Advertisement

၂၀၂၁ ခုနှစ်၏ အကောင်းဆုံး တီထွင်ဆန်းသစ်မှု ၁၀၀စာရင်းတွင် (The Best Innovations of 2021)Samsung Galaxy Z Flip3 ပါဝင်လာကြောင်း ကမ္ဘာကျော် TIME မဂ္ဂဇင်းမှ ရွေးချယ်ဖော်ပြထားသည်။

Samsung ၏ နောက်ဆုံးပေါ် မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်း Galaxy Z Flip3 အား ၂၀၂၁ ခုနှစ်၏ Consumer Electronics ကဏ္ဍအတွက် အကောင်းဆုံးတီထွင်ဆန်းသစ်မှုတစ်ခု အဖြစ် TIME မဂ္ဂဇင်းမှရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က ရေပန်းစားခဲ့တဲ့ ခေါက်ချိုး စမတ်ဖုန်းတွေကို ပြန်လည်အသက်သွင်းဖို့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စမတ်ဖုန်းကုမ္ပဏီအများအပြားဟာ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ်။ အခုအချိန်မှာတော့ Samsung ဟာ သူ့ရဲ့ နောက်ဆုံးထုတ် Galaxy Z Flip3 စမတ်ဖုန်းနဲ့အတူ အားလုံးကို အနိုင်ယူလိုက်ပြီလို့ ပြောနိုင်ပါတယ်။

ဒီ Galaxy Z Flip3 စမတ်ဖုန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင်က ခေါက်ချိုးစမတ်ဖုန်းတွေအတိုင်း ကျစ်လစ်တဲ့ တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပေမဲ့ မတူညီတာကတော့ အရင် စမတ်ဖုန်းတွေရဲ့ သေးငယ်တဲ့ Display မျက်နှာပြင်နဲ့ ခလုတ်တွေနေရာမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ၆.၇” Display မျက်နှာပြင်နဲ့ ခေါက်ထားတဲ့ အချိန်မှာတောင် စာတိုတွေ၊ Notifications တွေနဲ့ အဝင်ခေါ်ဆိုမှုတွေကို ဖတ်ရှုနိုင်မယ့် Front Cover Screen တွေ ပါရှိလာတဲ့အချက်ပါ။

နောက်ထပ် သူမတူတဲ့ အားသာချက် တစ်ခုကတော့ ဈေးနှုန်းအနေနဲ့ အမေရိကန် ဒေါ်လာ ၉၉၉ ကနေစတင်ပြီး ဝယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ပထမဆုံး Foldable Display ပါဝင်တဲ့ ဒေါ်လာ ၁,၀၀၀ အောက် mainstream ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး နောက်ဆုံးပေါ် iPhone မော်ဒယ်တွေကိုပါ အကောင်းဆုံး ခြိမ်းခြောက် လာခဲ့ပါတယ်” ဟု TIME မဂ္ဂဇင်းမှ Galaxy ZFlip3 စမတ်ဖုန်းနှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့ပါသည်။

Comments

0 comments