Advertisement

တစ်နေ့လုံးစာအတွက် တစ်နေ့ ၂၄ နာရီ ရှိတဲ့အထဲကတော့ ကိုယ့်အိမ်ထောက်ဘက်နဲ့ အေးအေးဆေးဆေးစကားပြောချိန် နာရီဝက် ၁ နာရီတော့ ရအောင် အချိန်ယူပေးပါ။

 

Photo : Y Photo Studio

 

ဘဝနေနည်းတွေ အများကြီး ရှိပါတယ်။ တစ်ယောက်တစ်မျိုး ပြောတာတွေကတော့ အမျိုးစုံဖြစ်နေပါတယ်။ အဓိကအရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိနေဖို့ပဲ ဖြစ်ပါတယ်။ နားလည်မှုဆိုတာ စကားလုံးလေး ၃ လုံးထဲတင်ဆိုပေမယ့် တကယ်တမ်းလက်တွေ့မှာက တည်ဆောက်ဖို့ ခက်ခဲလှပါတယ်။ Marry ကနေ မင်္ဂလာမောင်နှံတွေအတွက် အရေးကြီးတဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။

ဘုရားတရား ကိုင်းရှိုင်းပါ

ဘာသာရေး အဆုံးအမဆိုတာ ဘာသာတိုင်းအတွက် လိုအပ်ပါတယ်။ ဘယ်ဘာသာနေနေ ဘုရားတရား ကိုင်းရှိုင်းတဲ့အခါ စိတ်ကိုပို ကြည်လင်စေမှာအမှန်ပါ။ စိတ်ကြည်လင်တဲ့အတွက် တော်တန်ရုံကိစ္စတွေမှာ စိတ်တို လွယ်မှာမဟုတ်တဲ့အတွက် အိမ်ထောင်ဘက်ခြင်း နားလည်မှုကို ပိုတိုး တည်ဆောက်နိုင်မှာ သေချာပါတယ်။

တစ်ဦးအပေါ် တစ်ဦးရိုးသားပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုပါ

လင်ရယ် မယားရယ် ဖြစ်လာတဲ့အချိန်မှာတော့ တစ်ဦးနဲ့ တစ်ဦးက နှစ်ကိုယ့်တစ်စိတ်တွေ ဖြစ်သွားကြပါပြီ။ ဒီလိုအချိန်မှာတော့ ပျော်စရာရှိရင် အတူတူပျော်၊ ဝမ်းနည်းစရာ ရှိရင်လည်း အတူတူဝမ်းသာတတ်ရန် လိုအပ်လာပါတယ်။ ခံစားရသမျှကို ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံတာက နှစ်ယောက်သား ဆက်ဆံရေးကို အကောင်းဆုံးဖြစ်နေစေပါတယ်။

အချိန်ယူပါ

အချင်းချင်း တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို ပြောဆို မျှဝေဖို့အတွက် အချိန်ယူပါ။ အဓိက အရေးကြီးတာက စကားပြောချိန်ယူဖို့ပါပဲ။ အချိန် မရှိတာ ရှိတာ၊ အလုပ်များနေလို့ အချိန်မပေးနိုင်ဘူးဆိုတာတွေက ဦးစားပေးအရာတွေ အပေါ်မှာပဲ မူတည်တာမို့ပါ။ တစ်နေ့လုံးစာအတွက် တစ်နေ့ ၂၄ နာရီ ရှိတဲ့အထဲကတော့ ကိုယ့်အိမ်ထောက်ဘက်နဲ့ အေးအေးဆေးဆေးစကားပြောချိန် နာရီဝက် ၁ နာရီတော့ ရအောင် အချိန်ယူပေးပါ။

Comments

0 comments
Advertisement