Advertisement

ကိစ္စတစ်ခုကို အလွန်ဆုံး (၁၅) မိနစ်လောက်ထိပဲ တွေးပါ။ အဲဒီလို အလေ့အကျင့်လေး ထားပါ။ မဟုတ်ရင် တညလုံးတွေးနေမိတာမျိုး ဖြစ်တတ်လို့လေ

တစ်ခါတစ်လေမှာ ဘာအတွေးတွေမှန်း မသိ လျှောက်တွေးပြီး စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်တတ်ကြပါတယ်။ အတွေးတွေလည်း လွန်သလို အလွန်လည်းတွေးတတ်ကြတယ်လေ။ မရှိရှိတာကို ရှာကြံတွေးတတ်ကြတယ်လေ။ အဲဒီလိုတွေ တွေးမိပြီးရင်တော့ စိတ်ညစ်ရပြီး တခြားကိုယ့်ဘဝအတွက် ဘာမှမလုပ်ဖြစ်တော့ဘူးလေ။ အဲဒီလို လျှောက်တွေးနေတာတွေကို လျှော့ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေ သုံးကြမယ်နော်။

အနာဂတ်ကို တွေးပူတာ

တချို့ ကောင်မလေးတွေက အနာဂတ်ကို တွေးပူတတ်ကြတာမျိုးပါ။ နောင်မှာ ပိုက်ဆံမရှိနေရင်၊ အလုပ်ပြုတ်သွားရင် ဘယ်လိုဖြစ်မလဲဆိုပြီး မဖြစ်သေးတာတွေကို တွေးပူတာမျိုးပေါ့။ အနာဂတ်အတွက် တွေးတာက ကောင်းပေမယ့် တွေးပြီး ပူလောင်နေတာမျိုးကတော့ စိတ်ရောကိုယ်ပါ ကျန်းမာရေး ထိခိုက်စေတာပါပဲ။ အနာဂတ်မှာ ကိုယ်ဘယ်လိုဖြစ်နေမလဲဆိုပြီး တွေးမပူပါနဲ့။ အကယ်လို့ တွေးမိနေပြီဆိုရင်လည်း သတိရတာနဲ့ ချက်ချင်းအာရုံပြောင်းပါ။ မတွေးမိအောင် နေမယ်ဆိုပြီး တွေးထားပါ။

အတိတ်တွေထဲက ရုန်းထွက်ပါ

အတိတ်တွေထဲက ရုန်းထွက်ပါ

အတိတ်တွေထဲက ရုန်းထွက်ပါ

လူတိုင်းမှာတော့ အတိတ်မှာ ကိုယ်မဖြစ်ချင်ခဲ့တဲ့အရာတွေ၊ ကိုယ်မလိုချင်ဘဲ ရခဲ့တဲ့အရာတွေ ရှိပါတယ် ချစ်တို့ရေ။ ဒီလိုမျိုး အတိတ်တွေကြောင့် စိတ်ညစ်နေရတာက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ အတိတ်ကြောင့် စိတ်ညစ်နေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို အရင်သတိရပါ။ အတိတ်တွေကို တွေးပြီး စိတ်ရှုပ်နေတာမျိုး မဖြစ်ရအောင် အပေါ်မှာ ပြောထားသလို ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးတွေးပြီး တခြားကို အာရုံထားပါ။ ကိုယ့်ရဲ့ အတိတ်တွေကို အစဖော်ပေးနေတဲ့သူတွေနဲ့ အတတ်နိုင်ဆုံး အဝေးမှာ နေပါ။ ဒါက အတိတ်တွေကို မတွေးမိစေမယ့် အချက်ပါ။

အရင်အာရုံစိုက်ပါ

အရင်အာရုံစိုက်ပါ

လုပ်စရာ ရှိတာတွေကို အရင်အာရုံစိုက်ပါ

 အတွေးလွန် အလွန်တွေးလွန်းတာတွေ ရပ်နိုင်ဖို့ဆိုရင် အခုလက်ရှိမှာ လုပ်စရာတွေ များများထားပါ။ ကိုယ့်ရဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်တွေ၊ သင်တန်းတွေနဲ့ အချိန်ပြည့် နေပါ။ ဒါဆိုရင် တွေးမိဖို့ အချိန်မရှိတာမို့ တွေးပြီးစိတ်ညစ်နေတာမျိုး မရှိမှာပါ။ ကိစ္စတစ်ခုကို အလွန်ဆုံး (၁၅) မိနစ်လောက်ထိပဲ တွေးပါ။ အဲဒီလို အလေ့အကျင့်လေး ထားပါ။ မဟုတ်ရင် တညလုံးတွေးနေမိတာမျိုး ဖြစ်တတ်လို့လေ။ ကိစ္စတစ်ခုကို အရင်ဆုံး (၁၅) မိနစ်လောက်ပဲ တွေးမယ်လို့ စဉ်းစားထားရင် အများကြီး မတွေးမိတော့ဘူးပေါ့။ နောက်တော့ မိနစ်တွေ တဖြည်းဖြည်း လျှော့ကျလာမယ့် အကျင့်ထားရင် တွေးတာကို ရပ်တန့်နိုင်မှာပါ။

စိတ်ဖိစီးတာတွေနဲ့ စိုးရိမ်စိတ်များတာတွေက ကိုယ့်ကို အဆိုးဆုံး ဒုက္ခပေးတာမလို့ သေချာ ဆင်ခြင်ဖို့လိုတယ်နော်။

Tags: lifestyle

Comments

0 comments