Advertisement


Negative vibes များများ ရှိတဲ့သူတွေနဲ့ နေနေရလို့ စိတ်ညစ်နေပြီလား။ ကိုယ်နဲ့ မဖြစ်မနေ ခေါ်ပြောဆက်ဆံနေရတဲ့သူတွေက အဲဒီလိုဆိုရင် စိတ်ပင်ပန်းနေရမှာပါ။ တခါတလေကျ ကိုယ်တွေးသလို မတွေးတာ၊ ဘယ်သူ့ရဲ့ ဘယ်အကြောင်းအရာ ဖြစ်ဖြစ် အကောင်းမမြင်တာတွေက စိတ်အနှောင့်အယှက် ဖြစ်စေတယ်နော်။ ကိုယ်က အကောင်းမြင်နေရင်တောင် အပြစ်တင်ခံရတာမျိုးပေါ့။ ဒီလိုတွေ ခဏခဏ ကြုံလာရင် စိတ်ရှုပ်လာပြီး ဒီပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်ဖို့လည်း ကြိုးစားရမှာပါ။ ဒါပေမယ့်လည်း ကိုယ်နဲ့ မဖြစ်မနေ ပြောဆိုနေရတဲ့သူတွေကြားမှာဆိုရင်ရော ဘယ်လိုရှောင်ထွက်မလဲ၊ Negative Vibes ရှိသူတွေနဲ့ ရှောင်တိမ်းလို့ရမယ့် အကွက်တွေ ပြောပြမယ်နော်။

ငြင်းရမယ့် ကိစ္စတွေ မဆွေးနွေးပါနဲ့

ဘယ်ကိစ္စမဆို မကောင်းမြင်ဖို့ပဲ တွေးနေတဲ့သူတွေနဲ့ ဝေးဝေးရှောင်ချင်တယ်ဆိုရင်တော့ အငြင်းအခုံ လုပ်ရမယ့် ကိစ္စတွေကို မဆွေးနွေးပါနဲ့။ မပြောပါနဲ့။ ဘာလို့လဲဆိုတော့ ဘယ်အကြောင်းအရာပဲ ပြောပြော ကိုယ့်စိတ်နဲ့ ကိုက်မှာမဟုတ်ဘူးလေနော်။ နောက်ပြီး ပြန်ငြင်းလို့ဆိုပြီး စိတ်ဆိုးတာတွေ၊ စိတ်ကောက်တာတွေလည်း လုပ်တတ်ကြတယ်လေ။ ဒါဆိုရင် ကိုယ်ပဲ မိတ်ပျက်ရမှာနော်။ ဒီတော့ ငြင်းရမယ့် ကိစ္စတွေ လုံးဝ မဆွေးနွေးပါနဲ့။

Positive ဖြစ်ဖို့ မတိုက်တွန်းပါနဲ့ (photo: depositphotos.com)

Positive ဖြစ်ဖို့ မတိုက်တွန်းပါနဲ့

တချို့က အကောင်းမြင်ကြည့်ပါလားလို့ ပြောတာ လက်ခံတဲ့သူ ရှိသလို ကိုယ့်ကိုတောင် ဘာလို့အကောင်းမြင်နေတာလဲဆိုပြီး အပြစ်တင်တဲ့သူတွေ ရှိတယ်နော်။ ဒီလိုလူတွေကိုတော့ ဘယ်တော့မှ အကောင်းမြင်တတ်ဖို့ မတိုက်တွန်းပါနဲ့။ ကိုယ်ပဲ မောပြီးပင်ပန်းလာလိမ့်မယ် သူတို့က ပြင်မှာမဟုတ်ဘူးနော်။ ကိုယ်နဲ့ ဘယ်လိုနည်းနဲ့မှ သဟဇာ မဖြစ်နိုင်ဘူးလို့သာ တွေးထားလိုက်ပါ။

လျစ်လျူရှူပါ

ကိုယ့်အကြောင်းသာ တွေးနေပါ (photo: quickanddirtytips.com)

ကိုယ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြောဆိုနေရတဲ့သူတွေကို လျစ်လျူရှူဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးနော်။ ဒါပေမယ့်လည်း သူတို့က ကိုယ့်ကို စိတ်ညစ်ရအောင် လုပ်နေရင်တော့ လျစ်လျူရှူရမှာပါပဲ။ ဥပမာ- ကိုယ့်ဆီလာပြီး ဘယ်သူ့ကိုမှ အကောင်းမမြင်ပေးနိုင်တဲ့ အကြောင်းတွေ လာပြောနေပြီဆိုရင် နားပဲ ထောင်လိုက်ပါ။ ဘာမှလည်း ခွန်းတုန့်ပြန်တာတွေ မလုပ်ပါနဲ့။ ဒီဘက်နားဝင် ဟိုဘက်နားဝင်သာ လုပ်လိုက်ပါ။ စိတ်ထဲခံစားပြီး မတွေးပါနဲ့။ ဒါဆို အလိုလို ရှောင်ပြီးသား ဖြစ်ပြီး ကိုယ့်ဆီက ဘာ Reaction မှ မလာရင် နောက်လည်း အဆိုးမြင်ဝါဒီတွေကို လာပြောမှာ မဟုတ်တော့ပါဘူး။

ကိုယ့်အကြောင်းသာ တွေးနေပါ

အလုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ် Negative vibes ရှိတဲ့သူတွေ ရှိနေလို့ ဝေးချင်ရင် ကိုယ့်အကြောင်းပဲ တွေးပါ။ ကိုယ့်ဆီမှာ လုပ်စရာ အလုပ်တွေ များနေတာ၊ ကိုယ့်ရဲ့အကြောင်းတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်ဆိုရင် အဲဒီလူတွေရဲ့ စကားကို နားထောင်မိမှာ၊ နားယောင်မိမှာ မဟုတ်ပါဘူး။ ဒါဆို ဝေးနိုင်သမျှ ဝေးဝေးနေလို့ ရပြီနော်။

ဒီနည်းတွေနဲ့ ရှောင်ကြမယ်နော်။

moderndaymanifestations.com

Comments

0 comments