ယောက်ျားတို့ မိန်းမဆီက ဘာတွေလိုချင်ကြလဲ

by: Phyo Pyae Thu
 0 comments  43 love

Marry က အိမ်ထောင်ရှင် မိန်းကလေးတို့ရေ ကိုယ့်ယောက်ျားလိုချင်တဲ့ အချက်တွေကို သိပြီဆိုရင်တော့ ပေးဖြစ်အောင် ပေးနော်။ ဒါမှ အိမ်ထောင်ရေးအဆင်ပြေမှာပါ။

ချစ်သူသမီးရည်းစားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်တွေမှာပဲဖြစ်ဖြစ် တစ်ယောက်ဆီကနေ တစ်ယောက် လိုချင်တာတွေ ရှိကြပါတယ်။ Relationship တစ်ခုမှာ မိန်းကလေးတွေကပဲ ယောက်ျားလေးတွေဆီကနေ လိုချင်တာ ရှိတာ မဟုတ်ပါဘူးနော်။ ယောက်ျားလေးတွေဘက်ကလည်း မိန်းကလေးဆီကနေ လိုချင်တာတွေ ရှိကြပါတယ်။ လိုချင်တာတွေ ပေးနိုင်မှသာ အိမ်ထောင်ရေးလည်း တည်မြဲမှာပါ။

အားကိုးတာ (photo: getty)

အပြန်အလှန် အားကိုးတာ

မိန်းကလေးတွေကလည်း ကိုယ့်ရဲ့ချစ်သူယောက်ျားလေးတွေကို အားကိုးသလို ယောက်ျားလေးတွေကလည်း အားကိုးချင်ကြပါတယ်။ အမြဲတမ်း ဦးဆောင်နေရတာမျိုး မကြိုက်သလို မှီခိုနေရတာမျိုးကိုလည်း မကြိုက်ကြပါဘူး။ တစ်ခါတလေတော့ မိန်းမကို အားကိုးချင်တာမျိုး ဖြစ်ကြပါတယ်။ ဒီတော့ အိမ်ထောင်ရှင် မိန်းကလေးတွေအနေနဲ့လည်း သူ အားကိုးချင်တဲ့ ကိစ္စတွေ ရှိလာတဲ့အခါမှာ အဆင်သင့်ဖြစ်အောင် နေပါ။

တည်ငြိမ်အေးချမ်းတာ  (photo: getty)

တည်ငြိမ်အေးချမ်းတာ

ယောက်ျားလေးတွေ မိန်းမဆီက လိုချင်တဲ့ အချက်တွေထဲမှာ တည်ငြိမ်အေးချမ်းတာလည်း ပါဝင်ပါတယ်။ အမြဲတမ်း ပွစိပွစိ ပြောနေပြီး ဘယ်ကိစ္စမဆို ရစ်နေတဲ့ မိန်းမမျိုးကို မကြိုက်ကြပါဘူး။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေး နေတာမျိုးလည်း ကြိုက်ပါတယ်။ အချိန်ပြည့် ရစ်ပြီး နားပူနားဆာ လုပ်နေတဲ့သူကို ဘယ်သူမှ မကြိုက်ပါဘူးနော်။

ချစ်တာကို အသိအမှတ်ပြုတာ

ယောက်ျားလေး တော်တော်များများက မိန်းကလေးတွေဆီကနေ အသိအမှတ်ပြုတာ ခံချင်ကြပါတယ်။ သူတို့ကို ကျေးဇူးတင်တာ၊ ချီးကျူးတာ၊ ချစ်ပေးလို့ အရမ်းပျော်ရွှင်ရတယ်ဆိုတာမျိုးကို လိုချင်ကြပါတယ်။နေမကောင်းတုန်းက ဘယ်လို ဂရုစိုက်ပေးလို့ အရမ်းပျော်တယ်ဆိုတာမျိုး အသိအမှတ်ပြုပေးတာမျိုးပေါ့။ နောက်ပြီး သူ့လုပ်ငန်းမှာ အောင်မြင်လာရင်လည်း အသိအမှတ်ပြုတာမျိုးပေါ့။ တကယ်လိုချင်တဲ့ အချက်ပါနော်။

ချစ်တာကို အသိအမှတ်ပြုတာ  (photo: getty)

အပေါင်းအသင်းနဲ့ နေချင်တာ

သူငယ်ချင်း အပေါင်းအသင်းနဲ့ ပျော်ချင်ကြတာလည်း ယောက်ျားတိုင်းပါပဲ။ မိန်းကလေးတွေအနေနဲ့လည်း ချစ်သူ၊ ယောက်ျားကို ကိုယ်နဲ့ပဲ အမြဲစကားပြောနေရမယ်။ ကိုယ်နဲ့ပဲ တခြားဘယ်သူနဲ့မှ မပတ်သက်နဲ့ ဆိုတာမျိုး မလုပ်ပါနဲ့။ ယောက်ျားလေးတွေ ကိုယ်ပိုင်အချိန်ရအောင် နေပေးပါ။ သူတို့အတွက် သီးသန့် အချိန်လေး ရအောင် ဖန်တီးပေးပါ။ အပေါင်းအသင်းတွေနဲ့ တခါတလေ အပြင်သွားတာ၊ တစ်ယောက်တည်း နေချင်တာမျိုးတွေ ရှိရင် အချိန်ပေးပါ။ အဲဒီအတွက် လွတ်လပ်ခွင့်ပေးပါ။

Marry က အိမ်ထောင်ရှင် မိန်းကလေးတို့ရေ ကိုယ့်ယောက်ျားလိုချင်တဲ့ အချက်တွေကို သိပြီဆိုရင်တော့ ပေးဖြစ်အောင် ပေးနော်။ ဒါမှ အိမ်ထောင်ရေးအဆင်ပြေမှာပါ။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords