Advertisement

 ကိုယ့်ရဲ့ အချစ်ဆုံးက ဘယ်သူလဲလို့ ကိုယ်တိုင်ပြန်မေးကြည့်ပါ။ ကိုယ့်ရဲ့ အချစ်ဆုံးတွေထဲမှာ ကိုယ်တိုင်ရော ပါရဲ့လားဆိုတာ တွေးကြည့်ပါဦး။

ကိုယ့်ရဲ့ဘဝ နေပျော်ဖိ့ဆိုတာ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်မှ သူတစ်ပါးကိုလည်း ချစ်ပေးနိုင်မှာပါ။

ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ပါစေ

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့ အမှားတွေ မဆင်မခြင် လုပ်မိတာတွေကို ကိုယ်တိုင်မှ ခွင့်မလွှတ်ရင် ဘယ်သူက ခွင့်လွှတ်မလဲနော်။ ဒီတော့ ကိုယ့်ကိုယ်ကို အရင် ခွင့်လွှတ်ပါ။ ဒါမှ ကိုယ်လည်း နောင်တ မရှိဘဲ ပျော်နိုင်မှာပါ။

https://healthessentials.com.sg/

ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ထားပါ

သူများကိစ္စတွေချည်းပဲ လုပ်လိုက်ပေးနေရလို့ မောနေပြီလား။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို သနားဖို့လည်း လိုတယ်နော်။ သူများတွေ ဘယ်လိုတွေးနေမလဲ လိုက်ပြီးစိတ်ပူပန်နေတာ၊ တခြားသူတွေရဲ့ အကူအညီတွေပဲ လိုက်ကူညီပေးပြီး ပင်ပန်းနေတာမျိုး မလုပ်ပါတော့နဲ့။ ကိုယ့်ကိုယ်ကို သနားပါ။

အဆင်ပြေတာတွေ စဥ◌်းစားကြည့်ပါ

လူအတော်များများက အဆင်မပြေတာတွေပဲ တွေးနေတတ်ကြပါတယ်။ အဆင်မ‌ပြေတာတွေချည်းပဲ တွေးပြီး စိတ်ညစ်နေတာက ကိုယ့်ကိုယ်ကို နှိပ်စက်နေသလိုပါပဲ။ ဒီတော့ ကိုယ့်မှာ အဆင်ပြေနေတာတွေကို တွေးကြည့်ပါ။ ကိုယ့်မှာ အလုပ်ရှိတယ်၊ အလုပ်မှာ အဆင်ပြေနေတယ် ကျန်းမာရေး ကောင်းနေတယ် သူငယ်ချင်းတွေ ရှိနေတယ်စတာတွေ စဥ◌်းစားကြည့်ပါ။ အဆင်ပြေတာတွေလည်း ရှိနေတာကို သတိထားမိလာရင် ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာမှာပါ။

https://healthessentials.com.sg/

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ဂရုစိုက်ဖို့ လိုတယ်နော်။ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ကျန်းမာနေမှ ကိုယ်လုပ်ချင်တာတွေ လုပ်လို့ ရမှာလေနော်။ နေမကောင်း ဖျားနာနေရင် ဘယ်ပျော်ရပါ့မလဲ။ လိုချင်တာတွေ ဝယ်ပြီး လှလှလေး နေနော်။

ပင်ပန်းစေတဲ့အရာတွေကို ထားခဲ့ပါ

ကိုယ့်ကို ပင်ပန်းအောင် လုပ်နေတဲ့သူတွေ၊ အရာတွေကို တတ်နိုင်သလောက် ကိုယ့်စိတ်ထဲကနေ ထုတ်ပစ်ပါ။ ထားခဲ့ပါ။ ကိုယ့်ရည်းစား၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတာတွေက ကိုယ့်ကို ပင်ပန်းစေတယ်ဆိုရင် ကိုယ့်စိတ်ထဲကနေ တတ်နိုင်သလောက် ဖြည်းဖြည်းချင်းဆီ ဖယ်ရှားသွားလိုက်ပါ။

 

Comments

0 comments