Advertisement

အိပ်ရေးဝဝ မအိပ်စက်နိုင်ဘူးဆိုရင် ကိုယ်ခံအားနည်းလာနိုင်ပါတယ်။ အိပ်ရေးဝဝ မအိပ်ရင် လူကနုံးချိ အားနင်နည်းပြီး ရောဂါတွေလည်း အလွယ်တကူ ဝင်လာနိုင်ပါတယ်

ချစ်တို့ရေ အိပ်ရေးဝဝ အိပ်ဖို့ဆိုတာ ကျန်းမာရေးအတွက် တကယ့်ကို အရေးအကြီးဆုံး အချက်ပါ။ အိပ်ရေးမဝဘူး ညတိုင်း အိပ်မပျော်တာတွေ ခံစားနေရတယ်ဆိုရင် ချစ်တို့ရဲ့ စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးမှာပါ ထိခိုက်လာစေနိုင်ပါတယ်။ အိပ်ရေးဝဝ မအိပ်ဘူးဆိုရင် ချစ်တို့မှာ ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်။

ပင်ပန်းပြီး စိတ်မကြည် ဖြစ်လာမယ်

ဒါကတော့ အသိသာဆုံး အချက်တွေထဲက တစ်ချက်ပါ။ ညဘက် အိပ်ရေးမဝဘူးဆိုရင် မနက်ကျ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း  မဖြစ်တော့ဘူးလေနော်။ ခန္ဓာကိုယ်က ပင်ပန်းလာပြီး စိတ်မကြည်လင်ဘဲ တစ်နေကုန် နေထိုင်မကောင်း ဖြစ်လာတာမျိုးပေါ့။

စိတ်ဓါတ်ကျလာမယ်

စိတ်ဓါတ်ကျလို့ အိပ်မပျော်တာကနေ အိပ်မပျော်တာလို့ စိတ်ဓါတ်ကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးဝဝ မအိပ်ဘူးဆိုရင် အလုပ်လုပ်ချင်စိတ်တွေ မရှိဘဲ ထိုင်းမှိုင်းပြီး စိတ်မကြည်တာ စိတ်မရှည်တာ အကောင်းမြင်စိတ် နည်းလာနိုင်ပါတယ်။ အဲဒီလို စိတ်တွေကနေ စိတ်ဓါတ်ကျတဲ့ အထိ ဖြစ်လာနိုင်ပါတယ်။

အလှအပကို ထိခိုက်လာမယ်

အလှအပကို ထိခိုက်လာမယ်

အလှအပကို ထိခိုက်လာမယ်

မျက်နှာအသားအရေ ကောင်းမွန်ဖို့အတွက် အိပ်ဖို့ လိုတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ အိပ်ရေးဝဝ မအိပ်ရင် အသားအရေတွေ ညစ်လာတာ အရေးအကြောင်းတွေ ဖြစ်လာတာ၊ မျက်တွင်းကျတာ မျက်ကွင်းညိုတာတွေ ဖြစ်လာမှာပါ။ နောက်ပြီး ဟော်မုန်းထွက်တာတွေလည်း မညီမညာ ဖြစ်လာပြီး အသားအရေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ကော်လဂျင်တွေ မြန်မြန်ဆန်ဆန် ကုန်ဆုံးလာပြီး အသားအရေ မလှတာ ဝက်ခြံထွက်လာတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ခံအား နည်းလာမယ်

အိပ်ရေးဝဝ မအိပ်စက်နိုင်ဘူးဆိုရင် ကိုယ်ခံအားနည်းလာနိုင်ပါတယ်။ အိပ်ရေးဝဝ မအိပ်ရင် လူကနုံးချိ အားနင်နည်းပြီး ရောဂါတွေလည်း အလွယ်တကူ ဝင်လာနိုင်ပါတယ်။ တုပ်ကွေးလိုမျိုးပေါ့။ နောက်ဆက်တွဲအနေနဲ့ အဝလွန်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ကိုယ်ခံအား နည်းလာမယ်

ကိုယ်ခံအား နည်းလာမယ်

သင်ယူနိုင်စွမ်း နည်းလာမယ်

ချစ်တို့ရေ အိပ်ရေးဝအောင် မအိပ်ဘူးဆိုရင် သင်ယူနိုင်စွမ်း မှတ်နိုင်စွမ်းတွေ နည်းလာမှာပါ။ တစ်ခုခုဆို မေ့လွယ်တာ မှတ်မိမလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးမဝတာက ဦးနှောက်ရဲ့ လှုပ်ရှားမှု နဲ့ ဖွံ့ဖြိုးမှုတွေကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။

ချစ်တို့ရေ အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားချင်ရင် အိပ်ရေးဝဝ အိပ်ဖို့ လိုတယ်နော်။

 

Tags: lifestylesleeping

Comments

0 comments