Advertisement

အိမ်ထောင်ရှင်လင်မယားတို့ရေ အိမ်ထောင်ကျသွားလို့ Valentine Day ကို မေ့နေကြပြီလား၊ တကယ်တော့ အိမ်ထောင်ကျပြီးသွားလည်း ချစ်သူများနေ့ကို မေ့မထားသင့်ပါဘူးနော်။

အိမ်ထောင်ရှင်လင်မယားတို့ရေ အိမ်ထောင်ကျသွားလို့ Valentine Day ကို မေ့နေကြပြီလား၊ တကယ်တော့ အိမ်ထောင်ကျပြီးသွားလည်း ချစ်သူများနေ့ကို မေ့မထားသင့်ပါဘူးနော်။ အရင်လောက်  လျှောက်လည်တာတွေ မလုပ်ဘူးဆိုရင်တောင် အရင်က နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ Valentine day ကိုတော့ ပြန်ပြီး အမှတ်တရ ရှိနေရမယ်မလား၊ အိမ်ထောင်ကျပြီးသွားလို့ Valentine day မှာ Romantic မဖြစ်ဘူးလို့ မတွေးလိုက်ပါနဲ့နော်။ အချိန်ပေးမယ်ဆိုရင် Romantic ဖြစ်လို့ ရပါတယ်။

အတိတ်တွေဆီ

အိမ်ထောင်ကျသွားတဲ့ လင်မယားတွေလည်း အချိန်ပေးပြီး ရိုလို့ ရပါတယ်နော်။ ဒီနှစ်မှာ အထွေအထူး မစီစဉ်ဖြစ်ဘူးဆိုရင်တောင် အရင်နှစ်တွေအကြောင်း ပြန်ပြောပါ။ ဒါဆိုရင် အရင်လို ရင်ခုန်သံတွေ လတ်ဆတ်လာမှာ သေချာပါတယ်။ အဲဒီတုန်းက အမှတ်တရတွေနဲ့ ပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေအကြောင်း ပြန်ပြောပါ။

အမှတ်တရတွေနဲ့ ပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေအကြောင်း ပြန်ပြောပါ (photo: Love My Brit)

လက်ဆောင် တစ်ခုခု စီစဉ်ထားပါ

လက်ဆောင် စီစဉ်ထားပါ (photo: Tilki Shop)

အိမ်ထောင်ရှင် လင်မယားဖြစ်သွားလို့ ချစ်သူများနေ့မှာ လက်ဆောင်ပေးစရာ မလိုတော့ဘူး မထင်ပါနဲ့နော်။ ချစ်ခြင်းတွေ ခိုင်မြဲဖို့တာ ဒီလိုမျိုး အံ့သြပျော်ရွှင်စရာလေးတွေ ရှိမှ ဖြစ်မှာလေနော်။ စုံတွဲလေးတို့ အခမ်းအနားနဲ့ ပူဖောင်းတွေ ချိတ်ပြီး စပရိုက် မလုပ်ပေးဖြစ်ဘူးဆိုရင်တောင် ကိုယ့်အိမ်ထောင်ဘက်အတွက် စပရိုက် လက်ဆောင်လေး တစ်ခုခု စီစဉ်ထားပါ။ ဒါဟာ ချစ်သူများနေ့ကို အပျော်ရွှင်ဆုံးဖြတ်သန်းတဲ့ နည်းလမ်းလေး ဖြစ်မှာပါ။

သူ့အတွက် တခုခု

ကတိပေးပါ (photo: Lifehack)

အိမ်ထောင်ရှင်တို့ရေ စပရိုက်ဆိုတာ လက်ဆောင်အကြီးကြီးတွေ စီစဉ်နေမှမဟုတ်ပါဘူးနော်။ သူမကြိုက်တာ တစ်ခုခုကို မလုပ်တော့ဘူးလို့ ကတိပေးလိုက်တာ၊ သူကြိုက်တဲ့ တစ်ခုခုကို လုပ်ပေးမယ်လို့ ကတိပေးလိုက်တာတွေကလည်း အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပါပဲ။ ဒီတော့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်အတွက် အဲဒီလို တခုခု လုပ်ပေးလိုက်တာက တသက်တာ အမှတ်ရ စရာ ဖြစ်နေမှာပါ။

အချိန်အတူတူ ဖြုန်းပါ

ညစာထွက်စားဖို့ အကြောင်းပြချက်ကောင်း တချက်ပါပဲ (photo:Holiday Lettings Blog)

ဒီလိုနေ့ရက်ဟာ အပြင်မှာ ညစာထွက်စားဖို့ အကြောင်းပြချက်ကောင်း တချက်ပါပဲ။ စားချင်တာတွေရှိရင် ပူဆာလိုက်လို့ ရပါပြီ။ နှစ်ယောက်တည်း ညဘက်ထွက်ပြီး ရုပ်ရှင်ကြည့်တာမျိုး၊ မိသားစုတွေဆီ သွားလည်တာမျိုး လုပ်ပါ။ ဒါက ဒီနေ့အတွက် အထူးနေ့လေး ဖြစ်နေမှာပါ။

အိမ်ထောင်ရှင်ဖြစ်သွားလို့ Ro လို့ မရတော့ဘူး တွေးနေသူတွေအတွက် နည်းလမ်းကောင်းလေးတွေ ပေးလိုက်တယ်နော်။

Comments

0 comments