Advertisement

အတူတကွ သင်ယူခြင်းက ဇနီးမောင်နှံတွေကို သူငယ်ချင်းတွေလို ရင်းနှီးမှု ပိုစေပြီး ၊ တစ်ယောက်ကို တစ်ယောက် ပိုပြီး ချစ်ခင်သွားစေဖို့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်။

 

 

အတူတကွ သင်ယူခြင်းကြောင့် အိမ်ထောင်ရေးမှာ ပိုပျော်ရမှာပါ

အိမ်ထောင်ရေးကို ပိုပြီး အဆင်ပြေစေမယ့် ပိုပြီး ပျော်စရာကောင်းစေမယ့် လျှို့ဝှက်ချက်တွေ၊ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီ နည်းလမ်းတွေထဲကမှ အတူတကွ သင်ယူခြင်း နည်းလမ်းလေးက အိမ်ထောင်ရေးကို ဘယ်လောက်တောင် အဆင်ပြေစေသလဲ ဆိုတဲ့ အကြောင်း  ပြောပြပေးချင်ပါတယ်။

လင်မယားတွေ ကြားထဲမှာ တစ်ဦးနဲ့ တစ်ဦး ပွင့်လင်း ရင်းနှီးမှုရှိဖို့  တစ်ယောက် အတွင်းသဘော တစ်ယောက် သိဖို့နဲ့ တစ်ဦးအပေါ် တစ်ဦး နားလည်မှု ရှိဖို့တို့က အိမ်ထောင်ရေးမှာ အဆင်ပြေ ချောမွေ့စေမယ့် လိုအပ်ချက်တွေပါ။ အဲ့လို လိုအပ်ချက်တွေကို ဇနီးမောင်နှံ နှစ်ဦးက အတတ်ပညာတစ်ခုခုကို အတူတကွ သင်ယူခြင်းဖြင့် ရရှိနိုင်ပါတယ်။ နှစ်ဦး စလုံး ဝါသနာပါတဲ့ ပညာရပ် တစ်ခုခု ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု ဒါမှမဟုတ် အနုပညာ တစ်ခုခုကို အတူတကွ အချိန်ပေး သင်ယူသင့်ပါတယ်။

ရင်းနှီးမှု ပိုစေပါတယ်

ကိုယ်စီ လုပ်ငန်းခွင် ဝင်နေကြတာမို့  သင်တန်းတွေအတွက် အားလပ်ချိန် မရှိဘူးဆိုရင်တောင် စနေ၊ တနင်္ဂနွေ ပိတ်ရက်လိုမျိုးမှာ အတူတကွ သင်ယူတာတွေ လုပ်သင့်ပါတယ်။ ထမင်း၊ ဟင်းချက် သင်တန်း အတူတက်တာ၊ မုန့်ဖုတ်သင်တန်း၊ ကိတ်မုန့်လုပ် သင်တန်း အတူတက်ကြတာက ဇနီးမောင်နှံတွေကြားထဲ အိမ်အလုပ်ကို တူတူ ခွဲဝေ လုပ်ဖို့အတွက် တွန်းအားပေးပါတယ်။ ယောကျာ်း အလုပ်၊ မိန်းမအလုပ် မခွဲဘဲ အိမ်အလုပ်တွေ အတူတူ ခွဲဝေလုပ်တာက တစ်ဦးအပေါ် တစ်ဦး ပိုမို ဂရုစိုက် ညှာတာတတ်စေပါတယ်။

အိမ်အလုပ်တွေ အတူတူ ခွဲဝေလုပ်တာက တစ်ဦးအပေါ် တစ်ဦး ပိုမို ဂရုစိုက် ညှာတာတတ်စေပါတယ်။

ပန်းချီဆွဲတာ၊ စန္ဒယား တီးတာတွေလို အနုပညာရပ်တွေကို အတူတကွ သင်ယူတာကလည်း တစ်ဦးရဲ့ အတွင်း သဘောကို တစ်ဦးနားလည်စေပြီး အိမ်ထောင်ရေးမှာ ညှိရ နှိုင်းရတာ ပို အဆင်ပြေစေပါတယ်။ အတူတကွ သင်ယူခြင်းက ဇနီးမောင်နှံတွေကို သူငယ်ချင်းတွေလို ရင်းနှီးမှု ပိုစေပြီး ၊ တစ်ယောက်ကို တစ်ယောက် ပိုပြီး ချစ်ခင်သွားစေဖို့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်။

Comments

0 comments