Advertisement

အလုပ်ပြီးရင်းအလုပ်ဖြစ်နေလို့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးနေပြီလို့ တွေးနေမိရင်တော့ ဒီအချက်လေးတွေ လုပ်ကြည့်ပြီး အချိန်ခွဲလိုက်တော့နော်။

ချစ်တို့ရေ အလုပ်ပဲ နံပါတ်တစ် အလုပ်ပဲ နံပါတ်နှစ် ဖြစ်နေပြီလား။ ကိုယ့်ရဲ့ လူနေမှုဘဝအတွက် အလုပ်တွေ လုပ်ရတယ်ဆိုပေမယ့် အလုပ်တွေပဲ တောက်လျှောက်လုပ်နေပြီး အလုပ်ပြီးရင်းအလုပ်ပဲ ဖြစ်နေတယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ထွက်ပေါက်လေးတွေ ရှိသင့်ပြီနော်။ မဟုတ်ရင် အလုပ်ထဲမှာပဲ ပိတ်မိနေမယ်လေ။ စီးပွားရေး၊ လူမှုရေး မျှမျှတတ ရှိနေဖို့ လိုတာမို့  ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ

အလုပ်လုပ်တဲ့အခါမှာ စိတ်ကိုပေါ့ပေါ့ပါးပါး ထားပါ။ တချိန်လုံး အလုပ်မှ အလုပ်ပဲ တွေးမိနေရင်တော့ ကိုယ်တစ်ယောက်တည်းပဲ အလုပ်တွေများ၊ စိတ်တွေဖိစီးပြီး အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်နေ့တည်း ပြီးသွားမှာ မဟုတ်တဲ့အလုပ်ဖြစ်ကြောင်း စိတ်ထဲ တွေးထားပါ။ ဒါဆိုရင် အလုပ်တောက်လျှောက် မပြတ်တမ်း လုပ်မိနေတာကို ရပ်နိုင်မှာပါ။

လူမှုရေးတွေလည်း အာရုံစိုက်ပါ

ချစ်တို့ အလုပ်တွေပဲ တောက်လျှောက်လုပ်မိနေပြီး အလုပ်ထဲမှာပဲ ပိတ်မိနေတယ်ဆိုရင်တော့ လူမှုရေးတွေလည်း အာရုံစိုက်ဖို့ လိုလာပါပြီ။ သူငယ်ချင်းတွေကို အချိန်ပေးတာ၊ အပြင်အသွားအလာ လုပ်တာမျိုးတွေ ရှိပါစေနော်။ လူမှုရေးတွေ ပြန်ပြီး အာရုံစိုက်မယ်ဆိုရင် အလုပ်တောက်လျှောက်လုပ်နေတာမျိုး နည်းလာမှာပါ။

ကိုယ်ပိုင်အချိန်

ကိုယ်ပိုင်အချိန်

အချိန်ကန့်သတ်ပါ

ချစ်တို့ရေ အလုပ်တွေပဲ တောက်လျှောက်လုပ်မိနေတာမျိုး မဖြစ်ရအောင် အချိန်ကန့်သတ်ထားဖို့ လိုပါတယ်။ ရုံးချိန်အတွင်းပဲ အလုပ်ကို အာရုံစူးစိုက် လုပ်ပြီး ပိတ်ရက်တွေမှာ အနားယူဖို့ စဉ်းစားပါ။ ဘယ်အချိန်ကနေ ဘယ်အချိန်မှာ ဘယ်အလုပ်လေး လုပ်မယ်ဆိုတာမျိုး ကန့်သတ်ထားပါ။ မဟုတ်ရင် အလုပ်တွေပဲ တောက်လျှောက် အာရုံရနေပြီး နားချိန်မရ ဖြစ်တတ်ပါတယ်နော်။ ပိတ်ရက်ဆိုရင်လည်း အလုပ်နဲ့ ပတ်သက်တာတွေ အကုန်မေ့ထားပါ။ လုံးဝမတွေးဘဲ နေတာက အလုပ်မှာပဲ ပိတ်မိနေတာမျိုး မဖြစ်တော့ပါဘူး။

တခြားဝါသနာ ပါတာလေးတွေ

ချစ်တို့ရေ အလုပ်မှာပဲ တောက်လျှောက်ပိတ်မိနေတဲ့ ခံစားချက်မျိုး မဖြစ်ချင်ဘူးဆိုရင်တော့ တခြားဝါသနာ ပါတာလေးတွေ လုပ်ကြည့်ပါ။ ဝါသနာ ပါတာမျိုး မဟုတ်ရင်တောင် ကိုယ့်စိတ်ထဲ အဆင်ပြေစေမယ့် အရာလေးတွေ လုပ်ပါ။ အပင်စိုက်တာ၊ ရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာလေးတွေပေါ့။ အာရုံချစရာ တစ်ခုခု လုပ်ပါ။ အလုပ်တွေပဲ တွေးတောနေတာမျိုး ရှောင်ပါ။

သင်ယူနိုင်မယ့်တစ်ခုခု

အလုပ်ထဲမှာ ပိတ်မိနေတယ်လို့ မခံစားချင်ရင်တော့ သေချာပေါက် အလုပ်မှာ လေ့လာလို့ ရမယ့် တစ်ခုခု ရှာဖွေထားတာ အကောင်းဆုံးပါ။ အနည်းဆုံး အင်္ဂလိပ်ဘာသာစကား အသံဖိုင်လေးတွေ နားထောင်တာမျိုးပေါ့။ ဒီအလုပ်ကနေ တိုးတက်လာနိုင်မယ့် လမ်းစတစ်စ ဖြစ်အောင် ဖန်တီးထားပါ။ အဲဒီလိုဆိုရင် အလုပ်မှာ ပျင်းနေတာ၊ စိတ်မပါတာတွေ မဖြစ်တော့မယ့်အပြင် ဒါတွေချည်းပဲ လုပ်နေရတယ်လို့ မတွေးမိတော့ဘူးပေါ့။

ချစ်တို့ရေ အလုပ်ပြီးရင်းအလုပ်ဖြစ်နေလို့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးနေပြီလို့ တွေးနေမိရင်တော့ ဒီအချက်လေးတွေ လုပ်ကြည့်ပြီး အချိန်ခွဲလိုက်တော့နော်။

Comments

0 comments