြောဆိုဆက်သွယ်မှုက အရေးအကြီးဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုတဲ့အခါ အချင်းချင်း အပြန်အလှန် လေးစားဖို့ လိုသလို အလုပ်ကိစ္စပြောနေချိန်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မေ့ထားတာမျိုး အလေ့အကျင့် ရှိပါစေ။ ကိုယ့်ရဲ့ အထက်လူကြီး၊ စီနီယာ၊ ဂျူနီယာတွေနဲ့ စကားပြောတဲ့အခါ ချိုချိုသာသာ ပြောပါ။ ပြောသင့် မသင့် အရင် စဉ်းစားပြီးမှ ပြောပါ။

ပြဿနာတွေဖြေရှင်းတဲ့အခါ

အလုပ်မှာ ပြဿနာတွေ ဖြေရှင်းရတဲ့အချိန်အခါတွေလည်း ကြုံရမှာပါပဲ။ အဲဒီအခါကျ ကိုယ့်ရဲ့ Team Member တွေနဲ့ သေချာဆက်သွယ်မေးမြန်းပါ။ ပြဿနာကို အသေအချာ သိအောင် လုပ်ပြီးမှသာ ဖြေရှင်းပါ။ စိတ်တိုပြီး သွေးပူနေတုန်း ဖြေရှင်းတာမျိုး မလုပ်ပါနဲ့နော်။ ပြဿနာ ရှင်းတဲ့အခါမှာလည်း ကိုယ့်ရဲ့ Team Member တွေနဲ့ အတူတကွ ဖြေရှင်းပါ။ အကြံဉာဏ်ယူပါ။ တိုင်တိုင်ပင်ပင်ရှိပါ။

 

Tags: lifestylework

Comments

0 comments