Advertisement

လူတစ်ယောက်မှာ အားကစားနဲ့ ပတ်သက်လို့ ဝါသနာပါတဲ့အခါ  ရရှိစေတတ်တဲ့ အကျိုးထူးတွေနဲ့ ပတ်သက်လို့ ပြောပြပေးမှာ ဖြစ်ပါတယ်။

အကျိုးထူးတွေကတော့ အချိန်တွေကို ဒီအားကစားပေါ်မှာ ကောင်းစွာကုန်ဆုံးတတ်စေတယ် ၊ စိတ်ရဲ့ ခွန်အားတွေ စိတ်အာရုံ စူးဆိုက်မှုတွေကို ပိုလို့ ကောင်းမွန်လာစေပါတယ် ၊ ပြီးတော့ ကိုယ်လက်လှုပ်ရှား အားကစားမျိုးဆိုပါက မိမိရဲ့ တစ်နေ့တာ အတွက် ကျန်းမာရေး လိုက်စားပြီးသားဖြစ်စေတယ် ၊ စိတ်ကိုလည်း ကြည်လင်စေမယ် ၊ ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်စေဖို့ အတွက်လည်း များစွာအထောက်အပံ့ဖြစ်စေပါတယ်။

မြန်မာနိုင်ငံက အမျိုးသားအများစုက ဘောလုံးအားကစားကို နှစ်သက်လေ့ရှိတဲ့ အတွက် ဆယ်ကျော်သက်အရွယ်တွေမှာ ဘောလုံးကန်ခြင်းကို သူငယ်ချင်းတွေ စုလို့ ကန်တတ်ကြပါတယ်။ ဒီလိုပဲ မြန်မာမိန်ကလေးအများစုအနေနဲ့လည်း အသက်ငယ်စဉ် အလယ်တန်းကျောင်းသူအရွယ်လောက်အထိ ကြိုးခုန်ခြင်း ၊ ထုပ်စည်းထိုးခြင်း တို့ ကို သူငယ်ချင်းတွေနဲ့ အတူတူ လုပ်ဆောင်တတ်ကြပေမယ့်လည်း အမျိုးသားလူငယ်လေးတွေ နည်းတူ အသက်လေး ဆယ်ကျော်သက်ဖြစ်လာတဲ့ အခါ အခုလိုဆော့ကစားခြင်းမျိုးလုပ်ဆောင်တာကိုတော့ တွေ့ရတာ နည်းလာတတ်ပါတယ်။

ဒါကြောင့် ဘယ်လို အရွယ်မျိုးမဆို မိမိဝါသနာပါတဲ့ ကစားနည်း တစ်မျိုးမျိုး ကို လုပ်ဆောင်နိုင်ဖို့ အတွက်အကြံပြုလိုပါတယ် ။  ကြက်တောင်ရိုက်ခြင်း ၊ ရေကူးခြင်း နဲ့ လက်ဝှေ့ ကစားခြင်း တို့ကိုတော့ ဒီဘက်ခေတ်မှာ အမျိုးသမီးများ နှစ်သက်ကြတဲ့ အားကစားတွေ အနေနဲ့ တွေ့မြင်လာရတဲ့ အတွက် ဒီအားကစားတွေကို ပိုလို့ လုပ်ဆောင်နိုင်ကြပြီး အားကစားပြုလုပ်ခြင်း ကနေရရှိနိုင်မယ့် အကျိုးထူးတွေကို ခံစားနိုင်ဖို့ အကြံပြု ဖော်ပြပေးလိုက်ပါတယ် ။

Comments

0 comments