Advertisement

စိတ်ထဲမှာ အားနည်း အားငယ်ပြီး နေမကောင်းသလို ခံစားနေရရင် ဒီအချက်လေးတွေ လုပ်ဆောင်ကြည့်ပြီး အားတင်းထားပါနော်။

တစ်ခါတလေမှာလေ အလုပ်၊ လူမှုရေး၊ နောင်ရေးတွေ တွေးပြီး စိတ်ပိုင်းဆိုင်ရာမှာ မလုံခြုံသလိုလို၊ ကြောက်စိတ်ဝင်လာသလိုလိုနဲ့ စိတ်ဓါတ်ကျတာမျိုးတွေ ဖြစ်တတ်တယ်နော်။ ခဏလေး မဟုတ်ဘဲ ရက်ကြာကြာ ဖြစ်နေပြီဆိုရင်တော့ ဒါကို သေချာကိုင်တွယ် ဖြေရှင်းဖို့ လိုပြီလေ။ အကြာကြီး စိတ်ဓါတ်ကျနေလို့မှ မရတာ။ နေ့စဉ်ဘဝတွေ ဖြတ်သန်းရဦးမယ်လေ။

အတွေးတွေကို ပြောင်းလဲပစ်ပါ

အဲဒါကတော့ အတွေးတွေ လျှောက်တွေးနေမိပြီဆိုရင် အကောင်းဘက်ကနေ ပြောင်းတွေးပါ။ ဥပမာ- အလုပ်ပြုတ်သွားရင်ဆိုပြီး တွေးပူနေတယ်ပေါ့ ဒါဆိုရင် အလုပ်သစ်မှာ ပိုပြီးအဆင်ပြေမှာဆိုတာမျိုး။ ဒီလိုတွေ အတွေးတွေကို ပြောင်းပစ်ပါ။ တစ်ခဏလောက် ဖြစ်ဖြစ် စိတ်သက်သာရာ ရမှာပါ။

သူငယ်ချင်းတွေနဲ့ ပျော်ကြည့်ပါ

သူငယ်ချင်းတွေနဲ့ စကားပြောပါ။ ကိုယ့်ရဲ့ စိတ်ဓါတ်ကျနေတဲ့အကြောင်းကို မပြောပြချင်ဘူးဆိုရင်တောင် ပျော်စရာ ကိစ္စတွေ ပြောတာ၊ လျှောက်လည်တာမျိုး လုပ်ကြည့်ပါ။ အဲဒါက စိတ်ထဲမှာ ခံစားနေရတာတွေကို သက်သာရာ ရစေမှာပါ။

အစားစားပါ

မိန်းကလေးတွေမှာ ဖြစ်တတ်တာက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဘူးဆိုရင် အစားမစားချင်တာ၊ စားချင်စိတ် မရှိတာတို့ပေါ့။ စိတ်ထဲကမပါရင် အစားမစားချင်ဘူးဆိုတာ မှန်ပေမယ့်လည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်ရင် ပိုပြီးတော့ အခြေအနေ ဆိုးသွားနိုင်တယ်နော်။ ဒါကြောင့် မစားချင်လည်း အစားကို ဝင်သလောက် နိုင်သလောက် စားပါ။

အတွေးတွေကို ပြောင်းလဲပစ်ပါ

အတွေးတွေကို ပြောင်းလဲပစ်ပါ

အတွေးတွေ မေ့ပစ်ပါ

စိတ်ဓါတ်ကျတယ်၊ စိတ်မှာ အားနည်းလာပြီဆိုရင် အတွေးပေါင်းစုံ လျှောက်တွေးတော့တာပါပဲ၊ ည (၁) နာရီထိုးလည်း မအိပ်၊ (၂) နာရီလည်း အိပ်မပျော်တွေ ဖြစ်ကုန်ပါရော။ ဒါက ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ပိုပြီးတော့လည်း စိတ်ဓါတ်ကျစေ၊ အားနည်းစေပါတယ်။ ဒီတော့ အတွေးတွေ ဖျောက်ပစ်လိုက်ဖို့ ကြိုးစားရမှာပါ။ အာရုံစူးစိုက်မှု တစ်ခုခု ပြောင်းဖို့ လိုတာမို့  စာအုပ်ဖတ်တာ၊ ပန်းချီဆွဲတာ၊ တရားမှတ်တာ၊ ဘုရားစာ ရွတ်တာ ဒါမျိုးတွေ လုပ်ပါ။

အားတက်စေမယ့် သီချင်းတွေ

အားတက်စေမယ့် သီချင်းတွေ

အားတက်စေမယ့် သီချင်းတွေ

စိတ်ပိုင်းဆိုင်ရာ အားနည်းလာပြီဆိုရင် ကိုယ့်အတွက် ပထမဆုံး အဖော်ပြုပေးနိုင်တာက သီချင်းပါပဲ။ အဲဒီမှာလည်း အလွမ်း၊ အဆွေးတွေ နားမထောင်ဘဲ စိတ်ဓါတ်ခွန်အား ပေးနိုင်မှာမျိုးပေါ့။ မြန်မာသီချင်းထဲမှာဆိုရင် ” သင့်အတွက် မနက်ဖြန်” တို့ အင်္ဂလိပ် သီချင်းထဲမှာ ဆိုရင်လည်း “Roar” စတာမျိုးပေါ့။ ကိုယ့်ကို အားဖြစ်စေမယ့် သီချင်းလေးတွေ နားထောင်ပြီး အားတင်းထားလို့ ရမှာပါ။

ချစ်တို့ရေ စိတ်ထဲမှာ အားနည်း အားငယ်ပြီး နေမကောင်းသလို ခံစားနေရရင် ဒီအချက်လေးတွေ လုပ်ဆောင်ကြည့်ပြီး အားတင်းထားပါနော်။

Tags: lifestylesadness

Comments

0 comments