Advertisement

တစ်နှစ်လုံး ကျန်းမာပျော်ရွှင်ပြီး အားအင်အပြည့်နဲ့ အဆိုးတွေကို ဖြတ်ကျော်ပြီး အောင်မှုတွေ ရပါစေလို့ Marry ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ချစ်တို့ရေ (၂၀၂၁) နှစ်ရောက်လာပြီနော်။ (၂၀၂၀) မှာတော့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေခဲ့ရပြီး အလုပ်နဲ့ပတ်သက်တဲ့ စိတ်ညစ်ရမှုတွေလည်း ရှိကောင်းရှိခဲ့မှာပါ။ ဒါတွေကို ထားခဲ့ပြီး ခုနှစ်သစ် (၂၀၂၁)ခုနှစ်မှာ အားအင်အပြည့်နဲ့ ကြိုးစားကြမယ်လေ။ ဒီတော့ ကိုယ်တိုင် Motivate ဖြစ်နေဖို့ လိုတာပေါ့။ နှစ်သစ်မှာ Motivate ဖြစ်အောင် ဘာတွေလုပ်လို့ရမလဲဆိုတာ ပြောပြမယ်နော်။

သူများတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို သူများတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓါတ်ကျတာမျိုး မလုပ်ပါနဲ့နော်။ သူများတွေက တိုးတက်နေပြီ၊ အလုပ်အကိုင်တွေ ကောင်းနေပြီဆိုရင် အားကျအတုယူဖို့ပဲ စဉ်းစားပါ။ ငါ့ကျ အဲဒီလို မဖြစ်ဘူး၊ မရှိဘူးဆိုပြီး ကိုယ်နဲ့သူများကို နှိုင်းယှဉ်တာက အားအင်တွေ ကုန်စေပါတယ်။ ဘယ်လိုနည်းနဲ့မှ Motivate မဖြစ်စေပါဘူး။

Goals ထားပါ

ဘဝမှာ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘယ်လိုအလုပ်တွေ လုပ်ချင်တယ်ဆိုတဲ့ Goals ထားပါ။ တစ်နှစ်စာဖြစ်ဖြစ် Goals ထားပါ။ အဲဒီလို သတ်မှတ်ထားတာက ကိုယ့်ကို Motivate ဖြစ်စေမှာပါ။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လိုက်လုပ်ဖို့အတွက် သင်တန်းတက်တာ၊ Self study လုပ်တာမျိုးလုပ်ပါ။ နည်းနည်းလေး ပညာစုမိတာနဲ့ ဆက်ပြီး လေ့လာချင်စိတ်၊ သင်ချင်စိတ်တွေ ရှိလာမှာပါ။

စိတ်နေစိတ်ထား

ကိုယ်တိုင် Motivate ဖြစ်လာဖို့ဆိုတာ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့လည်း ဆိုင်ပါတယ်နော်။ မှားခဲ့ဖူးတာတွေ၊ အတိတ်တွေကိုပဲ တွေးနေမိပြီး အဆင်မပြေတာတွေပဲ တွေးနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး Motivate ဖြစ်တော့မလဲ။ မှားခဲ့တာတွေ၊ အတိတ်တွေထဲကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ဖို့ပဲ ကြိုးစားရမှာပါ။ ကိုယ့်ရဲ့ပန်းတိုင် မရောက်မချင်း လက်မလျှော့ဘူး၊ အရှုံးမပေးဘူးဆိုတဲ့ စိတ်နေစိတ်ထားတွေလည်း ရှိဖို့လိုတယ်နော်။ ဒီလိုစိတ်ဓါတ်မျိုးရှိမှလည်း Motivate  ဖြစ်တော့မှာပါ။

တိုးတက်လာမယ်ဆိုတာကို ယုံပါ

တိုးတက်လာမယ်ဆိုတာကို ယုံပါ

တိုးတက်လာမယ်ဆိုတာကို ယုံပါ

ကိုယ့်ရဲ့ လက်ရှိဝင်ငွေ၊ အလုပ်အကိုင်တွေ အားလုံး တစ်နေ့မှာ တိုးတက်လာမယ်၊ တိုးတက်အောင် လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါ။ ချစ်လေးတို့လည်း ကိုယ့်ရဲ့အလုပ်မှာ တိုးတက်လာအောင်၊ လုပ်ငန်းခွင် ဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် ဖြည်းဖြည်းချင်း ကြိုးစားသွားပါ။ တိုးတက်မယ်လို့ ယုံကြည်ချက် ထားထားပြီး အလုပ်လုပ်ရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်နိုင်မှာပါ။

ချစ်တို့ရေ နှစ်သစ်ကစပြီး တစ်နှစ်လုံး ကျန်းမာပျော်ရွှင်ပြီး အားအင်အပြည့်နဲ့ အဆိုးတွေကို ဖြတ်ကျော်ပြီး အောင်မှုတွေ ရပါစေလို့ Marry ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Tags: motivationnew year

Comments

0 comments