Advertisement

အရေးအကြောင်းပေါင်းစုံကြောင့် စိတ်ညစ်စရာတွေ ကြုံတွေ့နေရတဲ့အချိန်မလို့ ခဏလောက်ဖြစ်ဖြစ် ဒီနည်းလေးနဲ့ စိတ်ညစ်စရာတွေထဲကနေ ရုန်းထွက်ကြည့်နော်။

လူတိုင်းမှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေဆိုတာ ရှိကြတာချည်းပါပဲ။ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ ရှိတာက အဓိက မကျပေမယ့် ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ အဓိကကျပါတယ်နော်။ စိတ်ညစ်တာတွေ ရှိနေပြီဆိုရင်တော့ လုပ်ရမယ့် သက်သာအောင် လုပ်ရမှာတွေ ရှိပါတယ်။ ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

ရင်ဖွင့်ဖော်

စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါ ချက်ချင်းလုပ်ရမယ့်အလုပ်ကတော့ ရင်ဖွင့်ဖော် ရှာဖို့ပါပဲ။ ကိုယ့်ရဲ့စိတ်ညစ်စရာတွေကို နားထောင်ပေးပြီး ဘယ်သူ့ကိုမှ ပြန်မပြောမယ့် သူမျိုး ဖြစ်ဖို့တော့ လိုတယ်နော်။ ကိုယ့်ရဲ့စိတ်ညစ်စရာတွေကို ရင်ဖွင့်ဖော်ဆီမှာ ရင်ဖွင့်တာက စိတ်သက်သာရာ ရစေမှာပါ။

အကန့်ခွဲပါ

အကန့်ခွဲပါဆိုတာက စိတ်ညစ်စရာရှိတယ်ဆိုတာနဲ့ပဲ လူမူရေး၊ စီးပွားရေးတွေမှာ လုံးဝ အာရုံမစိုက်တာမျိုး မလုပ်ဖို့ပါ။ တစ်ခုကြောင့် စိတ်ညစ်လို့ နောက်အလုပ်တစ်ခုကိုပါ မလုပ်ဘဲနေတယ်ဆိုရင် စိတ်ညစ်စရာက ပိုတိုးလာမှာပါ။ ဆက်ဆံရေးတွေလည်း အဆင်မပြေဖြစ်လာလေ ပိုခက်ခဲလေပါ။ ဒါကြောင့် အကန့်ခွဲထားနိုင်ဖို့ ကြိုးစားပါ။ ညစ်စရာရှိတာ ညစ်၊ လုပ်စရာရှိတာ ဆက်လုပ်ပါ။

 စိတ်ညစ်နေရင် ဒါလေးတွေ တွေးပါ

စိတ်ညစ်နေရင် ဒါလေးတွေ တွေးပါ

တစ်ယောက်တည်း မဟုတ်ဘူးလို့တွေးပါ

ကိုယ့်ရဲ့စိတ်ညစ်စရာကိုမှ စိတ်ညစ်စရာလို့ ထင်ကြတဲ့သူတွေချည်းပါပဲနော်။ တကယ်တော့ ကိုယ့်ထက်ကြီးမားတဲ့ ပြဿနာတွေ၊ စိတ်ညစ်စရာတွေ ရှိနေတဲ့သူတွေလည်း ရှိပါတယ်။ စိတ်ညစ်စရာတွေ ကြုံလာရင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ အားတင်းထားပါ။ ဒါဆိုရင် အရင်ကထက် ပိုပြီးတော့ စိတ်သက်သာရာ ရမှာပါ။

ကိုယ့်ရည်မှန်းချက်ကို သတိရပါ

စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ များနေလည်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေ မမေ့လိုက်ပါနဲ့။ ကိုယ့်ရည်မှန်းချက်တွေကို သတိရနေမှ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို အနိုင်ယူနိုင်မှာပါ။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ချရေးပါ။

စိတ်တည်ငြိမ်စေမယ့်အရာတွေ

စိတ်ညစ်စရာတွေ ရှိလာပြီဆိုရင် အလိုလို စိတ်ရှုပ်၊ စိတ်တိုတွေ ဖြစ်လာပြီလေနော်။ စိတ်တည်ငြိမ်အောင် တရားထိုင်တာတို့ ယောဂ လေ့ကျင့်တာတို့ လုပ်ပါ။ အဲဒါတွေက စိတ်ဖိစီးမှု နည်းစေဖို့ အထောက်အကူပြုမှာပါ။

ပျော်စေမယ့် အကြောင်းအရာတွေ လိုက်ရှာပါ

စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးစရာတွေ ရှိလာပြီဆိုရင် ကိုယ့်ကို ပျော်စေမယ့် အကြောင်းအရာတွေကို အရင်ဆုံး လိုက်ရှာပါ။ အပြင်ထွက်လည်တာလား၊ ကိုယ့်စိတ်ကြိုက် အစားတွေ စားပစ်လိုက်တာ၊ အဝတ်လျှော်တာ၊ အဝတ်အစားတွေ ဝယ်တာ အစရှိသလိုမျိုး ကိုယ့်ကို ပျော်စေမယ့်အရာတခုခုတော့ ရှိမှာပါ။ အဲဒါလေးတွေ လုပ်ပေးကြည့်ပါ။ စိတ်ညစ်စရာတွေ မကုန်သွားရင်တောင် တခဏတော့ မေ့သွားမှာ သေချာပါတယ်။

ချစ်တို့ရေ   ခုချိန်မှာ စီးပွားရေး လူမှုရေးအပြင် အရေးအကြောင်းပေါင်းစုံကြောင့် စိတ်ညစ်စရာတွေ ကြုံတွေ့နေရတဲ့အချိန်မလို့ ခဏလောက်ဖြစ်ဖြစ် ဒီနည်းလေးနဲ့ စိတ်ညစ်စရာတွေထဲကနေ ရုန်းထွက်ကြည့်နော်။

Tags: lifestylemindset

Comments

0 comments