Advertisement

ချစ်တို့ရေ အသက်အရွယ်ပိုကြီးရင့်တဲ့ပုံ မပေါက်ချင်ဘူးဆိုရင်တော့ နေ့တိုင်းလုပ်မိနေတတ်တဲ့ ဒီအကျင့်တွေကို ပြင်ပေးနော်။

မိတ်ကပ် အထူကြီးတွေလိမ်းတာ

ချစ်တို့ရေ မိတ်ကပ်အထူကြီးတွေ၊ အလွန်အကျွံ လိမ်းတာက ကိုယ့်ကို ရုပ်ရင့်စေတယ်တဲ့နော်။ ဘာလို့လဲဆိုတော့ မိတ်ကပ်ပွတ်ဆွဲတာတွေနဲ့ မိတ်ကပ်မှာပါတဲ့ပစ္စည်းတွေကြောင့် အသားအရေမှာ ရေဓါတ်ခမ်းခြောက်လာတာ၊ ပါးရေတွန့်လွယ်တာတွေ ဖြစ်စေပါတယ်။ အရေးအကြောင်းတွေ ပိုဖြစ်လာနိုင်တာမို့ မိတ်ကပ်အထူကြီးတွေ ခဏခဏ လိမ်းတာကို ဆင်ခြင်ဖို့လိုတယ်နော်။

ကော်ဖီများများ  သောက်တာ

ကော်ဖီကြိုက်လွန်း၊ သောက်လွန်းတဲ့သူတွေအတွက်တော့ သတင်းဆိုးပဲနော်။ ကော်ဖီများများ သောက်တာက ရေဓါတ်ခမ်းခြောက်ပြီး ကဖင်းဓါတ်တွေ ပိုထွက်တာက အသက်အရွယ် ကြီးရင့်စေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်များနေမှ Glow skin ရမယ်ဆိုတာ မမေ့လိုက်နဲ့နော်။

ဆေးလိပ်သောက်တာ

တစ်ခါတလေတော့လည်း သောက်မိတာမျိုး ရှိတတ်တာပေါ့လေ။ ကိုယ့်ရဲ့ ရှိရင်းစွဲ အသက်ထက် ပိုကြီးစေတဲ့ အချက်တွေထဲမှာ ဆေးလိပ်သောက်တာ ပါတယ်နော်။ ဆေးလိပ်ပါတဲ့ အဆိပ်အတောက်ဓါတ်က ကိုယ့်အသားအရေရဲ့ အောက်စီဂျင်ကို ပြတ်တောက်စေတာကြောင့်ပါ။ နီကိုတင်းဓါတ်ကလည်း ရုပ်ပိုရင့်လွယ်စေတယ်လေ။

(photo: orphan)

စိတ်ဖိစီးမှုနဲ့ ဒေါသထွက်လွယ်ခြင်း

စိတ်ဖိစီးမှုတွေ ရှိနေတာကလည်း ကိုယ့်ရဲ့ ဦးနှောက်ကို အလုပ်ပိုပေးသလို ဖြစ်ပြီး စိတ်ပူပင်တာတွေ ပိုဖြစ်စေတာမု့ိ အသက်အရွယ် ရင့်စေပါတယ်။ နောက်ပြီး ဒေါသထွက်လွယ်တဲ့သူတွေပေါ့။ ဒေါသထွက်တာတွေကလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှု ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေတာမို့ ရုပ်ရင့်စေပါတယ်။

Skin Care မလုပ်တာ

အသက်အရွယ်ကြီးရင့်တဲ့ရုပ် မပေါက်ချင်ရင် Skin care အဆင့်ကို ကျော်ခဲ့လို့ မရဘူး ချစ်တို့ရေ…။ Sunscreen အဆင့်ကို သေချာလုပ်ဖို့ လိုသလို အသားအရေ ထိန်းသိမ်းတဲ့ အဆင့်တွေလည်း လုပ်ဖို့ လိုပါတယ်။ ဒါမှ ရှိရင်းစွဲထက် ပိုနုနေမှာ။

လည်ပင်းနဲ့ လက်တွေကို ဂရုမစိုက်တာ

အသက်ရင့်တဲ့ပုံ မပေါက်ချင်ရင် လည်ပင်းနဲ့ လက်ကိုလည်း ဂရုစိုက်ဖို့ မမေ့နဲ့နော်။ လည်ပင်းနဲ့လက်အတွက်လည်း Skin care တွေ ထွက်တာမို့ လိမ်းပေးဦးနော်။ ဒါမှ မျက်နှာ၊ လည်ပင်းနဲ့ လက်က ညီနေပြီး အသက်ပိုငယ်သယောင် ဖြစ်မှာ။

 

Tags: beautyskin

Comments

0 comments