Advertisement

Social skill ကောင်းပြီး သူငယ်ချင်းတွေနဲ့ အခင်အမင်တွေ မပျက်ချင်ဘူးဆိုရင်တော့ ခုပြောပြထားတဲ့အချက်တွေကို သေချာလေး လိုက်နာပေးဖို့ လိုတယ်နော်။

ချစ်တို့ရေ သူငယ်ချင်းတွေဆိုတာလည်း .ကိုယ့်ရဲ့ဘဝမှာ လိုအပ်တဲ့ အရာတွေပါပဲနော်။ ကိုယ့်ဆီမှာ ပျော်စရာရှိတာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာရှိတာပဲဖြစ်ဖြစ် တိုင်ပင်ရင်ဖွင့်လို့ရမယ့် သူငယ်ချင်းတော့ ရှိသင့်တာပေါ့။ သူငယ်ချင်းတွေ ကိုယ့်အနားမှာ ရှိနေဖို့ဆိုတာလည်း ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေး skill တွေနဲ့လည်း ဆိုင်ပါတယ်။ ဒီနေ့ခေတ်မှာ Social မကောင်းဘူးဆိုရင် အလုပ်ခွင်ရော၊ လူမှုရေးနယ်ပယ်မှာ မဟုတ်ဘူးနော်။ ကိုယ်က Social မကောင်းဘူးဆိုရင်လည်း စိတ်ညစ်မနေဘဲ တဖြည်းဖြည်းချင်း ကြိုးစားလေ့ကျင့်လို့ ရပါတယ်။

ဗဟုသုတ ရှိပါစေ

Social ကောင်းချင်တယ်၊ စကားဝိုင်းထဲမှာ ပါချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က ဗဟုသုတတွေ နှံ့စပ်ဖို့ လိုပါတယ်။ စာများများ ဖတ်ပါ။ အကြောင်းအရာအစုံ လေ့လာထားပါ။ ဒါမှသာ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ဝင်ပြောလို့ ရမှာပေါ့နော်။ ဗဟုသုတ မရှိဘဲနဲ့ သူတို့ကြား ဘယ်ဝင်ဆွေးနွေးလို့ ရမလဲ။ ဒါကြောင့် အွန်လိုင်း၊ စာအုပ်စာပေ အကုန်လုံး သိသလောက် မှတ်သားထားပါ။

Body Language ကိုလည်း ဂရုစိုက်ပါ

Social ကောင်းတယ်လို့ ထင်ရတဲ့သူတွေကို လေ့လာကြည့်ရင် သူတို့စကားပြောတဲ့အခါမှာ ကိုယ်နေဟန်ထား၊ ခြေရာလက်ရာကလည်း စိတ်ဝင်စားအောင်၊ တဖက်လူ စိတ်ဝင်စားအောင် ဆွဲဆောင်ပြောတတ်တာကို သတိထားမိမှာပါ။ ကိုယ်က Social ကောင်းချင်တယ်ဆိုရင် စကားပြောလေ့ကျင့်တဲ့အခါ body language ကိုလည်း တစ်ခါတည်းလေ့လာကြည့်ပါ။

ဗဟုသုတ ရှိပါစေ

ဗဟုသုတ ရှိပါစေ

ကိုယ့်ကိုယ်ကို ဝန်ခံပါ

ချစ်တို့ရေ Social မကောင်းတာကို ကောင်းလာအောင် လေ့ကျင့်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင် Social မကောင်းဘူးဆိုတာ ကိုယ်တိုင်ဝန်ခံပါ၊ လက်ခံပါ။ မတတ်တာကို မတတ်ဘူးလို့ ခံယူထားမှသာ သင်ယူတဲ့အခါမှာ လွယ်ကူတတ်မြောက်မှာပါနော်။ ဒီလိုမျိုး ကိုယ့်စိတ်က ပြတ်သားနေရင်တော့ အလွယ်လေး Social ကောင်းလာမှာပါ။

မကူညီတတ်တာ

သူငယ်ချင်းတွေကြားထဲမှာ ကူညီတတ်တဲ့ စိတ်လေးထားပါ။ ကိုယ့်အလှည်ကျ အကူအညီတွေတောင်းပြီး ကိုယ့်ကို ပြန်အကူအညီတောင်းတဲ့ အခါကျ မသိချင်ယောင်ဆောင်နေတာက အဆင်မပြေဘူးနော်။ ကူညီပေးဖို့ အမြဲငြင်းဆန်နေတာက ကိုယ့်ဆီမှာ အပေါင်းအသင်းတွေ ရှိမှာတောင် မဟုတ်ဘူးနော်။ သူငယ်ချင်းတွေ ကြားထဲမှာ ဒါမျိုးတွေ မလုပ်မိဖို့ လိုပါတယ်။

အခင်အမင်မပျက်ရအောင်

အခင်အမင်မပျက်ရအောင်(photo: www.freejpg.com.ar)

ချိန်းထားပြီးရင် ဖျက်တာ

ဘယ်လောက်ပဲ ရင်းနှီးတဲ့သူငယ်ချင်းပဲဖြစ်ဖြစ် ချိန်းထားပြီးရင် ဖျက်ပစ်တာမျိုး၊ မသွားတာမျိုး မလုပ်ပါနဲ့။ ကိုယ့်မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိရင်လည်း အကျိုးအကြောင်းပြောပြထားပါ။ တမင်သက်သက်လျော်တာမျိုး မလုပ်နဲ့နော်။ ဒါတွေက ကိုယ့်ဆီမှာ သူငယ်ချင်းတွေ မမြဲစေမယ့် အချက်တစ်ချက်ပါပဲ။

 ပိုက်ဆံပြန်မဆပ်တာ

သူငယ်ချင်း အချင်းချင်း ပိုက်ဆံချေးတဲ့ကိစ္စတွေကတော့ ရှိကြမှာပါ။ ဒါပေမယ့်လည်း ချေးထားပြီးရင် ပြန်ဆပ်ဖို့ လိုတယ်နော်။ ချေးထားပြီးသား ပိုက်ဆံတွေကို မေ့ပစ်လိုက်တာမျိုးတွေ မလုပ်ပါနဲ့။ ပိုက်ဆံချေးထားရင် ဘယ်လောက်ပဲဖြစ်ဖြစ် ပြန်ဆပ်ပါ။ ဒါမှ အချင်းချင်းကြားမှာ အမုန်းပွားတာမျိုးတွေ မဖြစ်မှာပါ။

ချစ်တို့ရေ Social skill ကောင်းပြီး သူငယ်ချင်းတွေနဲ့ အခင်အမင်တွေ မပျက်ချင်ဘူးဆိုရင်တော့ ခုပြောပြထားတဲ့အချက်တွေကို သေချာလေး လိုက်နာပေးဖို့ လိုတယ်နော်။

Comments

0 comments