Advertisement

ကိုယ့်ရဲ့ အလုပ်မှာ တစ်နေ့တာ အဆင်ပြေစေဖို့ ဒီပစ္စည်းလေးတွေ လိုအပ်တယ်နော်။ အမြဲသာ ဝယ်ပြီး ဖြည့်ထားလိုက်တော့။

အလုပ်ဆိုတာ ကိုယ့်ရဲ့ ဒုတိယအိမ်ပဲလေနော်။ ဒီတော့ အလုပ်စားပွဲမှာလည်း ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ ထားဖို့ လိုတာပေါ့။ ဒါပေမယ့်လည်း အလုပ်စားပွဲမှာ ပစ္စည်းတွေ အကုန်ထားပြီး ရှုပ်ပွနေတာမျိုးလည်း ဖြစ်လို့တော့ မရဘူးပေါ့လေ။ အဲဒီတော့ ကိုယ့်ရဲ့ အလုပ်စားပွဲမှာ မရှုပ်ပွဲဘဲ ရှိသင့်တာလေးတွေ ပြောပြမယ်နော်။ ကိုယ်ကြိုက်တဲ့ပစ္စည်းလေးတွေ ရွေးချယ်ပြီး ထားကြည့်ပေါ့။

ပြက္ခဒိန်

ကိုယ့်ရဲ့ အလုပ်က ဘယ်နေ့မှာ ဘယ်သူနဲ့ တွေ့ရမယ်၊ Meeting Plan တွေ၊ ပွဲကျင်းပမယ့် ရက်တွေ မဖြစ်မနေ ကြည့်ရမယ့်သူတွေဆိုရင်တော့ ပြက္ခဒိန်က သေချာပေါက် လိုတယ်နော်။ မြန်မာလိုပါ ပါတဲ့ ပြက္ခဒိန်ဆိုရင် ပိုပြီးတော့ ကောင်းတယ်လေ။ ဒါမှသာ ပိတ်ရက်တွေကို သေချာသိနိုင်မှာပါ။

ဖန်ရေဗူး

တစ်နေကုန် ရေသောက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်သလို ရေထသောက်ဖို့ မထချင်တာ၊ မထဖြစ်တာနဲ့ ရေဆာတိုင်း မသောက်မိတာတွေ၊ ပုံမှန်ထက် ရေသောက်နည်းတာတွေ ဖြစ်တတ်တယ်နော်။ ရေသန့်ဗူးလို ပလတ်စတစ်တွေကလည်း ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တာမို့ ဖန်ရေဗူး၊ ဖန်ရေခွက် တစ်ခွက် ထားထားပါ။ ရေအပြည့်ဖြည့်ထားတယ်ဆိုရင် ရေသောက်ဖြစ်တာမို့ ကျန်းမာရေးကောင်းတယ်လေ။ မဖြစ်မနေ ထားသင့်တယ်နော်။

Sticky note

ကိုယ့်ရဲ့ တနေ့တာမှာ လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်လေးတွေ မှတ်ဖို့ Note စာရွက် အသေးလေးတွေ ရှိနေပါစေနော်။ စာရွက်အသေးလေးတွေနဲ့ မှတ်ထားတာမျိုးက အလုပ်ကို မြန်မြန်ပြီးမြောက်စေဖို့လည်း အထောက်အကူပြုစေတယ်လေ။ တစ်ခုပြီးတာနဲ့ စာရွက်တစ်ရွက်ပြီးတာဆိုတော့။

(photo: cosmopolitan)

အပင်သေးသေး

ကိုယ်က အပင်စိုက်တာ ဝါသနာပါတယ်၊ စားပွဲခုံလည်း ကျယ်တယ်ဆိုရင်တော့ အပင်သေးသေးလေးတွေ ထားသင့်တယ်နော်။ အစိမ်းရောင်က မျက်စိကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လေ။ ခုနောက်ပိုင်း အပင်ပိစိလေးတွေလည်း အများကြီး ရှိပြီး ထွေထူးပြီး ဂရုစိုက်စရာမလိုတဲ့အပင်တွေလည်း အလွယ်တကူ ဝယ်လို့ရတာမို့ စိုက်လို့ အဆင်ပြေမှာပါ။ ကိုယ့်စိတ်ကို ကြည်လင်လန်းဆန်းစေတာမို့ အပင်လေးတွေ ရွေးချယ်လို့ ရတယ်နော်။

အေပၚထပ္အက်ႌ၊ ပုဝါ

အေပၚထပ္အက်ႌ ဒါမှမဟုတ် ပုဝါအကြီးတစ်ထည်လောက်လည်း ရုံးမှာ ရှိသင့်တယ်နော်။ Air con က အေးတာကြောင့်ပဲ ဖြစ်ဖြစ်၊ ဝတ်လာမိတဲ့ စကတ်၊ ဘောင်းဘီက တိုတာပဲ ဖြစ်ဖြစ် အပေါ်ထပ်အင်္ကျီနဲ့ ပုဝါက အသုံးဝင်တယ်လေနော်။

ဓါတ်ပုံ ဒါမှမဟုတ် အားဖြစ်စေမယ့်စာစု

အလုပ်လုပ်နေရင်း စိတ်ညစ်တာပဲဖြစ်ဖြစ် မပြေလည်တာပဲဖြစ်ဖြစ် အဲဒီလို ကိစ္စတွေ ရှိလာပြီဆိုရင် ကိုယ်ချစ်ရတဲ့သူရဲ့ ဓါတ်ပုံလေး ရှိနေရင် အားဖြစ်စေတယ်နော်။ ဓါတ်ပုံ မထားချင်ရင်လည်း အားဖြစ်စေမယ့် စာစုလေးတွေ မှတ်ထားတာမျိုး ကိုယ့်မျက်စိရှေ့ မြင်သာအောင် ထားတာမျိုး လုပ်ပါ။ ဒါဆိုရင် အားရှိစေပြီး အလုပ်ခွင်မှာ တက်ကြွစေမှာပါ။

 

Comments

0 comments