Advertisement

ဒီနည်းလမ်းလေးတွေ နှစ်သစ်ကစပြီး ကြိုးစားကြည့်ပါ။ နှစ်သစ်ကစပြီး စိတ်ဓါတ်ကြံ့ခိုင်သူလေးတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းလည်း တောင်းပေးလိုက်ပါတယ်။

ချစ်တို့ရေ အရင်နှစ်တွေက ဘယ်လိုပဲ စိတ်ဓါတ်တွေ ကျကျ စိတ်ညစ်စရာတွေ ရှိရှိ (၂၀၂၁) မှာတော့ စိတ်သစ်ကိုယ်သစ် ရည်မှန်းချက် အသစ်တွေနဲ့ ဖြတ်သန်းကြမယ်လေ။ ဒီတစ်နှစ်မှာတော့ စိတ်ဓါတ်လုံးဝ မကျအောင် နေမယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားပါ။ စိတ်ဓါတ်ကျစရာ တစ်ခုခု ကြုံလာတာပဲ ဖြစ်ဖြစ် အခု ပြောပြမယ့် အချက်လေးတွေ လုပ်ကြည့်ပါ။ စိတ်ဓါတ်မကျဖို့အတွက်လည်း ဒီနည်းလမ်းလေးတွေ နှစ်သစ်ကစပြီး ကြိုးစားကြည့်ပါ။

ကိုယ့်ဘဝရဲ့ ရည်မှန်းချက်ထားပါ

ချစ်တို့ရေ စိတ်ဓါတ်မကျဖို့ဆိုရင် ကိုယ့်ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက် တခုခု ရှိဖို့ လိုပါတယ်။ ရည်မှန်းချက် တခုခု ရှိမှ ကိုယ့်ဘဝမှာ မျှော်လင့်ချက် ဆိုတာ ဖြစ်လာပြီး နေရထိုင်ရတာလည်း ပိုပျော်ရွှင်လာရမှာပါ။ ကိုယ့်စိတ်ကို အားတင်းထားဖို့လည်း အရေးကြီးတာပေါ့နော်။

ပျော်အောင်နေပါ

ချစ်တို့ရေ ကိုယ့်ရဲ့ စိတ်ခန္ဓာကို ကိုယ်ကပဲ ပိုင်ဆိုင်တာမ   လို့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကလည်း ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ဒီတော့ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ (၅) မိနစ်လောက်ဖြစ်ဖြစ် ပျော်အောင်နေကြည့်ပါနော်။ နေ့တိုင်း နည်းနည်းချင်း ပြန်ကြိုးစားရမှာပါ။ အစားအသောက်လေး တစ်မျိုး၊ ပစ္စည်းလေးတစ်ခု အစရှိတာလေးတွေကနေတဆင့် ပျော်အောင် လုပ်ကြည့်ပါ။ အရမ်းစားချင်တဲ့အရာ စားလိုက်တာမျိုး လိုချင်တာဝယ်လိုက်တာမျိုးပေါ့။ ခဏအပျော်လေး ဆိုပေမယ့် ပျော်ရတယ်ဆိုတဲ့ စိတ်လေးရှိအောင် အရင်နေကြည့်ပါ။

တွေးပြီး စိတ်ဓါတ်မကျပါနဲ့

တခါတလေ တွေးတွေးပြီး စိတ်ဓါတ်ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ တွေးပြီး ပူပန်နေတာက စိတ်ဓါတ်ကျစေနိုင်တယ်နော်။ မဖြစ်သေးတာကို စိတ်ပူပန်နေတာမျိုး နောင်အနာဂတ်အတွက် တွေးတွေးပြီး စိုးရိမ်နေတာမျိုးနဲ့ အတိတ်တွေကို တွေးပြီး စိတ်ညစ်နေတာမျိုး မလုပ်ပါနဲ့။ အဲဒါက ချစ်တို့အတွက် စိတ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့အချက်ပါပဲ။

လိုက်မနှိုင်းယှဥ◌်ပါနဲ့

ချစ်တို့ရေ စိတ်ဓါတ်ကျတဲ့အထဲမှာ ကိုယ့်ကိုယ်ကို သူများတွေနဲ့ လိုက်ပြီး နှိုင်းယှဥ◌်နေတာလည်း ပါပါတယ်။ ကိုယ့်ကျမှ ဒီလိုဖြစ်ရတယ် သူများတွေကျ ဒီလိုမဟုတ်ဘူး ဆိုပြီးလေ။ ကိုယ့်ကိုယ်ကို သူများတွေနဲ့ လိုက်နှိုင်းယှဥ◌်မိရင် အားမလို အားမရတွေဖြစ်ပြီး ပူလောင်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်ရာကနေ စိတ်ကျတာတွေ ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကျနေတဲ့ စိတ်ဓါတ်ကို ဆွဲတင်ဖို့အတွက် လိုက်မနှိုင်းယှဥ◌်ပါနဲ့။

လိုက်မနှိုင်းယှဥ◌်ပါနဲ့

လိုက်မနှိုင်းယှဥ◌်ပါနဲ့

တနေ့တာ အလုပ်တွေ ပြီးပါစေ

စိတ်ဓါတ်ကျနေချိန်မှာ ဘာဆိုဘာမှမလုပ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ချစ်တို့ရေ တနေ့တာ လုပ်ရမယ့် အလုပ်တွေပါ မပြီးဘူးဆိုရင် ပိုပြီး စိတ်ညစ်ရမှာ ကိုယ်ပါပဲ။ ဒီတော့ တနေ့တာ အလုပ်လေးတွေတော့ မှန်မှန်လေး လုပ်ကြည့်ပါ။ ဒီလို လုပ်နေရာကနေ စိတ်ညစ်စရာတွေကို ခဏမေ့ထားလို့ ရတာမျိုးလည်း ဖြစ်နိုင်တယ်လေ။

အသစ်တွေ စမ်းသပ်ကြည့်ပါ

ချစ်တို့ရေ နောင်တရစရာ ကောင်းတဲ့ အသစ်တွေတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်တခါမှ မလုပ်ဖူးတဲ့ ပေါ့ပေါ့ပါးပါး ဝါသနာလေးတွေ လုပ်ကြည့်တာမျိုးပေါ့။ အသစ်အဆန်းတွေ ကြုံရတယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းပြီး စိတ်ညစ်စရာတွေကို ခဏတော့ မေ့ထားနိုင်မှာပါ။ စိတ်ညစ်စရာတွေကို ခဏခဏမေ့ထားနိုင်ရင် နောက်ကျ ကျင့်သားရလာပြီး စိတ်ဓါတ်ကျတာတွေ နည်းလာမှာပါ။ နောက်ပြီး အသစ်တွေ လုပ်ရရင် စိတ်လည်း လန်းဆန်းတက်ကြွလာနိုင်ပါတယ်။

ချစ်တို့ရေ စိတ်ဓါတ်မကျဖို့အတွက် ဒီနည်းလမ်းလေးတွေ နှစ်သစ်ကစပြီး ကြိုးစားကြည့်ပါ။ နှစ်သစ်ကစပြီး စိတ်ဓါတ်ကြံ့ခိုင်သူလေးတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းလည်း တောင်းပေးလိုက်ပါတယ်။

Comments

0 comments