Advertisement

တစ်နေ့တာမှာ လိုအပ်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းတွေနဲ့ လုပ်ရမယ့် အချက်တွေကို သေချာချရေးတာမျိုးတွေ စားပွဲပေါ်မှာ ရှိနေပါစေနော်

အလုပ်ဆိုတာ တစ်နေ့ကို (၈) နာရီလောက် ထိတွေ့ရတဲ့ ပတ်ဝန်းကျင်တစ်ခုပါနော်။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ အလုပ်စားပွဲမှာ စနစ်တကျ ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်အလုပ်တွေ စနစ်တကျ ဖြစ်အောင် ဘယ်လိုစီစဉ်ထားမလဲဆိုတာ အရေးကြီးပါတယ်။ ဒါမှ ထိတွေ့နေရတဲ့ ကာလတစ်လျှောက်လုံး စိတ်ရော ကိုယ်ပါ သက်သာစေမှာနော်။

သပ်သပ်ရပ်ရပ် ဖြစ်ပါစေ

အလုပ်စားပွဲမှာ ရှိသမျှ အရာအားလုံး တင်ထားတာမျိုးတွေ မလုပ်ပါနဲ့။ အလုပ်စားပွဲမှာ ရေဗူး၊ ဖန်ခွက်၊ မှတ်တမ်းမှတ်တဲ့ စာအုပ်နဲ့ ပြက္ခဒိန်လောက်ဆို အဆင်ပြေပါပြီ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ ပစ္စည်းပစ္စယ အသေးလေးတွေကအစ အလုပ်စားပွဲပေါ် တင်ထားတယ်ဆိုရင် ရှုပ်ရှက်ခတ်ပြီး စိတ်တွေရော မျက်စိပါ နောက်လာမှာပါ။ စိတ်ကြည်ကြည်လေး ဖြစ်ဖို့ အလုပ်စားပွဲလည်း သပ်သပ်ရပ်ရပ် ဖြစ်ပါစေ။

အလုပ်စားပွဲနဲ့ ထိုင်ခုံ

အလုပ်စားပွဲနဲ့ ထိုင်ခုံကလည်း တောက်လျှောက်ထိုင်ရတဲ့နေရာဖြစ်တဲ့အပြင် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့လည်း ဆက်စပ်နေတာမို့ အလုပ်စားပွဲနဲ့ ထိုင်ခုံ နေရာကျဖို့ လိုတယ်နော်။ ထိုင်ခုံအရမ်းနိမ့်တာက လက်နဲ့ ပခုံး၊ ခါးကို ထိခိုက်တာတွေ ဖြစ်စေပြီး ထိုင်ခုံအရမ်းမြင့်နေတာ ဇက်ကြောတက်တာတွေ ဖြစ်စေတယ်။ ဒါကြောင့် အလုပ်စားပွဲနဲ့ ထိုင်ခုံ စနစ်ကျပါစေနော်။

Laptop နဲ့ ပတ်သက်ရင်

အလုပ်စားပွဲမှာ ရှိမယ့် Laptop ကလည်း စနစ်တကျ ရှိဖို့လိုတယ်နော်။ စက်ဟမ်းတာ၊ ကိုယ်သုံးမယ့် App တွေ မရှိတာတွေ မဖြစ်အောင် ပြင်ဆင်ထားပါ။ နောက်ပြီး အမြဲသုံးမယ့် Data File တွေ လွယ်လင့်တကူ ပြန်ရှာလို့ ရအောင်လည်း ပြင်ဆင်ထားရပါမယ်။ ပုံတွေဆိုရင်လည်း Folder နဲ့ သေချာစုစည်းထားမျိုးပေါ့။ ဒါတွေက အလုပ်မှာ စနစ်တကျ ရှိဖို့ လိုတဲ့အရာတွေ ဖြစ်ပြီး အလုပ်လည်း တွင်စေမယ့်အချက်ပါ။

(photo: lifeofpix.com)

တစ်နေ့စာအတွက် လိုအပ်တာတွေ

ကိုယ့်ရဲ့ အလုပ်စားပွဲမှာ တစ်နေ့စာအတွက် လိုအပ်တဲ့အရာတွေလည်း စနစ်တကျ ရှိနေပါစေ။ တစ်နေ့တာမှာ လိုအပ်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းတွေနဲ့ လုပ်ရမယ့် အချက်တွေကို သေချာချရေးတာမျိုးတွေ စားပွဲပေါ်မှာ ရှိနေပါစေနော်။ ဒါက လိုအပ်လာကာမှ လိုက်ရှာမနေရတော့ ပိုပြီး အဆင်ချောမှာပါ။

မေးလ်စစ်ဖို့ မမေ့ပါနဲ့

အလုပ်နဲ့ ပတ်သက်ပြီး စနစ်တကျရှိဖို့ဆိုရင် မနက်ခင်း အလုပ်ရောက်တာနဲ့ မေးလ်စ်ဖို့ မမေ့ပါနဲ့နော်။ ဒါမှ ကိုယ့်ရဲ့ ဒီနေ့တစ်နေ့တာမှာ ဘာအလုပ်တွေ ထပ်တိုးလာမလဲ၊ အလုပ်နဲ့ပတ်သက်တဲ့ Meeting တွေ၊ အလုပ်ရဲ့ Update news တွေကို အချိန်နဲ့ တပြေးညီ သိနိုင်မှာပါ။

 

Comments

0 comments
Advertisement