Advertisement

ကဲ…စိတ်ဖိစီးမှုတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရရင် ဘယ်သူ့ကိုမှ အကူအညီမတောင်းဘဲ စိတ်ဖိစီးမှုတွေ ပြေပျောက်အောင် ဒီအတိုင်း ဖြေရှင်းလို့ ရတယ်နော်။

ချစ်တို့ရေ တစ်ခါတလေမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ပူတာတွေ ကိုယ့်ဆီ အမှတ်မထင်ဘဲ ရောက်လာတတ်တယ်မလား။ စိတ်ပူတာတွေ၊ စိတ်ရှုပ်တာတွေ ဖြစ်လာပြီဆိုရင် ပြေလျော့သွားအောင် ချက်ချင်းလုပ်ရမှာတွေ ရှိတယ်နော်။ ခဏအတွင်း ခဏလောက်ဖြစ်ဖြစ် ပြေပျောက်သွားအောင်ပေ့ါလေ။

ပီကေဝါးပါ

စိတ်ညစ်စရာတွေ အမှတ်မထင်ဘဲ ကြုံတယ်၊စိတ်ဖိစီးမှုတွေ ကြုံရတယ်ဆိုရင် သက်သာသွားအောင် ပီကေဝါးပါ။ ပီကေဝါးတာက စိတ်ကို ငြိမ်စေပြီး အာရုံစူးစိုက်မှု ကောင်းစေတာကြောင့် စိတ်ဖိစီးမှုတွေ ပြေပျောက်စေပါတယ်။ နောက်ပြီး Positive Thinking လည်း ရစေပါတယ်။

ဟက်ဟက်ပက်ပက် ရယ်ပါ

စိတ်ပူစရာတွေ စိတ်ဖိစီးမှုတွေ ရှိနေချိန်မှာ မရယ်မောနိုင်ဘူးဆိုပေမယ့် ဟက်ဟက်ပက်ပက် ရယ်စေမယ့် အရာတွေကို ရှာဖွေပါ။ ဟာသကားကြည့်တာ ဖြစ်ဖြစ်၊ ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းတွေနဲ့ ဆုံတာမျိုးပဲ ဖြစ်ဖြစ်ပေ့ါလေ။ စိတ်ထဲက မပါဘဲ မရယ်ပါနဲ့။ ဒါက စိတ်ဖိစီးမှု ပိုဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ရယ်ချင်တဲ့အချိန်မှသာ အားပါးတရ ရယ်ပါ

ငိုပါ

တစ်ခါတလေ စိတ်ညစ်စရာတွေ ရှိလာရင် အားရပါးရ ငိုချလိုက်တာလည်း စိတ်ဖိစီးမှု ခဏလျော့ကျစေတယ်လေ။ ကြိတ်ငိုတဲ့ နည်းလမ်းတွေ မေ့လိုက်ပါတော့။ အားပါးတရ ငိုပြီးရင်တော့ နောက်နေ့မနက် ရင်ဆိုင်ဖို့ အားတွေ မွေးမြူထားပါ။

(photo: healthline.com)

Vitamin C ပါတာ သောက်ပါ

Vitamin C ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု သောက်ပါ။ သံပုရာရည် ဒါမှမဟုတ် လိမ္မော်ဖျော်ရည်ပေါ့။ Vitamin C က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ညစ်စရာတွေကို တိုက်ထုတ်ပေးမယ့် ဟော်မုန်းတွေလည်း ထွက်စေပါတယ်။ ဒါကြောင့် စိတ်ညစ်စရာကြုံလာရင် သောက်ဖို့ မမေ့နဲ့နော်။ Vitamin C ပါတဲ့ ဖျော်ရည်ပြောနော် မိန်းကလေးတိုရေ။

တိရစ္ဆာန်လေးတွေနဲ့ စကားပြောပါ

ကိုယ့်မှာ စိတ်ညစ်စရာတွေ ရင်ဖွင့်စရာ မရှိဘူး။ စိတ်ဖိစီးမှုတွေ ပြေပျောက်ချင်တယ်ဆိုရင် တိရစ္ဆာန်လေးတွေနဲ့ စကားပြောကြည့်ပါ။ ကြောင်တောင်တောင် နိုင်တယ်ဆိုပေမယ့် တိချစ်သူလေးတွေကတော့ လုပ်နေကျ ဖြစ်မှာပါ။ စကားမပြောဖြစ်ဘူးဆိုရင်တောင် တိလေးတွေနဲ့ လမ်းလျှောက်ထွက်တာ ဖြစ်ဖြစ် လုပ်ပါ။

(photo:  www.petmd.com)

ကိုယ့်ကိုယ်ကို ဖက်ပြီး နှစ်သိမ့်ပါ

စိတ်ဖိစီးစရာတွေ များလာရင် ချက်ချင်း လုပ်ရမှာက ကိုယ့်ကိုယ်ကို အားပေး နှစ်သိမ့်ဖို့ပါ။ ကိုယ့်အနားမှာ ဘယ်သူမှ မရှိနေရင်တောင် ကိုယ်တိုင်ကတော့ ရှိရမယ်လေ။ လက်နှစ်ဖက်ကို ယှက်ပြီး လက်မောင်းကို တင်းကြပ်နေအောင် ဖက်ထားလိုက်ပါ။ သေချာပေါက် စိတ်ညစ်စရာတွေ ပြေပျောက်မှာပါ။

 

 

Tags: lifestylestress

Comments

0 comments